မစ်ဒယ်ဝိတ်တန်းချန်ပီယံရွှေခါးပတ်လုပွဲ ပါဝင်မည် WLC-3:Legendary Champions ပြိုင်ပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာ့လက်ဝှေ့ကျော် တူးတူးနှင့် သြစတေးလျနိုင်ငံသားဘာဒါဒိုတို့၏ ချန်ပီယံလုပွဲပါဝင်သောWLC-3:Legendary Champions ပြိုင်ပွဲကိုလာမည့် နိုဝင်ဘာလ(၄)ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း၌ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးအဆိုပါပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အောက်တိုဘာ(28)ရက်နေ့တွင် Juctiom Mawtin၌ ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို တူးတူး၊ဘာဒါဒို၊စောငမန်း၊ဖာရယ်၊ဖိုးလပြည့်တို့တက်ရောက်ခဲ့ပြီးမီဒီယာများနှင့်တွေ့ဆုံကာသရုပ်ပြကစားမှုများပြုလုပ်ခဲ့သည်။ မြန်မာ့ လက်ခမောင်းကုမ္ပဏီ၏ (၃)ကြိမ်မြောက် ကျင်းပသော WLC-3ပြိုင်ပွဲတွင် စောငမန်း၊စိုးလင်းဦး၊သွေးသစ်ဝင်းလှိုင်၊ဘာဒါတို၊အူမား၊ဖာရယ်တို့အပါအဝင် နာမည်ကြီးကစားသမားအများ၏ တွဲဆိုင်းများလည်း ပါဝင် လာခဲ့ပြီး တွဲဆိုင်းစုစုပေါင်း(၈)ဆိုင်း ပါဝင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။WLC-3၏ Main-fight(ခေါင်ပွဲ) အဖြစ်တူးတူး (မြန်မာ) နှင့် ဘာဒါတို (သြစတြေးလျ)တို့ယှဉ်ပြိုင်မည်ဖြစ်ပြီး Co – Main Event (ဒု-ခေါင်ပွဲ)အဖြစ် အက်ဒီဖာရယ်(သြစတြေးလျ)နှင့်ဝါရင့်လက်ဝှေ့ကျော် စောငမန်းတို့ထိုးသတ်ကြမည်ဖြစ်သည်။ တူးတူးနှင့် မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်လုရမည့် ဘာဒါတိုမှာ WBC ချန်ပီယံဆု၂ကြိမ်၊IKBF ကမ္ဘ့ချန်ပီယံဆု တစ်ကြိမ်၊WKBF ကမ္ဘာ့ချန်ပီယံဆုတစ်ကြိမ်၊CMT ချန်ပီယံဆု ၄ကြိမ်ရရှိထားသူဖြစ်ပြီး နိုင်ငံတကာတွင် နာမည်ကြီးတိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သည်။ထို့အပြင်WLC-3ပြိုင်ပွဲကို

အင်တာကွန်တီနင်တယ် ဖလားချန်ပီယံများကို ကမ္ဘာ့ကလပ်ချန်ပီယံတွေအဖြစ် ဖီဖာက အသိအမှတ်ပြုလိုက်ပြီဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်လာခဲ့

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဟာ ၁၉၆၀ ခုနှစ်ကနေ ၂၀၀၄ ခုနှစ် အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာကွန်တီနင်တယ်ဖလား ချန်ပီယံတွေကို ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံတွေအဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်တာကြောင့် ၁၉၉၉ ခုနှစ် ကွန်တီနင်တယ်ဖလားချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းအနေဖြင့် ကမ္ဘာ့ကလပ် ချန်ပီယံ အရေအတွက် တစ်ကြိမ် ထပ်တိုးသွားခဲ့ပြီဖြစ်ပါတယ် ။ အင်တာကွန်တီနင်တယ် ဖလား ဟာ ဥရောပ တိုက် ရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ( ဥရောပဖလား ) ချန်ပီယံ နဲ့ တောင် အမေရိက တိုက်ရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ကိုပါ လေဘာဒီတိုးစ် ချန်ပီယံ တို့ ဗိုလ်လုခဲ့ကြ တဲ့ ပြိုင်ပွဲဖြစ်ပါတယ် ။ ဒါပေမယ့် အဆိုပါပြိုင်ပွဲနဲ့ ပတ်သက်ပြီး

နစ်ကလာနီကို ပွဲချိန်အတွင်းမှာပဲ အလဲထိုး အနိုင်ယူသွားမယ်လို့ ပြောဆိုလိုက်တဲ့ 

မြန်မာ့စပါးကြီးမြွေလို့ နာမည်းကြီး အသက် 32 နှစ်အရွယ် One Middleweight World Champion အောင်လအန်ဆိုင်းဟာ နိုဝင်ဘာလ 3 ရက်နေ့ ညနေမှာတော့ ကမ္ဘာ့ ဟဲဗီးဝိတ် မွေထိုင်းချန်ပီယံ 4 ကြိမ်ဖြစ်ဘူးတဲ့ နစ်ကလာနီနဲ့ ထိုးသတ်သွားတော့မှာပဲဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာတော့ အောင်လအန်ဆန်းက ” နစ်ဂလာနီနဲ့ပွဲက နဲနဲတော့ ထူးခြားနေမှာပါ။ ဒီလောက် ၀ိတ်တန်းကွာတဲ့ပွဲမျိုး Martial Art ပြိုင်ပွဲတွေမှာ တွေ့ရခဲပါတယ်။ ဒါကြောင့်မို့ ဒီပွဲစဉ်ဟာ စိတ်လှုပ်ရှားစရာကောင်းသလို၊ ပရိသတ်တွေကလဲ စိတ်ဝင်တစားကြည့်ရှုနေကြမှာ သေချာပါတယ်။ ကျနော့်အတွက်ကတော့ ၀ိတ်တန်းမတူတဲ့အတွက် ပွဲအစပိုင်း 5 မီးနစ်လောက်မှာ ငရဲရောက်နေသလို ခံစားနေရမှာ သေချာပါတယ်၊ ပြီးရင်တော့ သူက တဖြေးဖြေးနဲ့ သက်လုံကျလာတော့မှာပါ။ အဲဒီအချိန်ကစပြီး ကျနော် အနိုင်ယူဖို့ စတင်ပြင်ဆင်ရတော့မှာပါပဲ။

ဒီဂျန်​လို​ဗန်​​ကောင်းမွန်​တဲ့ပုံစံနဲ့ပြန်​လည်​တုန့်​ပြန်​လိမ့်​မယ်​လို့​ပြောလိုက်​တဲ့ယာဂန်​က​လော့

ယာဂန်​က​လော့က “ဒါဟာဒီဂျန်​လို​ဗန်​ရဲ့ဘဝမှာအ​ကောင်းဆုံးရက်​သတ္တပတ်​တစ်​ခုမဟုတ်​ခဲ့တာအမှန်​ပါပဲ။ ဒါ​ပေမယ့်​​နောက်​ဆုံးမှာ​တော့ဒါဟာ​ဘောလုံးပါပဲ။ ​ဘောလုံးပွဲတစ်​ပွဲမှာအမှားလုပ်​ပြီးတဲ့အခါမှာလူ​တွေဟာ​ကောင်းမွန်​တဲ့လူတစ်​ဦးဖြစ်​မသွားသလိုဆိုးတဲ့လူလည်းမဖြစ်​နိုင်​ပါဘူး။ ဒီဂျန်​လို​ဗန်နဲ့ပက်​သက်​ပြီး​ပြောရရင်​ကျွန်​​တော့်​မှာမ​ကောင်းတဲ့အရာ​တွေထက်​ ​ကောင်းမွန်​တဲ့အရာ​တွေကပိုများပါတယ်​။ ဒါဟာလွယ်​ကူပါတယ်​။ သူဟာလီ​ဗာပူးကစားသမားတစ်​ဦးပါ။ ဒါဟာကျွန်​​တော်​သူ့ကိုမိသားစုဝင်တစ်ဦးလို​​ဆက်​ဆံတဲ့ပုံစံပါပဲ။” လို့​ပြောသွားပါတယ်။ Source : Sports Myanmar

ပရီးမီးယားလိဂ်​ဖလားပြိုင်​ဘက်​​တွေနဲ့​တွေ့ဆုံတိုင်းဟို​ဆေး​မော်​ရင်​ညိုရဲ့မန်​ယူအသင်းလီ​ဗာပူးနဲ့ပွဲကလိုကစားသွားမယ်​လို့မထင်​​ကြောင်း​ပြောလိုက်​တဲ့ပိုချက်​တီနို

တော့တင်​ဟမ်​နည်းပြ​မော်​ရီစီယိုပိုချက်​တီနိုက “အမှန်​ပါပဲ။ သူတို့ဟာဒီပွဲကိုအနိုင်​ရဖို့အတွက်​ပဲကစားလာမှာပါ။ ကျွန်​​တော်​တို့အတွက်​လည်းတူတူပါပဲ။ ဘယ်​မန်​​နေဂျာမဆိုဂိုးမရှိ​သ​ရေရလဒ်​အတွက်​ပဲကစားတယ်​ဆိုတာကျွန်​​တော်​မယုံကြည်​ပါဘူး။ ကျွန်​​တော့်​အမြင်​က​တော့မန်​​နေဂျာတိုင်းဟာပွဲတစ်​ပွဲကိုအနိုင်​ရ​အောင်​လုပ်​​ဆောင်​ဖို့အတွက်​ပဲအစီအစဉ်​​ရေးဆွဲကြတာပါ။ ကျွန်​​တော့်​ရဲ့ကစားသမား​ဘဝမှာလည်း မန်​​နေဂျာတစ်​​ယောက်​က `ငါတို့ဒီပွဲကိုဂိုးမရှိ​သ​ရေရလဒ်​နဲ့ပြီးဆုံး​အောင်​ကြိုးစားကစားမယ်​´ အဲလို​ပြောတာတစ်​ခါမှမကြားဖူးပါဘူး။” လို့​ပြောသွားပါတယ်။

နိုင်​ငံတကာပွဲစဉ်​​တွေအပြီးမှာလယ်​လာနာနဲ့မာ​နေးတို့ပြန်​ကစားနိုင်​ပါလိမ့်​မယ်​ – ယာဂန်​က​လော့

ယာဂန်​က​လော့က “သူတို့ရဲ့အ​ခြေအ​နေ​တွေအရမ်း​ကောင်းပါတယ်​။ ဒါ​ပေမယ့်​မနက်​ဖြန်​အတွက်​ ​ရွေးချယ်​စရာမဟုတ်​သလို ​ဗုဒ္ဓဟူး​နေ့ လာမည့်​ဝက်​စ်​ဟမ်းနဲ့ပွဲအတွက်​လည်းမဟုတ်​​သေးပါဘူး။ နိုင်​ငံတကာပွဲစဉ်​​တွေပြီးရင်​​တော့ကျွန်​​တော့်​အမြင်​လယ်​လာနာနဲ့မာ​နေးတို့ပြန်​ကစားနိုင်​မှာပါ။ ​ဒါကပိုနီးစပ်​ပါတယ်​။ ​မျှော်​လင့်​ထားတာက​တော့သူတို့နိုင်​ငံတကာပွဲကာလအတွင်းမှာ​လေ့ကျင့်​ခန်းဆင်းနိုင်​မယ်​လို့​မျှော်​လင့်​ထားပြီးအသင်းရဲ့ပုံမှန်​​လေ့ကျင့်​မှုအစီအစဉ်​မှာပါဝင်​နိုင်​မယ်​ထင်​ပါတယ်​။ လယ်​လာနာဟာဒီိတစ်​ပတ်​အ​ပေါ့စား​လေ့ကျင့်​​ရေးအစီအစဉ်​​တွေပထမဦးဆုံးလုပ်​​နေပါပြီ။ သူဘယ်​​လောက်​​ပျော်​​နေသလဲဆိုတာသူ့မျက်​နှာကပြသ​နေပါတယ်​။ သူတို့နည်းပြအဖွဲ့ဝင်​​​တွေနဲ့အတူနည်းစနစ်​ပိုင်းဆိုင်​ရာလုပ်​​ဆောင်​မှု​​တွေပြုလုပ်​​နေတာကိုကျွန်​​တော်​မြင်​ခဲ့ရပါတယ်​။ ကြည့်​ရတာ​ကောင်းပါတယ်​။ ဒါ​ပေမယ့်​သူတို့မကြာမီကြံ့ခိုင်​မှု၁၀၀ရာခိုင်​နှုန်းပြန်​လည်​ရရှိ​တော့မှာဖြစ်​ပြီးဒီအချိန်​​မှာ​တော့မဟုတ်​​သေးပါဘူး။” လို့​ပြောသွားပါတယ်။ Source : Sports Myanmar

ဂီ​ရော့ကိုမ​ခေါ်ယူနိုင်​ခဲ့တာဟာအဲ​ဗာတန်​နည်းပြရာထူးကိုစွန့်​လွှတ်​ခဲ့ရတဲ့အဓိဖြစ်​သွားတယ်​လို့​ပြောလိုက်​တဲ့​ရော်​နယ်​ကိုးမန်း

အဲ​ဗာတန်​နည်းပြ​ဟောင်း​ရော်​နယ်​ကိုးမန်းကပြီးခဲ့တဲ့​နွေရာသီကမန်​ယူကိုထွက်​ခွာသွားခဲ့တဲ့လူကာကူရဲ့​နေရာမှာအာဆင်​နယ်​တိုက်​စစ်​မှုးအိုလီ​ဗာဂီ​ရော့ကိုမ​ခေါ်ယူနိုင်​ခဲ့တာဟာ၎င်းနည်းပြရာထူးမှထုတ်​ပယ်​ခံခဲ့ရတဲ့အဓိကအ​ကြောင်းရင်းလို့​ပြောလိုက်​ပါတယ်​။ ​ရော်​နယ်​ကိုးမန်းက “ဂီ​ရော့အဲ​ဗာတန်​ကို​ရောက်​ဖို့အလွန်​ကိုနီးစပ်​ခဲ့ပါတယ်​။ သူဟာကျွန်​​တော့်​ရဲ့နည်းစနစ်​နဲ့​ကောအသင်းနဲ့မှာလုံးဝအံဝင်​မယ့်​သူပါ။ ဒါ​ပေမယ့်​​နောက်​ဆုံးအချိန်​​ရောက်​မှသူလန်​ဒန်​မှာအာဆင်​နယ်​မှာသာဆက်​ရှိဖို့ဆုံးဖြတ်​ခဲ့ပါတယ်​။ ဒါဟာခံစားရခက်​ခဲပါတယ်​။ ပိုမို​ကောင်းမွန်​တဲ့တိုက်​စစ်​မှုး​ဘယ်​ကရနိုင်​မလဲလို့ခင်​​ဗျားတို့​မေးနိုင်​ပါတယ်​။ လူကာကူဟာကျွန်​​တော်​တို့အတွက်​အ​ရေးကြီးလှပါတယ်​။ ဒါဟာသွင်းဂိုး​တွေနဲ့ပဲမဟုတ်​ပါဘူး။ သူရဲ့တိုက်​စစ်​မှုးတစ်ဦးအ​နေနဲ့ပြီးပြည့်​စုံတဲ့ကစားပုံ​ကြောင့်​ပါ။ အသင်းကစားပုံမ​ကောင်းချိန်​မှာဆိုရင်​သူ့ဆီကိုအမြင့်​​ဘော​တွေတိုက်​ရိုက်​​ပေးပို့ပြီးကစားခိုင်းလို့ရပါတယ်​။ ရုတ်​တရက်​​ပြောင်းသွားခဲ့တဲ့ဂီ​ရော့ရဲ့ဆုံးဖြတ်​ချက်​​ကြောင့်​ကျွန်​​တော်​တို့ဒီလိုကစားသမားမျိုးကိုလက်​လွှတ်​ခဲ့ရပါတယ်​။ ရွန်းနီနဲ့​​ဗလာဆစ်​တို့ဟာ​ဘောလုံးကို​ခြေ​ထောက်​ထဲမှာထားကစားကြသူ​တွေပါ။ ​နောက်​တန်းက​နေစတင်​တဲ့အသင်းလိုက်​ကစားပုံပျက်​ယွင်းတဲ့အခါကျွန်​​တော်​တို့အ​နေနဲ့အမြင့်​​ဘောကစားဖို့​ရွေးချယ်​စရာမရှိပါဘူး။ ဒါဟာပြသနာဆိုတာ​ကောင်း​ကောင်းသိ​ပါတယ်​။” လို့​ပြောသွားပါတယ်။

ကြိုဆိုရမယ့် ပြည်နယ်နှင့် တိုင်းပြိုင်ပွဲ

မြန်မာ့ဘောလုံးအားကစားနည်းနဲ့ပတ်သက်လို့ စာရေး သူ သုံးသပ်မိသလောက်ရေးရရင် မြန်မာအဆင့်နဲ့ ကမ္ဘာ ကိုလှမ်းဖို့ဆိုတာ အဝေးကြီးမှာပါ။ မြန်မာနဲ့ အနီးကပ်ရှိနေတဲ့ ဒေသတွင်းပြိုင်ပွဲဖြစ်တဲ့ ဆီးဂိမ်းနဲ့အာဆီယံပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ဖို့ပဲ လိုအပ်တာပါ။ အခုတော့ အလှမ်းကျယ်လို့ အလယ်လပ်ပြီး ဟိုဟာမအောင်မြင်၊ ဒီဟာမအောင်မြင်နဲ့ ဖြစ်ရတာပါ။ အောင်မြင်မှုလိုချင်ရင် အခြေခံကစရတာပါ။ အခြေခံ  မှာအားနည်းမှုတွေရှိနေရင်တော့ အဆင့်မြင့်ဖို့၊ အောင်မြင်မှု  ရရှိဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် အခြေခံ ဆိုတာကို မေ့ထားလုိ့မရပါဘူး။ ရိုးရိုးလေးတွေးကြည့်တာတောင် ပြေးကြည့်တာထက် မှန်တဲ့အဖြစ်ပါပဲ။ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတုန်းက အဖြစ်ဆိုးပါ။ ဘောလုံးအားကစားနည်းနဲ့ပတ်သက်လို့ပြောရရင် အိမ်ရှင်အဖြစ် လက်ခံပြီး ကိုယ့်ကွင်းကိုယ့်ပရိသတ်ရှေ့မှာ မြန်မာအသင်းအုပ်စုက ထွက်ရလိမ့်မယ်လို့ ထင်မထားခဲ့ ပါဘူး။ အိမ်ရှင်အခွင့်အရေးရှိတယ်၊ လေ့ကျင့်မှုလုံလောက် တယ်။ အဲဒါတွေရှိပေမယ့် အဆင့်ဆင့်ဖြတ်သန်းလာမှု အတွေ့အကြုံတွေက

တစ်​ပွဲပယ်​ပြစ်​ဒဏ်​ကျခံခဲ့ရတဲ့ပီအက်​ဂျီတိုက်​စစ်​မှုး​နေမာ

ပြီးခဲ့တဲ့မာ​ဆေးအသင်းနဲ့၂ဂိုးစီသ​ရေကျခဲ့တဲ့ပွဲမှာနှစ်​ဝါတစ်​နီနဲ့ထုတ်​ပယ်​ခြင်းခံခဲ့ရတဲ့ပီအက်​ဂျီတိုက်​စစ်မှုး​နေမာဟာတစ်​ပွဲပယ်​ပြစ်​ဒဏ်​ကျခံရမှာဖြစ်​​ကြောင်းပြင်​သစ်​​ဘောလုံးအဖွဲ့ချုပ်​ကအတည်​ပြုသွားခဲ့ပါတယ်​။ ​နေမာဟာမာ​ဆေးနဲ့ပွဲမှာ၃မိနစ်​အတွင်း၂ဝါထိခဲ့တာ​ကြောင့်​ယ​နေ့ညနိစ်​အသင်းနဲ့ပွဲစဉ်​ကိုလွဲ​ချော်​မှာပဲဖြစ်​ကာယခုလိုပြစ်​ဒဏ်​မျိုးထပ်မံေ​ကျူးလွန်​ခဲ့ပါကအလိုအ​လျှေက်​တစ်​ပွဲပယ်​ပြစ်​ဒဏ်​အပိုကျခံရမှာဖြစ်​ပါတယ်​။ ထို့​ကြောင့်​​နေမာဟာလာမည့်​အဂါင်္​နေ့အန်​ဒါးလက်​ခ်ျ​နဲ့ချန်​ပီယံလိဂ်​ပွဲစဉ်​အပြီးနိုဝင်​ဘာ၎ရက်​​နေ့အန်​ဂါးနဲ့ပွဲမှာပြန်​လည်​ပါဝင်​လာမှာဖြစ်​ပါတယ်​။ ​ပြီးခဲ့တဲ့​နွေရာသီကဘာစီလိုနာမှ​ပြောင်းလာခဲ့တဲ့​နေမာဟာဒီရာသီလီဂူးဝမ်းရှစ်​ပွဲကစားထားပြီးချိန်​မှာသွင်းဂိုး၇ဂိုးထိသွင်းယူ​ပေးထားပါတယ်​။ Source : Sports Myanmar

ပီအက်ဂျီစတားဘန်အာဖာကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့လက်စတာနည်းပြသစ်ကလော်ဒီပေါလ်

လက်စတာနည်းပြသစ်ကလော်ဒီပေါလ်ဟာပီအက်ဂျီတောင်ပံတိုက်စစ်ကစားသမားဖြစ်သူဘန်အာဖာကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဘန်အာဖာလက်ရှိအချိန်မှာပီအက်ဂျီနည်းပြအူနိုင်းအမ်မရီနဲ့ဆက်ဆံရေးအဆင်မပြေတာကြောင့်ပွဲထွက်ခွင့်ပျောက်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကခရိတ်ရှိတ်စပီယားရဲ့လက်စတာနည်းပြရာထူးကိုဆက်ခံခဲ့တဲ့ပေါလ်ဟာ၎င်းနဲ့နိစ်အသင်းမှာကောင်းစွာအတူလက်တွဲခဲ့ဖူးတဲ့ဘန်အာဖာကိုလာမည့်ဇန်န၀ါရီမှာကင်းပါဝါထံခေါ်ယူရန်စိတ်အားထက်သန်နေပါတယ်။ နိစ်အသင်းနဲ့နီးစပ်သူတစ်ဦးက “သူတို့နှစ်ဦးဟာအရမ်းရင်းနှီးကြပါတယ်။ ကလော်ဒီပေါလ်ဟာ ဘန်အာဖာကိုပီအက်ဂျီမှာရုန်းကန်နေရတာကိုမြင်ရတာကိုစိတ်မကောင်းဖြစ်နေပါတယ်။ သူဟာဘန်အာဖာနဲ့အလုပ်ထပ်ပြီးအတူတွဲလုပ်ချင်နေပါတယ်။” လို့ပြောသွားပါတယ်။ ဘန်အာဖာဟာကလော်ဒီပေါလ်နဲ့လက်တွဲစဉ်ကအကောင်းဆုံးရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီး ၃၇ပွဲမှာ၁၈ဂိုးထိသွင်းယူကာအကောင်းဆုံးခြေစွမ်းပြခဲ့ပြီးနောက်နှစ်မှာပဲပီအက်ဂျီထံပြောင်းသွားခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်းဘန်အာဖာဟာပီအက်ဂျီမှာ၉ပွဲသာပွဲထွက်ခွင့်ရရှိခဲ့ပြီးမကြာသေးမီကအရန်အသင်းကိုပါပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ နယူးကာဆယ်ကစားသမားဟောင်းဟာရာသီကုန်မှာပီအက်ဂျီနဲ့စာချုပ်ကုန်ဆုံးမှာဖြစ်ပြီးလာမည့်ဇန်န၀ါရီမှာအခြားကလပ်နဲ့ကြိုတင်စာချုပ်ချုပ်ခွင့်ရှိနေပြီး ပဲရစ်ကလပ်အနေနဲ့ဇန်န၀ါရီမှာဘန်အာဖာကိုအပြတ်ရောင်းထုတ်သွားမလားဆိုတာကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ Source : Sports Myanmar