နာမည်ကြီး စပိန်အသင်း တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး play-offs ကစားရမယ့် အီတလီ
၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ပြီး အယ်လ်ဘေးနီးယားကို အနိုင်ရခဲ့တဲ့ စပိန်အသင်း တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် ချန်ပီယံဆု(၄)ကြိမ်ရ အီတလီအသင်း ကတော့ ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရလို့ play-offs ထပ်မံ ကစားရမှာဖြစ်ပါတယ်။ အုပ်စု(G)မှာ ထိပ်ဆုံးနေရာအတွက် အပြိုင်ဖြစ်နေတဲ့ စပိန်နဲ့ အီတလီ အသင်းတို့ဟာ အယ်လ်ဘေးနီးယား၊ မက်ဆီဒိုးနီးယားတို့နဲ့ ဆုံတွေ့ခဲ့ ပြီး စပိန်အသင်းက အမှားအယွင်းမရှိ အနိုင်ယူခဲ့ပေမယ့် အီတလီအသင်း ဟာ အိမ်ကွင်းမှာ မက်ဆီဒိုးနီးယား မထင်မှတ်ဘဲ သရေကျခဲ့လို့ စပိန်နဲ့(၅)မှတ် ကွာဟသွားတာကြောင့် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ စပိန် အသင်းဟာ အယ်လ်ဘေးနီးယားကို ရိုဒရီဂို(၁၆)၊ အစ္စကို(၂၃)၊ သီယာဂို အယ်လ်ကန်တာရာ(၂၆)တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ အီတလီ-မက်ဆီဒိုးနီးယားပွဲမှာတော့ အီတလီအသင်းက မိနစ်(၄၀)မှာ ချီလီနီရဲ့ ဂိုးနဲ့