ဆြီဒင္ကိုအီတလီ႐ွံဳးနိမ့္ခဲ့တာဟာမွန္ကန္မႈမ႐ွိတဲ့ရလဒ္လို႔ေျပာလိုက္တဲ့နည္းျပဗန္တူရာ
======================================= အီတလီနည္းျပဗန္တူရာကမေန႔ညကကစားခဲ့တဲ့ကမာၻ့ဖလားေျခစစ္ပြဲ Play-off ပထမအေက်ာ့မွာဆီြဒင္ကို၁ဂိုးဂိုးမ႐ွိနဲ႔႐ွံဳးနိမ့္ခဲ့မႈဟာမွန္ကန္မႈမ႐ွိတဲ့ရလဒ္လို႔ယံုၾကည္ေနပါတယ္။ ႏွစ္ေပါင္း၆၀အတြင္းပထမဦးဆံုးအႀကိမ္ကမာၻ့ဖလားၿပိဳင္ပြဲနဲ႔လြဲေခ်ာ္ဖို႔႐ွိေနတာနဲ႔ပက္သက္ၿပီးအီတလီနည္းျပက “ဘူဖြန္ဟာဒီဂိုးကိုေတာ့မကာကြယ္ႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔အခြင့္အေရးေတြအမ်ားႀကီးဖန္တီးႏိုင္ခဲ့ၿပီးတိုင္လည္းထိခဲ့ပါတယ္။ ဒါဟာမွန္ကန္မႈမ႐ွိတဲ့ရလဒ္ပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ဒိုင္လူႀကီးရဲ႕အာရံုစိုက္မႈကိုပိုမိုလိုအပ္ခဲ့ပါတယ္။ လာမည့္ဆန္ဆီ႐ိုမွာကစားရမယ့္ပြဲမွာေတာ့ဒိုင္လူႀကီးအေနနဲ႔ဒီေန႔လိုပဲသူတို႔ုိုခြင့္မျပဳဖို႔ေမွ်ာ္လင့္ထားပါတယ္။ ဒီကစားပံုနဲ႔ကြၽန္ေတာ္တို႔ဟာအနည္းဆံုးသေရတစ္မွတ္ေတာ့ေမွ်ာ္လင့္ထားပါတယ္။ ဘီေလာ့တီ နဲ႔ ဒါမီယန္ တို႔အခြင့္အေရးေတြရ႐ွိခဲ့ၾကပါတယ္။ မိနစ္ကိုးဆယ္ၿပီးခ်ိန္မွာေတာ့သူတို႔ဦးေဆာင္မႈရ႐ွိေနၿပီးဆန္ဆီ႐ိုမွာကစားရမယ့္ေနာက္ထပ္မိနစ္ကိုးဆယ္မွာေတာ့ကြၽန္ေတာ္တို္႔အခြင့္အေရးပိုသာမယ္လို႔ေမ်ွာ္လင့္ပါတယ္။” လို႔ေျပာသြားပါတယ္။ #SM ဆွီဒင်ကိုအီတလီရှုံးနိမ့်ခဲ့တာဟာမှန်ကန်မှုမရှိတဲ့ရလဒ်လို့ပြောလိုက်တဲ့နည်းပြဗန်တူရာ ======================================= အီတလီနည်းပြဗန်တူရာကမနေ့ညကကစားခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ပထမအကျော့မှာဆွီဒင်ကို၁ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့မှုဟာမှန်ကန်မှုမရှိတဲ့ရလဒ်လို့ယုံကြည်နေပါတယ်။ နှစ်ပေါင်း၆၀အတွင်းပထမဦးဆုံးအကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ဖို့ရှိနေတာနဲ့ပက်သက်ပြီးအီတလီနည်းပြက “ဘူဖွန်ဟာဒီဂိုးကိုတော့မကာကွယ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပြီးတိုင်လည်းထိခဲ့ပါတယ်။ ဒါဟာမှန်ကန်မှုမရှိတဲ့ရလဒ်ပါ။ ကျွန်တော်တို့အနေနဲ့ဒိုင်လူကြီးရဲ့အာရုံစိုက်မှုကိုပိုမိုလိုအပ်ခဲ့ပါတယ်။ လာမည့်ဆန်ဆီရိုမှာကစားရမယ့်ပွဲမှာတော့ဒိုင်လူကြီးအနေနဲ့ဒီနေ့လိုပဲသူတို့ိုခွင့်မပြုဖို့မျှော်လင့်ထားပါတယ်။ ဒီကစားပုံနဲ့ကျွန်တော်တို့ဟာအနည်းဆုံးသရေတစ်မှတ်တော့မျှော်လင့်ထားပါတယ်။ ဘီလော့တီ နဲ့ ဒါမီယန် တို့အခွင့်အရေးတွေရရှိခဲ့ကြပါတယ်။ မိနစ်ကိုးဆယ်ပြီးချိန်မှာတော့သူတို့ဦးဆောင်မှုရရှိနေပြီးဆန်ဆီရိုမှာကစားရမယ့်နောက်ထပ်မိနစ်ကိုးဆယ်မှာတော့ကျွန်တော်တို့်အခွင့်အရေးပိုသာမယ်လို့မျှော်လင့်ပါတယ်။” လို့ပြောသွားပါတယ်။ Source : Sports Myanmar