မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပလိဂ် ဘောလုံးပွဲစဉ်များ
  ■ PSG နှင့် နိုက်စ်(၂၈-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ) ယူရိုပါလိဂ်ပြိုင်ပွဲတစ်ဖက်နဲ့ နိုက်စ်ဟာ အရင်လိုအား ကောင်းမောင်းသန်မရှိတော့ဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက PSG ကိုနှစ်ကျော့စလုံး မရှုံးအောင်ကစားနိုင်ခဲ့ပေမယ့် ဒီရာသီနိုက်စ်ဟာ PSG ဆီက တစ်မှတ်လုယူနိုင်ဖို့တောင် မလွယ်ကူပါဘူး။ နေမာမပါပေမယ့် PSG တိုက်စစ်မှာအစားထိုးစရာအရံသင့်ကစားသမားတွေရှိနေလို့ အနိုင်သေချာပါတယ်။ ■ မိန့်ဇ် နှင့် ဖရန့်ဖတ် (၂၈-၁၀-၂၀၁၇ နံနက် ၁း၀၀ နာရီ) ဖရန့်ဖတ်အသင်းက ဒီရာသီအဝေးကွင်း(၅)ပွဲမှာ ရှုံးပွဲ (၁)ပွဲသာရှိပြီး (၃)ပွဲနိုင်၊ (၁)ပွဲသရေကစားခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်း ခြေစွမ်းပြန်ကောင်းလာတဲ့ မိန့်ဇ်အနိမ့်ဆုံးသရေကစားမယ်။ ■ လိဒ်စ် နှင့် ရှက်ဖီးယူနိုက်တက် (၂၈-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ) လိဒ်စ် နိုင်ပွဲပြန်ရှာတွေ့ခဲ့ပေမယ့် ရှက်ဖီးယူနိုက်တက်က ပိုပြီးခြေမှန်နေတဲ့အသင်းဖြစ်နေတယ်။
အရင်းနှီးဆုံးသူငယ်​ချင်းယာဂန်​က​လော့ရဲ့လီ​ဗာပူးနဲ့ရင်​ဆိုင်​ရမယ့်​ပွဲအတွက်​စိတ်​လှုပ်​ရှား​​ပျော်ရွှင်​နေတဲ့ဟယ်​ဒါဖီးနည်းပြဝက်ဂ်​နာ
` ဟယ်​ဒါဖီးနည်းပြ​ဒေးဗစ်​ဝက်​ဂ်​နာက “ဒါဟာသာမာန်​ထက်​အလွန်​ထူးခြားတဲ့ပွဲစဉ်​ပါ။ ဘာလို့လဲဆို​တော့ယာဂန်​က​လော့ဟာကျွန်​​တော့်​ရဲ့အ​ကောင်းဆုံးသူငယ်​ချင်းမို့်​လို့ပါ။ ဒါ​ပေမယ့်​ဒီထက်​ပိုမိုထူးကဲလှတဲ့ပုံပြင်တစ်ခု​​က​တော့ကျွန်​​တော်​တို့ဟာလီ​ဗာပူးလိုအသင်းကြီးနဲ့ပရီးမီးယားလိဂ်​မှာကစားရ​တော့မယ့်အရာပါ။   ကျွန်​​တော့်​ရဲ့​ကောင်းမွန်တဲ့​​အချက်​အလက်​ရှာ​ဖွေ​ရေးအသင်းကကျွန်​​တော့်​ဆီကိုလာပါတယ်​။ `ရပါတယ်​။ ​မ​ပြောပါနဲ့။ ကျွန်​​တော်​သိပြီးသား။´ လို့ပဲပြန်​​ပြောလိုက်​ပါတယ်​။ သူတို့နဲ့ပွဲအတွက်​ပြင်​ဆင်​မှုလုပ်​တာဟာလွယ်​ကူပါတယ်​။ ကျွန်​​တော့်​အ​နေနဲ့အချက်​အလက်​ရှာ​ဖွေ​ရေးအတွက်​အခ်ျ​န်​အများကြီး​ပေးစရာမလိုပါဘူး။ လီ​ဗာပူးနဲ့က​လော့ဘယ်​လိုပြင်​ဆင်​မလဲဆိုတာကို ကျွန်​​တော်​သိသင့်​သ​လောက်​သိထားပြီးသားပါ။” လို့​ပြောသွားပါတယ်။ က​လော့နဲ့ဝက်​ဂ်​နာတို့ဟာလွန်​ခဲ့တဲ့၁၉၉၁ခုနှစ်​ ဂျာမန်​ဒုတိယတန်းကလပ်​မိန့်​ဇ်​မှာအသင်း​ဖော်​​တွေဖြစ်​ခဲ့ပြီးယ​နေ့ထိအလွန်​ရင်းနှီးတဲ့ဆက်​ဆံ​ရေးရှိ​နေတဲ့ဂျာမန်​သား​တွေဖြစ်​ပါတယ်​။ Source : Sports Myanmar
ပြီးခဲ့သည့်တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ဖီဖာကမ္ဘာ့အကောင်းဆုံးဆုပေးပွဲတွင် The Best ဆုကို (၂)နှစ်ဆက်တိုက် ရယူနိုင်ခဲ့သည့် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ကမ္ဘာ့အကောင်းဆုံး The Best ဆုကို (၇)ခုအထိ ရယူသွားလိုသည်ဟု ပြောကြားခဲ့သည်။ စီရော်နယ်လ်ဒိုသည် ကစားသမားဘ၀တစ်လျှောက် တစ်ဦးချင်းထူးချွန်ဆုများစွာ ရရှိထားသူဖြစ်ပြီး ဖီဖာနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့ ပူးပေါင်းချီးမြှင့်သည့် FIFA Ballon d’Or ဆုကိုလည်း ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရယူနိုင်ခဲ့သည်။ ထို့ပြင် ၂၀၀၈ ခုနှစ်တွင်လည်း FIFA World Player of the Year ဆုကို ရရှိခဲ့သည့်အတွက် ဖီဖာမှ ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၅)ကြိမ်ရရှိထားပြီးဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် စီရော်နယ်လ်ဒိုက အနာဂတ်အောင်ပွဲများကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရှိရသည်။ ဖီဖာဝက်ဘ်ဆိုက်နှင့်ပြုလုပ်ခဲ့သော
ရန်ကုန်အသင်းကိုအနိုင်ယူကာ  ရှမ်းယူနိုက်တက်  ဗိုလ်ချုပ်အောင်ဆန်းဒိုင်း  ပထမဆုံးဆွတ်ခူး နေရှင်နယ်လိဂ်ချန်ပီယံဖြစ်ရန်လည်း  ဆက်လက်ကြိုးစားမည်ဟု  ရှမ်းအသင်းနည်းပြ  ကြုံးဝါး
၂ဝ၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲ ကို အောက်တိုဘာ၂၅ ရက် ညနေ ၃ နာရီ က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်က နှစ်ဂိုး တစ်ဂိုးဖြင့် ရန်ကုန် ယူနိုက်တက်ကို အနိုင်ယူပြီး ဒိုင်းဆုကြီးကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ အားနည်းမှုများရှိ ရှမ်းယူနိုက်တက်မှာ တိုက်စစ်၌ ဒွေးကိုကို ချစ်နှင့် ခရစ္စတိုဖာတို့ကို တွဲဖက်ကစားစေပြီး အဓိက ကစားသမားအစုံအလင်ဖြင့် ရန်ကုန် အသင်းအား ရင်ဆိုင်ခဲ့သည်။ ရန်ကုန်ယူနိုက် တက် ပွဲထွက်စာရင်း၌ အဓိကနောက်ခံလူ ဇော်မင်းထွန်း မပါဝင်သည်မှလွဲ၍ လူစုံပါဝင် ခဲ့သည်။ ရှမ်းယူနိုက်တက်အတွက် ဦးဆောင် ဂိုးကို ပွဲချိန် ၄၅ မိနစ်တွင် ခရစ္စတိုဖာ ခေါင်းတိုက်ရာမှ ပြန်ကျလာသည်ကို မက်စီမန် က ပိတ်သွင်းယူခဲ့သည်။ ဒုတိယပိုင်း၌ ရှမ်းယူ
ပေါင် ၃၀၄ သန်းတန် စာချုပ်ချုပ်ဆိုပြီး ကွင်းကို အမည်ပြောင်းလဲဖို့ ဘာစီလိုနာ အသင်း စီစဉ်နေ
      တစ်ချိန်က ဥရောပမှာ နာမည်ကျော်ကြားပြီး သမိုင်းကြောင်းများစွာ ရှိခဲ့တဲ့ နူးကမ့် ဆိုတဲ့ အမည်ဟာ လာမယ့် ရာသီကစတင်ပြီးအမည်သစ် နဲ့ မြင်တွေ့ရဖို့ ရှိနေပါပီ ။ ဘာစီလိုနာ အသင်းတာဝန်ရှိသူတွေဟာ စပိန်အခြေစိုက် စတော့ရှယ်ယာ ကုမ္ပဏီ Grifols နဲ့ တွေ့ဆုံခဲ့ပြီး နူးကမ့်ကွင်းအမည် ကို “Nou Camp Grifols” အဖြစ် နှစ် ၃၀ ပြောင်းလဲမှည့်ခေါ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ကတ်တလန်ညာ ရေဒီယိုသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ် ။ ဘာစီလိုနာ အသင်းဟာ အဆိုပါစာချုပ်ကနေ စံချိန်တင်ကြေးအဖြစ် ယူရို သန်း ၃၄၀ ( ပေါင် ၃၀၄ သန်း ) ရရှိမှာ ဖြစ်ပြီး ကွင်းကို အသစ်မွမ်းမံပြုပြင်ခြင်းတွေနဲ့
မန်ချက်စတာယူနိုက်တက် သတင်းတိုများ
Source : Sports Myanmar   မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တော့တင်ဟမ်ဟော့စပါး အသင်းနဲ့ ကစားမယ့် ပွဲအတွက် နောက်တန်း ကစားသမားတွေ ပြန်လည်ပါဝင်လာနိုင်ပြီး ကွင်းလယ်မှာတော့ အခက်အခဲ ရှိနေတယ်လို့ ကြားသိရပါတယ် ။ ယူနိုက်တက် နောက်ခံလူ ဂျုံးစ် နဲ့ ဘိုင်လီ တို့ဟာ စပါးအသင်းနဲ့ ပွဲမှာ ပြန်လည် ပါဝင်ဖို့ ရှိနေပြီး ကာရစ် ၊ ပေါ့ဘာ ၊ ဖယ်လေနီ တို့အပြင် အန်ဒါဟာရဲရား ဟာလည်း စပါးနဲ့ ပွဲအတွက် ပြောလို့ မရတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ် ။ ဒါ့အပြင် ယူနိုက်တက် တိုက်စစ်မှုးလေး ရက်ဖိုဒ့် ဟာလည်း ဆွမ်းဆိ ကို အနိုင်
လွန်ခဲ့တဲ့၆၆နှစ်အတွင်စီးရီးအေမှာအကောင်းဆုံးသွင်းဂိုးမှတ်တမ်းရရှိခဲ့တဲ့ဂျုဗင်တပ်အသင်း
ဂျူဗင်တပ်အသင်းဟာဒီရာသီစီးရီးအေ၁၀ပွဲကစားထားပြီးချိန်မှာ သွင်းဂိုး၃၁ဂိုးရရှိထားခဲ့ပြီးဒါဟာပြီးခဲ့တဲ့၆၆နှစ်အတွင်းမှာအကောင်းဆုံးဂိုးသွင်းစံချိန်တစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။   စီးရီးအေချန်ပီယံဟာမနေ့ညကတူရင်မှာ SPAL 2013 ကိုဘာနာဒက်ချီ ဒိုင်ဘာလာ ဟီဂွာအင် ကွာဒရာဒိုတို့ရဲ့ဂိုးတွေနဲ့ ၄ဂိုး၁ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ကာ ၁၀ပွဲကစားထားပြီးချိန်မှာသွင်းဂိုးမှတ်တမ်းကောင်းရရှိနေတဲ့နာပိုလီ (၂၉ဂိုး) ထက် ပိုမိုကောင်းမွန်တဲ့မှတ်တမ်းကိုရရှိနေကာ ၃၁ဂိုးထိသွင်းယူထားပါတယ်။ အဆိုပါသွင်းဂိုးမှတ်တမ်းဟာလွန်ခဲ့တဲ့ ၁၉၅၁-၅၂ နောက်ပိုင်းအကောင်းဆုံးသွင်းဂိုးမှတ်တမ်းပဲဖြစ်ပြီး အဆိုပါရာသီမှာဂျူဗင်တပ်အသင်းဟာ ၁၀ပွဲကစားထားပြီးချိန်မှာ သွင်းဂိုး၃၁ဂိုးရရှိခဲ့ကာ တစ်ပွဲနိုင် ၂မှတ်ပေးတဲ့စနစ်မှာ ရာသီကုန်မှာပြိုင်ဘက်ကို၇မှတ်ဖြတ်ထားနိုင်ခဲ့ပြီး သွင်းဂိုး စုစုပေါင်း ၉၈ဂိုးရရှိခဲ့ပါတယ်။ Source :  Sport Myanmar
ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်း၏ ရုပ်သံဝင်ငွေခွဲတမ်းပိုရရန်ကြိုးပမ်းမှု မအောင်မြင်
ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပြည်ပရုပ်သံထုတ်လွှင့်ခွင့် ၀င်ငွေခွဲတမ်း ပိုမိုရရှိရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရဘဲ ပျက်ပြယ်သွားပြီဖြစ်ကြောင်း သိရသည်။ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်ယူ၊ မန်စီးတီး၊ စပါး စသည့် ထိပ်သီးခြောက်သင်းသည် အသစ်ထပ်မံချုပ်ဆိုမည့် နိုင်ငံတကာရုပ်သံထုတ်လွှင့်ခွင့် စာချုပ်၌ ၃၅ ရာခိုင်နှုန်းအား အမှတ်ပေးဇယား ရပ်တည်မှုအလိုက် ခွဲဝေပေးအပ်ရန်နှင့် ကျန် ၆၅ ရာခိုင်နှုန်းကိုသာ အညီအမျှ ခွဲဝေပေးရန် တောင်းဆိုလျက်ရှိသည်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် လက်ရှိတွင် နိုင်ငံတကာ ရုပ်သံဝင်ငွေခွဲတမ်းကို ကလပ်အသင်း ၂၀ အား အညီအမျှ ခွဲဝေပေးအပ်လျက်ရှိရာ ထိပ်သီးခြောက်သင်းက ယင်းကဲ့သို့တောင်းဆိုသောကြောင့် ယခုလဆန်းပိုင်းကပြုလုပ်သည့် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။ သို့သော် အပြီးသတ်သဘောတူညီမှုမရသဖြင့် နောက်တစ်ကြိမ်တွင် ထပ်မံဆွေးနွေးရန် ဆုံးဖြတ်ထားသော်လည်း အသင်းအများစုက အပြောင်းအလဲပြုလုပ်ရန် ဆန္ဒမရှိသဖြင့် ထပ်မံဆွေးနွေးမည်မဟုတ်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က
လာမယ်​လာဟာ​တော့တင်​ဟမ်​အတွက်​ပြန်​ကစားနိုင်​ဖို့အသင့်​မဖြစ်​​သေးပါဘူး – ပိုချက်​တီနို
  အဲရစ် လာမယ် လာဟာယ နေ့ညကဝက် စ် ဟမ်းအသင်းနဲ့ EFL ဖလားပြိုင် ပွဲမှာပါဝင် ကစားနိုင် အုံးမှာမဟုတ် သေးဘူးလို့ တော့တင် ဟမ် နည်းပြ မော် ရီစီယိုပိုချက် တီနိုကအတည် ပြုလိုက် ပါတယ် ။ လာမယ် လာဟာပြီးခဲ့တဲ့နှစ် အောက် တိုဘာကလီ ဗာပူးကို၂ဂိုး၁ဂိုးနဲ့ရှုံးနိမ့် ခဲ့တဲ့ဒီပြိုင် ပွဲမှာတင် ပါးဒဏ် ရာရရှိခဲ့ပြီးကာလရှည် နား နေရသူဖြစ် ပါတယ် ။ လာမယ် လာဟာ မကြာ သေးမီကလေ့ကျင့် ခန်းပြန် ဆင်း နေပြီဖြစ် တာ ကြောင့် လီ ဗာပူးနဲ့ပွဲမှာပါဝင် နိုင် ဖို့ မျှော်
  ရီးရဲယ်​မက်​ဒရစ်ကွင်းလယ်​လူလူကာ​မိုဒရစ်​ကစပါးအသင်းအ​နေနဲ့နည်းပြ​မော်​ရီစီယိုပိုချက်​တီနိုရဲ့လက်​​အောက်​မှာပရီးမီးယားလိဂ်​ဖလားမရနိုင်​စရာအ​ကြောင်းမရှိဘူးလို့​ပြောသွားပါတယ်​။ မိုဒရစ်​က “သူတို့ပရီးမီးယားလိဂ်​ဖလားကိုဆွတ်​ခူးနိုင်​မယ်​လို့ကျွန်​​တော်​ထင်​ပါတယ်​။ သူတို့ဒီပုံစံအတိုင်းသာ​​ရှေ့ဆက်​မယ်​ဆိုရင်​မဖြစ်​နိုင်​စရာအ​ကြောင်းမရှိပါဘူး။         ပရီးမီးယားလိဂ်​ဟာ​တောင့်​တင်းတဲ့ပြိုင်​ပွဲဖြစ်​ပြီးအသင်း​ကောင်း​တွေအများကြီးရှိ​နေပါတယ်​။ ကြီးကြယ်​တဲ့အသင်း​တွေအများကြီးပါ။ ဒီဖလားကိုရဖို့ဆိုတာမလွယ်​ကူပါဘူး။               ဒါ​ပေမယ့်​စပါးဟာအ​ကောင်းဆုံးပုံစံကိုရရှိ​နေပြီးသူတို့အတွက်အ​ကောင်းဆုံးဖြစ်ဖို့​​​​ကျွန်​​တော်​ဆန္ဒပြုပါတယ်​။ သူတို့ပရီးမီးယားလိဂ်​ဖလားဆွတ်​ခူးတာကျွန်​​တော်​မြင်​ချင်​ပါတယ်​။” လို့​ပြောသွားပါတယ်။ Source : Sports Myanmar