စေကာ့တလန္ေျမက ထြက္ေပၚလာခဲ့တဲ့ သတင္းေတြအရ ေအစီမီလန္ အသင္းဟာ PSG နဲ့ ဆဲလ္တစ္တုိ့ ကစားခဲ့ၾကတဲ့ ပြဲစဥ္မွာ ယမန္ႏွစ္က အသင္းနဲ့အတူ နာမည္ရလာခဲ့တဲ့ ဧည့္သည္အသင္းရဲ့ တုိက္စစ္မွဴးေလး မူဆာ ဒမ္ဘီလီကို ေစာင့္ၾကည့္ဖုိ႔ ကင္းေထာက္ေတြ ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္ ။
အဆုိပါ ပြဲစဥ္မွာ ဆဲလ္တစ္အသင္း တုိက္စစ္မွဴးေလးဟာ အသင္းအတြက္ ပထမဆံုး မိနစ္မွာ အံ့အားသင့္ဖြယ္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ျပီး ပံုစံေကာင္း ျပသထားနုိင္ခဲ့ေပမယ့္ မၾကာမီမွာပဲ အိမ္ရွင္အသင္းရဲ့ တရစပ္ တုိက္စစ္ဆင္ ဂိုးသြင္းယူမွဳေတြေၾကာင့္ ဆဲလ္တစ္တုိ႔ ဂိုးျပတ္ ရွံုးနိမ့္ခဲ့ရပါတယ္ ။
အဆုိပါ ပြဲစဥ္ အျပီးမွာေတာ့ စေကာ့တလန္က ထြက္ေပၚလာတဲ့ သတင္းေတြအရ ေအစီမီလန္ဟာ ဒမ္ဘီလီအတြက္ ကင္းေထာက္ေတြ ေစလႊတ္ျပီး ကစားသမားရဲ့ ေျခစြမ္းကုိ ေစာင့္ၾကည့္ေစခဲ့တယ္လို႔ သိရပါတယ္ ။
လက္ရွိ အခ်ိန္မွာေတာ့ အသက္ 21 နွစ္သာ ရွိေသးတဲ့ ဒမ္ဘီလီဟာ ေစ်းကြက္မွာ ေပါင္ သန္း 20 ခန့္ တန္ေၾကး ရွိေနတယ္လို့ သိရပါတယ္ ။
ဆဲလ္တစ္ဟာ 2016 ေႏြတုန္းက ဒမ္ဘီလီကို ဖူလ္ဟမ္ အသင္းကေန အလြတ္ ေျပာင္းေရႊ့ေၾကးနဲ့ ေခၚယူခဲ့တာ ျဖစ္ျပီး လက္ရွိ ရာသီမွာ အသင္းအတြက္ 14 ပြဲ ကစားေပးထားတဲ့ ဒမ္ဘီလီဟာ 7 ဂိုးသြင္း ၊ 3 ဂိုး ဖန္တီးေပးထားခဲ့ပါတယ္ ။
Unicode
ဆဲလ်တစ် အသင်း တိုက်စစ်မှူးလေး မူဆာဒမ်ဘီလီရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက် လွှတ်ထားခဲ့တဲ့ #အေစီ
===========================
စကော့တလန်မြေက ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ အေစီမီလန် အသင်းဟာ PSG နဲ့ ဆဲလ်တစ်တို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ယမန်နှစ်က အသင်းနဲ့အတူ နာမည်ရလာခဲ့တဲ့ ဧည့်သည်အသင်းရဲ့ တိုက်စစ်မှူးလေး မူဆာ ဒမ်ဘီလီကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ် ။
အဆိုပါ ပွဲစဉ်မှာ ဆဲလ်တစ်အသင်း တိုက်စစ်မှူးလေးဟာ အသင်းအတွက် ပထမဆုံး မိနစ်မှာ အံ့အားသင့်ဖွယ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ပုံစံကောင်း ပြသထားနိုင်ခဲ့ပေမယ့် မကြာမီမှာပဲ အိမ်ရှင်အသင်းရဲ့ တရစပ် တိုက်စစ်ဆင် ဂိုးသွင်းယူမှုတွေကြောင့် ဆဲလ်တစ်တို့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ် ။
အဆိုပါ ပွဲစဉ် အပြီးမှာတော့ စကော့တလန်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ အေစီမီလန်ဟာ ဒမ်ဘီလီအတွက် ကင်းထောက်တွေ စေလွှတ်ပြီး ကစားသမားရဲ့ ခြေစွမ်းကို စောင့်ကြည့်စေခဲ့တယ်လို့ သိရပါတယ် ။
လက်ရှိ အချိန်မှာတော့ အသက် 21 နှစ်သာ ရှိသေးတဲ့ ဒမ်ဘီလီဟာ စျေးကွက်မှာ ပေါင် သန်း 20 ခန့် တန်ကြေး ရှိနေတယ်လို့ သိရပါတယ် ။
ဆဲလ်တစ်ဟာ 2016 နွေတုန်းက ဒမ်ဘီလီကို ဖူလ်ဟမ် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိ ရာသီမှာ အသင်းအတွက် 14 ပွဲ ကစားပေးထားတဲ့ ဒမ်ဘီလီဟာ 7 ဂိုးသွင်း ၊ 3 ဂိုး ဖန်တီးပေးထားခဲ့ပါတယ် ။
Source : Sports Myanmar