မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

 

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယမန်နေ့ညက ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဖြစ် ဘင်ဖီကာ အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ၂-၀ ဖြင့် အနိုင် ရရှိခဲ့ပါတယ် ။

ယူနိုက်တက် အတက် မာတစ် ရဲ့ ကန်ချက် ကတဆင့် ဘင်ဖီကာ ဂိုးသမားကို ထိမှန်ကာ ဂိုးစတင်ရရှိခဲ့ပြီး ၇၇ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကိုတော့ ဒေလီဘလင်း က ၀င်အောင် ကန်သွင်းယူခဲ့ပါတယ် ။

ယခုနိုင်ပွဲကြောင့် ယူနိုက်တက်တို့ အုပ်စု အတွင်းမှာ ၄ ပွဲ ကစား ၊ ၄ ပွဲ နိုင်ပြီး ၁၂ မှတ် ရရှိထားကာ လာမယ့် ၂ ပွဲ မှာ တစ်မှတ် ရရုံနဲ့ အုပ်စုပထမနေရာကနေ နောက်တစ်ဆင့် တက်လှမ်းနိုင်တော့မှာဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ နည်းပြကြီး မော်ရင်ဟို ရဲ့ လက်အောက်မှာ အိမ်ကွင်း ရှုံးပွဲ မရှိလာခဲ့တာ ၃၈ ပွဲအထိ ရှိလာ ခဲ့ပြီဖြစ်ပြီး အသင်းရဲ့ စံချိန်တင် မှတ်တမ်းဖြစ်ခဲ့ပါတယ် ။ မော်ရင်ဟို အတွက်ကတော့ အင်တာမီလန် အသင်း ကို ကိုင်တွယ်စဉ် က အိမ်ကွင်း ၃၈ ပွဲ ဆက် ရှုံးပွဲမရှိမှတ်တမ်းကို လိုက်မီနိုင်ခဲ့ပြီဖြစ်ပါတယ် ။

“အခုထိ ကျွန်တော်တို့ အုပ်စုကနေ မလွန်မြောက်သေးပါဘူး ။ ၄ ပွဲထိ အနိုင်ရပေမယ့် ခုထိမလုံလောက်သေး ပါဘူး ။ ဒါကြောင့် နောက်ထပ်တစ်မှတ် ရအောင်ကြိုးစားရပါဦးမယ် ။ ၂ ပွဲ ကစားဖို့ ကျန်ပါသေးတယ် ။ ကျွန်တော်တို့ လိုအပ်နေတာက ၁ မှတ်ပါ”

“ဒီပွဲရဲ့ ခြေစွမ်းတွေကို ကျွန်တော့ထက် စပါယ်ရှယ်လစ်တွေက သုံးသပ်တာ ပိုသင့်တော်မယ်လို့ ထင်ပါတယ် ။ ကျွန်တော် က တော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို အကောင်းဆုံးလုပ်ခဲ့တာပါပဲ ။ ကျွန်တော်တို့ လုပ်ခဲ့သမျှ ကို စပါယ်ရှယ်လစ်တွေက နေ့တိုင်းလိုလို သုံးသပ်ပေးနေကြတာပါ ။ ဒီတစ်ခါလည်း သူတို့ကိုပဲ မှတ်ချက်ပေးစေချင် ပါတယ်”

“ကျွန်တော်တို့ ကစားသမားတွေအများကြီး အပြောင်းအလဲလုပ်ခဲ့ပြီး အသင်းရဲ့ မူလဟန်ပန်ကို အသစ်ပြောင်း ပီး အသင်းသစ်တစ်သင်းပုံစံ နဲ့ ကစားခဲ့ပါတယ် ။ အကယ်ဒမီထွက် ကစားသမားတစ်ယောက်ကို ထည့်ကစား ခဲ့သလို ဂိုး ၂ ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ် ။ တစ်ဂိုးမှပြန်မပေးခဲ့ရပါဘူး ။ အမှတ်လည်း ၃ မှတ် ရခဲ့ပါတယ် ။ ၀င်ငွေလည်းပိုရခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ ပွဲ နိုင်ရင် ပိုက်ဆံ ပိုရတယ်လေဗျာ ။ ဒဏ်ရာရကစားသမား လည်းမရှိပါဘူး ။ ဂျက်ဆီ ( လင်ဂတ် ) ရဲ့ ကျောမှာ နာကျင်တာနည်းနည်းပဲ ရှိခဲ့ပါတယ် ။ ဒါပေမယ့် သိပ် အရေးမကြီးပါဘူး ။ ခြုံပြောရရင်တော့ ကျွန်တော် ပျော်ရွှင် တယ်ဆိုတာ ထက် ပိုခဲ့ပါတယ်”

“ဘင်ဖီကာ က တကယ်ကောင်းအောင် ကစားသွားခဲ့တာပါ ။ ဒီပွဲဟာ ကျွန်တော်တို့ရော ဘင်ဖီကာ အတွက် ရော ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ် ။ ကျွန်တော်တို့ ဘောလုံးကိုင် ထားနိုင်ခဲ့ပေမယ့် ပွဲက မျှခြေမှာပဲ ရှိနေခဲ့ပါ တယ် ။ ပြိုင်ဘက် က ပွဲကို ခက်ခဲအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်”
#ဟိုဆေးမော်ရင်ဟို

ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ အန်တိုနီမာရှယ် က ရရှိသွားခဲ့ပါတယ် ။

 

“လူငယ်ကစားသမားတစ်ယောက် အနေနဲ့ ကိုယ်ကြီးပြင်းလာခဲ့တဲ့ ယူနိုက်တက် နဲ့ အတူ ချန်ပီယံလိဂ်ပြိုင်ပွဲ ကြီးမှာ ၀င်ကစားဖို့ ဆိုတာ အိပ်မက်တစ်ခုပါပဲ ။ ဒီအိပ်မက် ကို ဒီညမှာ အကောင်အထည်ဖော်နိုင်ခဲ့ပါပီ”
#တော်မီနေး

ယမန်နေ့ညက ကစားခဲ့ကြတဲ့ ယူနိုက်တက် အသင်းသားတို့ရဲ့ Rating များ –

ဒီဂီယာ ။ ဒါမီယန် ၅ ။ ဘိုင်လီ ၅ ။ စမောလင်း ၆ ။ ဘလင်း ၆ ။ မာတစ် ၇ ။ မက်တော်မီနေး ၆ ။ မာတာ ၆ ။ လင်ဂတ် ၄ ။ မာရှယ် ၆ ။ လူကာကူ ၆
မစ်ခီတာရမ် ၅ ။ ဟာရဲရား ၆ ။ ရက်ဖိုဒ့် ၇ တို့ဖြစ်ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ယခုလာမယ့် ပိတ်ရက်မှာ ချဲလ်ဆီး အသင်းရဲ့ စတမ်းဖိုဒ့် ဘရစ်ကွင်းကို သွား ရောက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ် ။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *