ကော်တင်ဟိုထက် ဂရစ်ဇ်မန်းကို မက်ဆီ ပိုမိုအလိုရှိဟု ကော်တင်ဟိုထက် ဂရစ်ဇ်မန်းကို မက်ဆီ ပိုမိုအလိုရှိဟု မီဒီယာများ ဖော်ပြ
ဘာစီလိုနာအသင်း၏ အသင်း ခေါင်းဆောင် မက်ဆီသည် လီဗာပူးလ် အသင်း၏ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုထက် အက်သလက်တီကိုမက်ဒရစ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းအား အသင်းအတွက် ပိုမိုအလိုရှိနေသည်ဟု စပိန်မီဒီ ယာများက ဖော်ပြခဲ့ကြသည်။ ဘာစီလိုနာအသင်းသည် နေမာ အား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးကတည်းက ကော်တင်ဟိုအားခေါ်ယူရန် ကြိုး စားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ လည်း ကြိုးစားနေဆဲဖြစ်သည်။ သို့ရာတွင် မက်ဆီကမူ ဂရစ်ဇ်မန်းကို ခေါ်ယူ ပေးရန်အသင်းကို တိုက်တွန်းပြောဆို မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အက်သ လက်တီကိုအသင်းက ရောင်းထုတ် လိုခြင်းမရှိသဖြင့် ဘာစီလိုနာအသင်း သည် လက်လျှော့ခဲ့ခြင်းဖြစ်သည်။ အက်သလက်တီကိုအသင်းသည် ကစားသမားခေါ်ယူခွင့်အပိတ်ပင်ခံထားရသောကြောင့် ဂရစ်ဇ်မန်းနေရာတွင်  အစားထိုးနိုင်ရန်အခွင့်အရေးမရှိသ ဖြင့် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်မူ ဒီယေဂိုကော်စ တာအား ခေါ်ယူထားပြီး ဇန်န၀ါရီတွင် စတင်ကစားနိုင်မည်ဖြစ်သဖြင့် ဆုံး ဖြတ်ချက်ပြောင်းဖွယ်ရှိနေသည်။  
ပရီးမီးယားလိဂ်ကိုပြန်လာဖို့စိတ်ဝင်စားပေမယ့်ချဲလ်ဆီးအသင်းကိုတော့မဟုတ်ဘူးလို့ပြောလိုက်တဲ့အန်ဆယ်လော့တီ
ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဖြစ်သူကာလိုအန်ဆယ်လော့တီက “အခုချိန်မှာကျွန်တော်ဘောလုံးပွဲတွေကြည့်ဖို့အချိန်ရှိနေပါတယ်။ ကျွန်တော်အခွင့်အရေးသစ်ကိုရှာဖွေနေပေမယ့်အခုတော့မဟုတ်ပါဘူး။ ရာသီကုန်မှာတော့ကျွန်တော့်အနေနဲ့ကမ်းလှမ်းမှုအသစ်တွေကိုလက်ခံသွားမှာပါ။ ကျွန်တော့်ကိုအချိန်နဲ့လုံခြုံမှုပေးနိုင်တဲ့စီမံကိန်းကောင်းကောင်းရှိနေတဲ့အသင်းကိုအလိုရှိပါတယ်။ လွယ်ကူမှာတော့မဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်။ ကမ်းလှမ်းလာမယ့်အလုပ်သစ်ကိုတော့စောင့်နေပါတယ်။ ပရီးမီးယားလိဂ်ဟာစိတ်ဝင်စားစ၇ာကောင်းတဲ့လိဂ်တစ်ခုပါ။ အရမ်းကောင်းတဲ့ဘောလုံးပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားပါတယ်။ ဘွန်ဒက်လီဂါလိုပဲကြီးကြယ်တဲ့ကွင်းတွေကိုပိုင်ဆိုင်ထားပါတယ်။ နေ့တိုင်းနေ့တိုင်းကျွန်တော့်ရဲ့အနာဂတ်နဲ့ပက်သက်ပြီးကောလဟာလတွေထွက်နေပါတယ်။ ခရိုအေးရှား တရုတ် အဲဗာတန် ချဲလ်ဆီးစသဖြင့်ပေါ့။ ကျွန်တော့်သူငယ်ချင်းကွန်တီကိုတော့စိတ်ညစ်အောင်မလုပ်ပါနဲ့။ သူနဲ့ကျွန်တော်အမြဲစကားပြောဖြစ်ပါတယ်။ စီးရီးအေဟာလည်းစိတ်ဝင်စားစရာပါ။ မီလန်ဟာအပြောင်းအလဲတွေအများကြီးလုပ်ထားတာကြောင့်အဆင့်လေးဟာအကောင်းဆုံးရည်မှန်းချက်ပါ။ ဒါပေမယ့်လွယ်ကူမှာတော့မဟုတ်ပါဘူး။ အမှန်တရားကတော့ကျွန်တော်ဘယ်ကလပ်မဆိုကြိုက်ပါတယ်။ နည်းပြအလုပ်ကိုပြန်လုပ်ချင်ပါတယ်။ ရာသီကုန်မှာကမ်းလှမ်းမှုတွေကိုလက်ခံစဉ်းစားသွားမှာပါ။” လို့ပြောသွားပါတယ်။ Soure : Sports Myanmar
အသင်းပြောင်းစဉ်က တော့တင်ဟမ်ဟော့စပါး ကို မသိခဲ့သော်လည်း အခုအချိန်မှာတော့ နှလုံးသားထဲမှာ အစဉ် တည်ရှိနေပြီလို့ တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ် ပြောဆို
    “တော့တင်ဟမ် ဆီကနေ တကယ်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ဆက်တိုက်ရောက်လာခဲ့တယ်လို့ အေးဂျင့် က ကျွန်တော့ကို ပြောခဲ့ပါတယ် ။ ကျွန်တော် က ဘယ်သူ? လို့တောင်ပြန်မေးခဲ့မိပါတယ် ။ အဲ့တုန်းက ကျွန်တော် က လေဗာကူဆင်မှာပါ ။ အင်္ဂလိပ်ပွဲတွေကို မကြည့်ပါဘူး ။ ဂျာမန်ပွဲတွေပဲကြည့်ဖြစ်တာပါ” “နောက်တော့ တော့တင်ဟမ် ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး လန်ဒန် ကို ကျွန်တော် ရောက်လာခဲ့ပါတယ် ။ ဒီမှာ ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ပြီး စပါးအတွက် ကစားပေးခဲ့ရတာတွေကို ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး ။ စပါးဟာ ကျွန်တော့ နှလုံးသားထဲမှာ ထာဝရ ရှိနေမှာပါ” “မာတင်ဂျိုး ( စပါးတွင်ရှိစဉ်က ဘာဘာတော့ဗ် ၏ စပါးနည်းပြ )
ချဲလ်ဆီးအသင်းကထွက်ခွာသွားခဲ့မှုဟာ သူ့ရဲ့ ကစားသမားဘ၀ကို ကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ လိုင်ယွန် တိုက်စစ်မှုး ထရာအိုရေး ပြောဆို
    “ချဲလ်ဆီးကနေ ထွက်လာခဲ့တာဟာ ကျွန်တော့အတွက် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ပါပဲ ။ ကျွန်တော်က အပတ်တိုင်းပွဲကစားနေရရင် ပျော်ရွှင်ပြီး တိုးတက်လာနိုင်တဲ့ လူငယ်ကစားသမားမျိုးပါ ။ ချဲလ်ဆီးအသင်းမှာ တုန်းကလည်း အခွင့်အရေးတွေ ရလာချိန်မှာ ပျော်ရွှင်ခဲ့ရပါတယ် ။ ကွင်းထဲကိုဝင်ရချိန်တွေမှာ အကောင်းဆုံး ပေးဆပ်ကစားခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကစားရမယ်လို့ ချဲလ်ဆီးမှာ အာမခံချက်မရှိခဲ့ပါဘူး” “တကယ်လို့ ချဲလ်ဆီး စီနီယာအသင်းမှာသာ အပတ်တိုင်း ကစားရမယ်ဆိုရင် ကျွန်တော် ပျော်ပျော်ကြီးဆက်နေ ဖြစ်မှာပါ ။ ဒါပေမယ့် ဘောလုံးလောကမှာတော့ ဆုံးဖြတ်ချက်တွေ ရှိပါတယ် ။ ဒါတွေကို လက်ခံရမှာပါ ။ ဒါကြောင့် ကျွန်တော် လိုင်ယွန် ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဒီအတွက် ပျော်ရွှင်ခဲ့ရပါတယ်” “အင်္ဂလန်ကို ပြန်ရောက်လာပြီး
ဂိုး​ပေါက်​​ပျောက်​​နေတဲ့လူကာကူဘက်​ကကာကွယ်​​ပြောဆိုခဲ့တဲ့​မော်​ရင်​ညို
မန်​ချက်​စတာယူနိုက်​တက်​နည်းပြဟို​ဆေး​မော်​ရင်​ညိုက “ကျွန်​​တော်​အား​ပေးသူပရိတ်​သတ်​​တွေကို​ရှင်းပြ​စေချင်​တာက​တော့သူတို့လူကာကူကိုဘာလို့အများကြီးမ​ထောက်​ခံကြတာလဲ.?? ဘာလို့လဲဆို​တော့သူဟာအရာအားလုံး​ပေးဆပ်​ခဲ့သူမို​လို့ပါ။   ကျွန်​​တော်​အမြင်​က​တော့ဂိုးသွင်းယူနိုင်​တာနဲ့ဂိုးမသွင်းနိုင်​တာဟာအရမ်းကိုကွာခြားသွားတယ်​ဆိုရင်​ဒါဟာမတရားဘူးထင်​ပါတယ်​။ မျှတမှုရှိတယ်​လို့ကျွန်​​တော်​မထင်​ပါဘူး။ ဒါ့​ကြောင့်​ကျွန်​​တော်​အနည်းငယ်​စိတ်​ပျက်​ရပါတယ်​။ လူကာကူကိုမဟုတ်​ပါဘူး။ သူရဲ့​ခြေစွမ်းနဲ့ပက်​သက်​ပြီးကျွန်​​တော်​​ကျေနပ်​ပါတယ်​။   တစ်​ချို့လူ​တွေဟာစကားအရမ်း​ပြောလွန်းပါတယ်​။ ​အေး​အေး​ဆေး​ဆေးနဲ့စိတ်​ငြိမ်​ငြိမ်​ထားပါ။” လို့​ပြောသွားပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ထဲမှာ ခံယူချက်အားနည်းနေတယ်လို့ ဂျေမီရက်နက် ဝေဖန်ပြောဆို
  တော့တင်ဟမ်ဟော့စပါး အသင်းအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ကစားသမား တစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ ခံယူချက်ပြင်းပြင်း ထားရှိဖို့ လိုအပ်တယ်လို့ ကစားသမားဟောင်း ဂျေမီရက်နက် က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ် ။ စပါးအသင်းဟာ အဓိက တိုက်စစ်မှုး ဟယ်ရီကိန်း မပါဝင်ဘဲ ယူနိုက်တက် ကို ရင်ဆိုင်ကစားခဲ့ရပြီး အဝေးကွင်း မှာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ် ။ စပါးအသင်းဟာ ပိုချက်တီနို ကိုင်တွယ်စဉ်ကာလအတွင်း အမှတ်ပေးချန်ပီယံဆု ပြိုင်ဘက် အသင်းကြီးတွေရဲ့ ကွင်းတွေကို သွားရောက် ယှဉ်ပြိုင်မှု ရလဒ် ဆိုးရွားခဲ့တာကို ဂျေမီရက်နက် က ထောက်ပြပြောဆိုပြီး စပါး ကစားသမားတွေရဲ့ ခံယူချက်ပိုင်းကို ပိုမို တိုးတက်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်
MNL အမှတ်ပေးချန်ပီယံဆုအား ပထမဦးဆုံးအကြိမ်အဖြစ် ရှမ်းယူနိုက်တက် ဆွတ်ခူးနိုင်ခဲ့
၂၀၁၇ ခုနှစ် MNL အမှတ်ပေးချန်ပီယံဆုအား လိဂ်သက်တမ်းတစ်လျှောက်ပထမဦးဆုံးအကြိမ်အဖြစ် ရှမ်းယူနိုက်တက်ကဆွတ်ခူးနိုင်ခဲ့သည်။ အောက်တိုဘာလ(၂၉)ရက်နေ့က ၂၀၁၇ MNL အမှတ်ပေးပြိုင်ပွဲ ၏လိဂ်နောက်ဆုံးပွဲစဉ်ဖြစ်သော ပွဲစဉ်(၂၂)တွင်ရှမ်းယူနိုက်တက်သည် ဟံသာဝတီအသင်းကို (၄-၀)ဂိုးဖြင့်အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။   ရှမ်းယူနိုက်တက်အသင်းသည်၂၀၀၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော MNL ပြိုင်ပွဲ၌ အမှတ်ပေးချန်ပီယံဆုကို ပထမဦးဆုံးအကြိမ်ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်အသင်းသည် စုစုပေါင်းရမှတ် ၅၄မှတ်ရရှိခဲ့ပြီး လိဂ်ပွဲစဉ်(၂၂)ပွဲ ကစားကာ နိုင်ပွဲ(၁၇)ပွဲ၊(၃)ပွဲသရေ၊(၂)ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်ကို (၂)မှတ်ဖြတ်ကာ ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ရာသီတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းနှင့် အမှတ်ပေးချန်ပီယံဆုတို့ကို တစ်ပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့သော အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ပြည်တွင်းနည်းပြဖြင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့သော ဒုတိယမြောက်အသင်း ဖြစ်လာခဲ့သည်။   Source: Eleven Sports
ချဲဆီးသတင်းတိုများ
* ” ချဲဆီးက မန်စီးတီးကို လိုက်မီနိုင်သေးလားဆိုတော့၊ ရာသီကုန်ဖို့ အဝေးကြီးလိုသေးတယ်လေ၊ ဘာမှ ကြိုပြောထားလို့မရပါဘူး။ လောလောဆယ်တော့ သူတို့ဟာ ထိပ်တန်းအဆင့်ခြေစွမ်းတွေနဲ့ ဂိုးတွေအများကြီး သွင်းယူပြနေတာပါ။ ဒါပေမယ့် ကစားစရာပွဲတွေ အများကြီး ကျန်သေးတာမို့ ရာသီအကုန်ထိအောင် စောင့်ကြည့်ကြတာပေါ့” #ဟာဇက် * ” ကျနော်တို့ 3 ပွဲအထိ ရှုံးနိမ့်ပြီးပါပြီ၊ နောက်ထပ် အမှားခံလို့မရတော့ပါဘူး။ ရှေ့ဆက်ပြီး နိုင်ပွဲတွေရအောင်ပဲ ကြိုးစားသွားရမှာပါ” #အက်စပီလီကွီတာ * ” ကျနော်က လက်ရှိစုဖွဲ့မှုနဲ့ ကျေနပ်ပြီးသားပါ၊ ကစားသမားအားလုံးက ရိုးသားကြလို၊ အသင်းအတွက်လဲ အစွမ်းကုန် ပေးဆပ်ပြီး တိုက်ပွဲဝင်ချင်တဲ့ အပြည့်ရှိကြတယ်လေ” #ကွန်တီ * ” ကန်တီက ရိုးမားနဲ့ပွဲမှာ ပြန်လာမယ်လို့ မျှော်လင့်ထားပါတယ်။ သူဟာ အသင်းအတွက် ဘယ်လောက်ထိ အရေးပါတဲ့သူဆိုတာ သိထားပြီးသားမို့ ကျနော်ကလဲ
ဒီအနိုင် ရလဒ်က ထိုက်တန်တဲ့ ရလဒ် တစ်ခုပါ 
  “ဒီပွဲကို အနိုင် ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ် ။ ဒါက အသင်းကြီး ၂ သင်းကစားကြတဲ့ သရေကျသွား နိုင်လောက်တဲ့ အကျိတ်အနယ်ပွဲတစ်ပွဲပါ ။ အသင်း ၂ သင်းစလုံးက အနိုင်ရအောင် ကစားခဲ့ကြပေမယ့် ကိုယ့်ရဲ့ ပြိုင်ဘက်ကလည်း ခေသူမဟုတ်ဘူးဆိုတာကို သတိပြုမိကြပါတယ် ။ ဒါကြောင့် တိုက်စစ် ဆင် ကစားကြတိုင်း မှာ ဟာကွက်ဖြစ်မလာဖို့ကိုလည်း သေချာဂရုစိုက် ကစားသွားခဲ့ကြတာပါ” “အယ်လီ ရဲ့ အခွင့်အရေးကလွဲရင် ပွဲကို အနိုင်ရလောက်တဲ့ အသင်းက ကျွန်တော့အသင်းလို့ ထင်မိပါတယ် ။ စပါးထက် ကျွန်တော်တို့ အခွင့်အရေးတွေပိုဖန်တီးနိုင်ခဲ့သလို သူတို့ကိုလည်း ကောင်းကောင်းထိန်းချုပ်ကစား နိုင်ခဲ့ပါတယ် ။ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အသင်းလိုက်ရော ကစားသမားတစ်ယောက်ချင်းပါ နည်းစနစ် ပိုင်း