ဝမ်းချန်ပီယံရှစ် အမ်အမ်အေပြိုင်ပွဲတွင် မြန်မာလက်ဝှေ့သမားငါးဦး ဝင်ရောက်ယှဉ်ပြိုင်မည်
ဖယ်သာဝိတ်ချန်ပီယံဖိုးသော်။ ဓာတ်ပုံ – ဝမ်းချန်ပီယံရှစ် လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ဝမ်းချန်ပီယံရှစ် အမ်အမ်အေပြိုင်ပွဲကြီးတွင် မြန်မာ့ ရိုးရာလက်ဝှေ့သမားငါးဦး ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ကြမည်။ ယင်းလက်ဝှေ့သမားငါးဦးသည် အမ်အမ်အေစည်းမျဉ်းအောက်တွင် ဝင်ရောက်ထိုးသတ်ကြမည်ဖြစ်သည်။ ပါဝင်သည့် ငါးဦးအနက် လေးဦးမှာအချင်းချင်း ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး သပြေညိုတစ်ဦးသာ နိုင်ငံခြားသားပြိုင်ဘက်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ တွဲဆိုင်းများအဖြစ် ဖိုးသော်နှင့် စောဘဦး၊ စောမင်းမင်းနှင့် ရဲသွေးနီ၊ သပြေညိုနှင့် ဘဂင်္လားဒေ့ရှ် ဖိုက်တာ အက်စ်ရာဖူ အစ်စလန်တို့ ရင်ဆိုင်ထိုးသတ်ကြမည်။ ပရိသတ်စိတ်ဝင်စားမှုရရှိထားသော ပွဲစဉ်မှာ ဖိုးသော်နှင့် စောဘဦးတို့၏ ပွဲစဉ်ဖြစ်သည်။ ဖိုးသော်သည် ရိုးရာလက်ဝှေ့သမားများအနက် အအောင်မြင်ဆုံးအမ်အမ်အေဖိုက်တာ ဖြစ်သည်။ မြန်မာပြည်အမ်အမ်အေ ဖယ်သာဝိတ် ချန်ပီယံဘွဲ့ကို ရရှိထားသူလည်း ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူ စောဘဦးသည် တောင်ကလေးကလပ်မှ ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်ပြီး အမ်အမ်အေ