Unicode
လက်ရွေးစင်အသင်းဖော် အန်ဒရီဆေးလ်ဗားကိုခေါ်ယူပေးရန်ပီရက်ဇ်ကိုတိုက်တွန်းလိုက်တဲ့ရော်နယ်ဒို
===============
ရီးရဲယ်မက်ဒရစ်အသင်းရဲ့ကစားသမား ရော်နယ်ဒိုဟာ အေစီမီလန်အသင်းရဲ့တိုက်စစ်မူး အန်ဒရီဆေးလ်ဗားကို လာမယ့်ဇန်နဝါရီတွင် ရီးရဲယ်အသင်းသို့ခေါ်ယူဖို့ ဥက္ကဋ္ဌ ဖလော့ရင့်တီနိုပီရက်ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
လက်ရှိရာသီတွင်ရီးရဲယ်အသင်းရဲ့တိုက်စစ်မူး ဘန်ဇီးမား ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပြီး အားထားရတဲ့တောင်ပံကစားသမား ဂါရက်ဘေးကလည်းဒဏ်ရာပြသနာများနှင့်ရုန်းကန်နေရခြင်းကြောင့်ရီးရဲအသင်းအနေဖြင့်တိုက်စစ်မူးတစ်ဦးထပ်မံခေါ်ယူဖို့လိုအပ်နေပါတယ်။ရော်နယ်ဒိုကတော့ တစ်နိုင်ငံထဲသား ဆေးဗားကို ခေါ်ယူစေလိုတယ်လို့သိရပါတယ်။
ရီးရဲယ်မက်ဒရစ်အသင်းဟာလက်ရှိရာသီ လာလီဂါတွင် အဆင့်၄တွင်သာရပ်တည်လျက်ရှိပြီး ဇယားထိပ်မှဘာစီလိုနာအသင်းနှင့် ၈မှတ်ကွာဟလျက်ရှိနေပါတယ်။ချန်ပီယံလိဂ်ရူံးထွက်အဆင့်တွင်လည်း ပီအက်ဂျီ အသင်းနှင့်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဆေးလ်ဗားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေ့ကာလကယူရို၃၃သန်းဖြင့် ပေါ်တိုအသင်းမှ အေစီမီလန်အသင်းကိုပြောင်းလာခဲ့သူဖြစ်ပါတယ်။ယခုနှစ်တွင် ဆေးလ်ဗားဟာ အေစီမီလန်အသင်းအတွက် ၁၈ ပွဲကစားပြီးရဂိုးသွင်းယူပေးထားတယ်လို့သိရပါတယ်။
ရီးရဲအသင်းဟာ အင်တာမီလန်အသင်းရဲ့တိုက်စစ်မူးအင်ကာဒီ ကိုလာမည့်ဇန်နဝါရီအပြောင်းအရွေ့မှာခေါ်ယူရန်သတင်းများထွက်နေသော်လည်း ရော်နယ်ဒိုကတော့တစ်နိုင်ငံထဲသားဖြစ်သူဆေးလ်ဗားကိုခေါ်ယူဖို့ တောင်းဆိုလိုက်တယ်လို့သိရပါတယ်။