မေန႔ညကရက္စတားဘဲဂရိတ္နဲ႔တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာအာဆင္နယ္ရဲ႕ပြဲထြက္ကစားသမား၁၁ေယာက္လံုးကိုအေျပာင္းအလဲျပဳလုပ္ခဲ့တဲ့အာဆင္ဝင္းဂါးကသူ႔အေနနဲ႔အလွည့္က်စနစ္ကိုဆက္လက္အသံုးျပဳသြားမယ္လို႔ေျပာလိုက္ပါတယ္။ ဆြမ္းဆီကိုအႏုိင္ရခဲ့တဲ့ပြဲမွပြဲထြက္ကစားသမား၁၁ေယာက္လံုးကိုအေျပာင္းအလဲျပဳလုပ္ခဲ့တာနဲ႔ပက္သက္ၿပီးဝင္းဂါးက “သူတို႔ကြၽန္ေတာ္တို႔ထက္ပိုေကာင္းတဲ့ပံုစံနဲ႔စတင္ႏိုင္ခဲ့ပါတယ္။ သူတို႔အေကာင္းဆံုးကစားႏိုင္ခဲ့ၿပီး အျမန္ႏႈန္းနဲ႔အတူတိုက္စစ္ကအႏၱရာယ္ေပးႏိုင္ခဲ့ပါတယ္။ သူတို႔ခံစစ္ပိုင္းကလည္းေကာင္းမြန္လွပါတယ္။ ဒုတိယပိုင္းမွာကြၽန္ေတာ္တို႔ေဘာလံုးပိုင့ဆိုင္မႈအသာစီးရ႐ွိခဲ့ပါတယ္။ သူတို႔ကိုဖိကစားႏိုင္ခဲ့ၿပီးအဆံုးသတ္ပိုင္းမွာေတာ့လိုအပ္ခ်က္ေတြ႐ွိခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ဂိုးေတြမရခဲ့ဘဲပရိတ္သတ္ေတြအေနနဲ႔အမ္းမရိတ္မွာဒီလုိဂိုးမရခဲ့တဲ့ပြဲေတြနဲ႔အစိမ္းသက္ေသျဖစ္ေနပါတယ္။ ဂိုးမသြင္းႏိုင္တာကေတာ့စိတ္ပ်က္စရာပါ။ ဒါေပမယ့္အသင္းမွာလူငယ္ကစားသမားေတြအမ်ားအျပားပါဝင္ေနတယ္ဆုိတာနားလည္ထားရပါမယ္။ ဒီလိုပြဲမ်ိဴးေတြဟာသူတို႔အတြက္ေလ့က်င့္မႈအစိတ္အပိုင္းတစ္ခုပါပဲ။ ရက္စတားအေနနဲ႔ဒီညမွာသူတို႔ရဲ႕ေျခစြမ္းအတြက္ဂုဏ္ယူေနမွာပါ။ ဒီမွာဂိုးမေပးရတဲ့အသင္းမ်ားမ်ားစားစားမ႐ွိပါဘူး။ ဒီပြဲစဥ္ဟာၿပိဳင္ဆုိင္မႈျပင္းထန္တယ္ဆုိတာေတြ႔ႏိုင္ပါတယ္။ ကစားရမယ့္ပြဲေတြကလည္းမ်ားျပားေနတာေၾကာင့္လက္႐ွိမွာအလွည့္က်စနစ္ကိုဆက္လက္သံုးစြဲသြားမွာပါ။” လို႔ေျပာသြားပါတယ္။ အလှည့်ကျစနစ်ကိုဆက်လက်သုံးစွဲသွားဦးမယ်လို့ပြောလိုက်တဲ့အာဆင်ဝင်းဂါး ====================================== မနေ့ညကရက်စတားဘဲဂရိတ်နဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာအာဆင်နယ်ရဲ့ပွဲထွက်ကစားသမား၁၁ယောက်လုံးကိုအပြောင်းအလဲပြုလုပ်ခဲ့တဲ့အာဆင်ဝင်းဂါးကသူ့အနေနဲ့အလှည့်ကျစနစ်ကိုဆက်လက်အသုံးပြုသွားမယ်လို့ပြောလိုက်ပါတယ်။ ဆွမ်းဆီကိုအနိုင်ရခဲ့တဲ့ပွဲမှပွဲထွက်ကစားသမား၁၁ယောက်လုံးကိုအပြောင်းအလဲပြုလုပ်ခဲ့တာနဲ့ပက်သက်ပြီးဝင်းဂါးက “သူတို့ကျွန်တော်တို့ထက်ပိုကောင်းတဲ့ပုံစံနဲ့စတင်နိုင်ခဲ့ပါတယ်။ သူတို့အကောင်းဆုံးကစားနိုင်ခဲ့ပြီး အမြန်နှုန်းနဲ့အတူတိုက်စစ်ကအန္တရာယ်ပေးနိုင်ခဲ့ပါတယ်။ သူတို့ခံစစ်ပိုင်းကလည်းကောင်းမွန်လှပါတယ်။ ဒုတိယပိုင်းမှာကျွန်တော်တို့ဘောလုံးပိုင့ဆိုင်မှုအသာစီးရရှိခဲ့ပါတယ်။ သူတို့ကိုဖိကစားနိုင်ခဲ့ပြီးအဆုံးသတ်ပိုင်းမှာတော့လိုအပ်ချက်တွေရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဂိုးတွေမရခဲ့ဘဲပရိတ်သတ်တွေအနေနဲ့အမ်းမရိတ်မှာဒီလိုဂိုးမရခဲ့တဲ့ပွဲတွေနဲ့အစိမ်းသက်သေဖြစ်နေပါတယ်။ ဂိုးမသွင်းနိုင်တာကတော့စိတ်ပျက်စရာပါ။ ဒါပေမယ့်အသင်းမှာလူငယ်ကစားသမားတွေအများအပြားပါဝင်နေတယ်ဆိုတာနားလည်ထားရပါမယ်။ ဒီလိုပွဲမျိူးတွေဟာသူတို့အတွက်လေ့ကျင့်မှုအစိတ်အပိုင်းတစ်ခုပါပဲ။ ရက်စတားအနေနဲ့ဒီညမှာသူတို့ရဲ့ခြေစွမ်းအတွက်ဂုဏ်ယူနေမှာပါ။ ဒီမှာဂိုးမပေးရတဲ့အသင်းများများစားစားမရှိပါဘူး။ ဒီပွဲစဉ်ဟာပြိုင်ဆိုင်မှုပြင်းထန်တယ်ဆိုတာတွေ့နိုင်ပါတယ်။ ကစားရမယ့်ပွဲတွေကလည်းများပြားနေတာကြောင့်လက်ရှိမှာအလှည့်ကျစနစ်ကိုဆက်လက်သုံးစွဲသွားမှာပါ။” လို့ပြောသွားပါတယ်။ Source: Sports Myanmar