■ ဘက်ဆစ်တက် နှင့် မိုနာကို (ကြာသပတေးနံနက် ၂း ၁၅)
ဒီရာသီ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ ရှားရှားပါးပါးအသင်းတွေထဲမှာ ဘက်ဆစ်တက်လည်းပါနေတယ်။ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ပီပီ၊ တိုဆစ်၊ ကွာရက်စ်မာ၊ ဘာဘယ်လ်တို့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ အုပ်စုတွင်း (၃)ပွဲစ လုံးကို အနိုင်ကစားခဲ့တယ်။ မိုနာကိုကွင်းမှာ နိုင်ထားသလို၊ (၃) ပွဲကစားပြီးချိန်မှာ ပေးဂိုး (၂)ဂိုးပဲရှိသေးတာကိုလည်းတွေ့ရ တယ်။ ဒီပွဲမှာ ဘက်ဆစ်တက်အတွက် လိုအပ်နေတာ သရေ တစ်မှတ်ဖြစ်ပြီး သရေပဲကျဖို့များပါတယ်။
■ ဆီဗီလာ နှင့် စပါးတပ်မော်စကို (ကြာသပတေးနံနက် ၂း ၁၅)
အရှက်တကွဲရှုံးထားတဲ့ပွဲကို ဆီဗီလာ ပြန်လက်စားချေရလိမ့်မယ်။ ဒီဂိုးရလဒ်အတိုင်းမဟုတ်ရင်တောင် ဆီဗီလာအ နေနဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် မဖြစ်မနေအနိုင်ကစားသင့်ပါတယ်။ နှစ်သင်းစလုံးက မာရီဘော၊ လီဗာပူးလ်တို့နဲ့ ကစားရဦးမှာဖြစ်ပြီး စပါးတပ်မော်စကိုက ဒီပွဲကိုသရေကစားလိုက်ရင် အခြေအနေတော်တော်လေးကောင်းသွားလိမ့်မယ်။ ဒါပေမဲ့ ဆီဗီလာသေချာပေါက်အနိုင်ကစားမှာပါ။
■ လီဗာပူးလ် နှင့် မာရီဘော (ကြာသပတေးနံနက် ၂း ၁၅)
မာရီဘောကွင်းမှာ (၇)ဂိုးသွင်းခဲ့တဲ့ လီဗာပူးလ်အတွက် ဒီပွဲက အခက်အခဲ သိပ်မရှိနိုင်ပါဘူး။ လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းက ဂိုးပုံမှန်ပြန်ရနေသလို၊ ဆီဗီလာနဲ့ စပါးတပ်မော်စကို ထိပ်တိုက်တွေ့နေတဲ့အချိန်မှာ ဒီပွဲကိုအနိုင်ကစားထားလိုက်ရင် လီဗာပူးလ်က အသင်းတိုင်းနိုင်မယ့် ပြိုင်ဘက်ကို အမှားခံလို့မရပါ ဘူး။ ဒါကြောင့် မဖြစ်မနေအနိုင်ကစားဦးမှာဖြစ်ပြီး ဂိုးတွေလည်း ထပ်သွင်းဦးမယ့်ပွဲပါ။
■ နာပိုလီ နှင့် မန်စီးတီး (ကြာသပတေးနံနက် ၂း ၁၅)
နာပိုလီက ဒီပွဲမှာ ထပ်ရှုံးပြီး ရှက်တာဒိုးနက်ကသာ ဖီယင်နုကို အနိုင်ကစားလိုက်ရင် အုပ်စုတွင်းရမှတ်အနေအထားက မန်စီးတီး (၁၂)မှတ်၊ ရှက်တာဒိုးနက် (၉)မှတ်၊ နာပိုလီ (၃)မှတ် ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် လက်ကျန်နှစ်ပွဲစလုံးကို နာပိုလီအနိုင်ကစားရင်တောင် မန်စီးတီးက လိုသလိုလုပ်လို့ရသွားတဲ့အနေအထားဖြစ်လို့ ရှက်တာဒိုးနက်ကို တွဲခေါ်သွားနိုင်တာကိုစဉ်းစားရမယ်။ နာပိုလီအနေနဲ့ မန်စီးတီးဆီကနေ အမှတ်ရသလောက်ယူထားဖို့ လိုနေတယ်။ ပထမအကျော့ကစားတုန်းက ပွဲချိန်အစောပိုင်းမိနစ်တွေမှာ မန်စီးတီးက ခပ်လွယ်လွယ်ကစားပြီး (၂)ဂိုးပြတ်ဦးဆောင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ နာပိုလီရဲ့ပုံစံကောင်းကို မြင်တွေ့ခဲ့ရပြီး မန်စီးတီး ရုန်းကန်ခဲ့ရတယ်။ နာပိုလီအသင်းအနေနဲ့ ဒီပွဲမှာလည်း အိမ်ကွင်းမှာကစားရမယ်ဆိုပေမယ့် အကောင်းဆုံးပုံစံရနေတဲ့ မန်စီးတီးကို ခက်ခက်ခဲခဲကစားရလိမ့်မယ်။ မန်စီးတီးက တစ်သင်းလုံးကောင်း နေပြီး ခံစစ်ကပါ တိုးတက်လာတယ်။ ဒါပေမဲ့ အားအနည်းဆုံးနေရာကိုပြောပါဆိုရင်တော့ ခံစစ်ကိုပဲ ပြောရမှာဖြစ်ပြီး အင်ဆစ်ဂနီ၊ မာတင်စ်၊ ကယ်လီဟွန်၊ ဟမ်ဆစ်တို့ရဲ့ တိုက်စစ်ပိုင်းက ပုံစံကောင်းပြနိုင်ရင် ဂိုးရဖို့ မခက်ပါဘူး။ နာပိုလီရဲ့သွင်းဂိုး တွေအတွက် Confidient နဲ့ Rhytham ကလည်း မန်စီးတီးခံစစ်ကို ဂိုးရအောင်သွင်းနိုင်ဖို့အတွက် အခြေအနေကောင်းစေမှာပါ။ ဒီလိုပဲ ဒီဘရိုင်းနား၊ အဂွဲရိုးနဲ့ ဆေးလ်ဗားတို့လို ၀ါရင့်တိုက်စစ်ကစားသမားတွေဦးဆောင်ပြီး စတာလင်၊ ဆာနေး၊ ဂျေး ဆူတို့လို တိုက်စစ်ကစားသမားတွေနဲ့ မန်စီးတီးတိုက်စစ်ကလည်း ဂိုးရဖို့ရှိတယ်။ အပြန်အလှန်ဂိုးတွေနဲ့ သရေကျနိုင်တယ်။
ပွဲကြိုအချက်အလက်များ
■ နာပိုလီအသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၇)ပွဲတွင် (၄)ပွဲအထိရှုံးနိမ့်ခဲ့ပြီး ပေးဂိုးမပေးရသည့်ပွဲမှာလည်း (၂)ပွဲသာရှိခဲ့သည်။
■ မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၉)ပွဲတွင် (၇)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့် အထက်တွင်ရှိခဲ့သည်။
■ နာပိုလီအသင်းသည် မန်စီးတီးအသင်းကို ဥရောပပြိုင်ပွဲများတွင် အိမ်ကွင်း၌ ဒုတိယအကြိမ်လက်ခံယှဉ်ပြိုင်ခြင်းလည်းဖြစ်သည်။
■ မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၈)ပွဲတွင် (၁)ပွဲသာရှုံးနိမ့်ခဲ့ပြီး ပွဲတိုင်းလည်း သွင်းဂိုးများရယူနိုင်ခဲ့သည်။
■ ရှက်တာဒိုးနက် နှင့် ဖီယင်နု (ကြာသပတေးနံနက် ၂း ၁၅)
နာပိုလီသာ မန်စီးတီးနဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ရင် ရှက်တာဒိုးနက်အတွက် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် အရမ်းအားကောင်းသွားပါပြီ။ ဒါပေမဲ့ ဒီပွဲကိုတော့ မဖြစ်မနေအ နိုင်ကစားဖို့လိုတယ်။ ဖီယင်နုကလည်း ဒီအုပ်စုမှာ တော်တော် လေး အားနည်းနေပြီး ပွဲတိုင်းရှုံးထားတဲ့အသင်းဖြစ်နေတယ်။ ဖီယင်နုအသင်းရဲ့ကွင်းမှာတုန်းက ခက်ခက်ခဲခဲအနိုင်ကစားခဲ့ရပေမယ့် ဒီပွဲကတော့ အိမ်ကွင်းမှာ ရှက်တာဒိုးနက် ခပ်လွယ်လွယ်ပဲ အနိုင်ကစားမှာပါ။
■ ပေါ်တို နှင့် လိုက်ပ်ဇစ် (ကြာသပတေးနံနက် ၂း ၁၅)
ပေါ်တိုက မိုနာကိုအသင်းကို အဝေးကွင်းမှာ နိုင်ထားပြီး ဘက်ဆစ်တပ်နဲ့ လိုက်ပ်ဇစ်တို့ကိုရှုံးထားတယ်။ ဒီပွဲက ပေါ်တိုအတွက်ရော၊ လိုက်ပ်ဇစ်အတွက်ပါ အရေးပါတဲ့ပွဲပါ။ နှစ်သင်းစလုံး က နောက်တစ်ဆင့်တက်ရေးမျှော်လင့်ခွင့်ရှိသလို၊ အုပ်စုတတိယနေရာအတွက်လည်း မိုနာကိုရဲ့ ခြိမ်းခြောက်မှုရှိနေပါတယ်။ ဒါကြောင့် အမှားခံလို့မရဘူး။ လိုက်ပ်ဇစ်ကွင်းမှာတုန်းက လိုက်ဇစ်နိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ ပေါ်တိုအသင်းကို ပိုကြိုက်တယ်။
■ ဒေါ့မွန် နှင့် အပိုးလ်နီကိုးရှား (ကြာသပတေးနံနက် ၂း ၁၅)
ဒေါ့မွန်ရဲ့ ချန်ပီယံလိဂ်ရလဒ်တွေက စိတ်ပျက်စရာကောင်းတယ်။ ဒီပွဲမှာသာ အနိုင်ကစားထားပြီး ရီးယဲလ်ကလည်း စပါးကိုအနိုင်ကစားခဲ့ရင် မျှော်လင့်ချက်ငွေ့ငွေ့တော့ရှိလာမယ်။ ဒါ ပေမဲ့ မလွယ်တော့ပါဘူး။ စပါးက (၁၀)မှတ်တော့ သေချာနေတဲ့ အနေအထားဖြစ်ပြီး ဒေါ့မွန်ကလည်း စပါးနဲ့ အိမ်ကွင်း၊ ရီးယဲလ် နဲ့ အဝေးကွင်းပွဲတွေပါ နိုင်မှဖြစ်မှာပါ။ အုပ်စုတတိယနေရာအတွက်ဒီပွဲကိုတော့ သေချာပေါက်နိုင်လိမ့်မယ်။
■ စပါး နှင့် ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၂း ၁၅)
စပါးက ဒီရာသီချန်ပီယံလိဂ်မှာ အိမ်ကွင်းပွဲစဉ် တစ်ပွဲပဲ ကစားရသေးတယ်။ အဲဒီပွဲမှာလည်း အဓိကပြိုင်ဘက်အသင်း တစ်သင်းဖြစ်တဲ့ ဒေါ့မွန်ကို အနိုင်ရထားတယ်။ လက်ရှိအချိန်မှာ အုပ်စုတွင်းရပ်တည်မှုကိုကြည့်ရင် စပါးနဲ့ ရီးယဲလ်က (၇) မှတ်ရထားပြီး ဒေါ့မွန်နဲ့ အပိုးလ်က တစ်မှတ်စီပဲ ရထားတယ်။ စပါးအနေနဲ့ အိမ်ကွင်းမှာ အပိုးလ်ကို သေချာပေါက်အနိုင်ကစားလို့ရနေတဲ့အနေအထားကြောင့် ဒီပွဲမှာ ရလဒ်ဆိုးခဲ့ရင်တောင် စိတ်ပူစရာမရှိတဲ့အခြေအနေလည်းဖြစ်နေတယ်။ လက် ရှိအချိန်မှာ ရီးယဲလ်က ခြေမှန်ပြန်ရနေပြီး နောက်ဆုံးပွဲမှာတော့ ဟီရိုနာကို ရှုံးခဲ့တယ်။ ပထမအကျော့တုန်းက စပါးကို အိမ်ကွင်းမှာ သရေကစားခဲ့ပေမယ့် ဒီပွဲကတော့ အုပ်စုဗိုလ်နေရာအတွက် အရေးပါတဲ့ပွဲဖြစ်နေလို့ ရီးယဲလ်အမှားခံတော့မှာမဟုတ် ဘူး။ အင်္ဂလိပ်အသင်းအားလုံးက အုပ်စုဗိုလ်ဖြစ်ဖို့အခြေအနေကောင်းနေတာကြောင့် အုပ်စုဒုတိယဖြစ်တဲ့အသင်း တိုင်း ပွဲကျပ်မှာဖြစ်ပြီး ဒီအခြေအနေကို ရှောင်နိုင်ဖို့အတွက် စပါးဆီကနေ ရီးယဲလ်အနိမ့်ဆုံး တစ်မှတ်ကနေ သုံးမှတ်အထိ ယူဖို့ အာရုံစိုက်ထားလိမ့်မယ်။ ဒီပွဲပြီးရင် စပါးက ပဲလေ့စ်နဲ့၊ ရီးယဲလ်က လက်စ်ပါမားစ်တို့နဲ့ ကစားရမှာဖြစ်လို့ ပွဲချောင်နေကြ ပြီး ချန်ပီယံလိဂ်ပွဲကိုပဲ အဓိကအာရုံစိုက်ကစားဖို့ရှိနေတယ်။ စပါးမှာက တံကောက်ကြောဒဏ်ရာရထားတဲ့ ဟာရီကိန်းပါနိုင် ဖို့မသေချာသေးသလို၊ ပါလာခဲ့ရင်လည်း ဒီရာသီ အိမ်ကွင်းမှာ သွင်းဂိုးနည်းနေတာ၊ ကြံ့ခိုင်မှုမပြည့်နိုင်တာတွေကြောင့် ခြေစွမ်း ပြနိုင်ဖို့မလွယ်ဘူး။ ချန်ပီယံလိဂ်အတွေ့အကြုံလည်းရင့်နေတဲ့ ရီးယဲလ်ကိုပဲ ကြိုက်တယ်။
ပွဲကြိုအချက်အလက်များ
■ ရီးယဲလ်မက်ဒရစ်အသင်းခံစစ်ပိုင်းသည် ချန်ပီယံလိဂ်အဝေးကွင်းကွင်းနောက်ဆုံး (၉)ပွဲတွင် ဂိုးမပေးရသည့်ပွဲ (၁)ပွဲသာရှိခဲ့သည်။
■ စပါးအသင်း၏ ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၅)ပွဲတွင် (၂)သင်းပေါင်းသွင်းဂိုးမှာ တစ်ပွဲပျမ်းမျှ (၂ .၆)ဂိုးရှိသည်။
■ ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၇)ပွဲတွင် ပွဲတိုင်းဂိုးသွင်းထားနိုင်ပြီးတစ်ပွဲပျမ်းမျှ (၂ .၃)ဂိုးရှိသည်။
■ စပါးအသင်း၏ ချန်ပီယံလိဂ်နောက်ဆုံး (၅)ပွဲတွင် (၂)သင်းပေါင်းသွင်းဂိုးမှာ တစ်ပွဲပျမ်းမျှ (၃ .၂)ဂိုးအထိရှိသည်။
Source : Eleven Sport