မန္ခ်က္စတာ ယူႏုိက္တက္ အသင္းဟာ ယမန္ေန႔ညက CSKA Moscow အသင္းကို အိမ္ကြင္း အိုးထရက္ဖုိဒ့္ မွာ လက္ခံကစားခဲ့ၿပီး ၂ – ၁ ျဖင့္ အႏုိင္ရရွိခဲ့ပါတယ္ ။
အဆိုပါႏုိင္ပြဲေၾကာင့္ ယူႏုိက္တက္ ဟာ ခ်န္ပီယံလိဂ္ အုပ္စု ေအ မွာ အုပ္စုပထမေနရာျဖင့္ ရွဳံးထြက္အဆင့္ကို တက္ေရာက္သြားႏုိင္ခဲ့ၿပီျဖစ္ပါတယ္ ။
ဒါ့အျပင္ အိမ္ကြင္းမွာလည္း ၿပဳိင္ပြဲစံု ပြဲ ၄၀ ဆက္တုိက္ ရွဳံးပြဲမရွိေအာင္ ကစားထားႏုိင္ခဲ့ၿပီျဖစ္ပါတယ္ ။ ( ႏိုင္ – ၂၉ ၊ သေရ – ၁၁ ) ( သြင္းဂိုး – ၈၅ ဂိုး ၊ ေပးဂိုး – ၁၇ ဂိုး )
နည္းျပ ေမာ္ရင္ဟို ဟာ ပြဲထြက္ လူစာရင္းကိုအေျပာင္းအလဲေတြျပဳလုပ္ခဲ့ၿပီး ဂိုးသမားေနရာမွာ ရိုမဲရုိး ကို အသံုးျပဳခဲ့သလို ဘယ္ေနာက္ခံလူေနရာမွာလည္း ကစားခြင့္ မရတာ ၾကာျမင့္ၿပီျဖစ္တဲ့ လုခ္ေရွာ ကို ကစားေစခဲ့ ပါတယ္ ။ ကြင္းလယ္မွာေတာ့ ဟာရဲရား နဲ႔ ေပါ့ဘာ တို႔ ပါ၀င္ခဲ့ၿပီး မာတာ က နံပါတ္ ၁၀ ေနရာကို ၀င္ကစားၿပီး လူကာကူ နဲ႔ ရက္ဖုိဒ့္ တုိ႔ ၂ ဦးကို တိုက္စစ္မွာ ထားကစားခဲ့ပါတယ္ ။
ပထမပုိင္းမွာ ဧည့္သည္ အသင္းက ဦးေဆာင္ဂိုးသြင္းယူသြားခဲ့ေပမယ့္ ယူႏုိက္တက္ အတြက္ ဂိုးေပါက္ ေပ်ာက္ေနတဲ့ လူကာကူ က ေပါ့ဘာ ရဲ႕ ဖန္တီးေပးမႈကတဆင့္ ေျခပဂိုးသြင္းယူေပးခဲ့ၿပီး ရက္ဖိုဒ့္ က ၂ မိနစ္ အၾကာမွာ အနုိင္ဂိုးကို သြင္းယူေပးခဲ့ၿပီး အိမ္ကြင္း မွတ္တမ္းေကာင္းနဲ႔ အုပ္စု ဗိုလ္ ေနရာကို ရယူႏုုိင္ခဲ့ပါတယ္
“ကြ်န္ေတာ္တုိ႔ ေနာက္တစ္ဆင့္ကို ကိုယ္ျဖစ္ေစခ်င္တဲ့ ပံုစံအတုိင္း တက္လွမ္းႏုိင္ခဲ့ပါပီ ။ ေျပာခ်င္တာကေတာ့ ပံုစံေကာင္းေတြ ၊ ရလဒ္ေကာင္းေတြနဲ႔ ေနာက္တစ္ဆင့္တက္ခဲ့တယ္လို႔ ဆိုခ်င္တာပါ ။ ပထမပိုင္းမွာ ကြ်န္ေတာ္တုိ႔ ရွဳံးေနခဲ့တယ္ ၊ ဒါေပမယ့္ ကစားပံုေကာင္းတယ္ ။ အသင္းသားေတြနဲ႔ ပတ္သက္လုိ႔ေတာ့ ကြ်န္ေတာ္ သိပ္ၿပီး ေက်နပ္မႈမရွိပါဘူး ။ ဒုတိယပုိင္းမွာေတာ့ ကြ်န္ေတာတို႔ ပိုၿပီး မာမာထန္ထန္ တုန္႔ျပန္လာႏုိင္ ခဲ့ပါတယ္ ။ ဒီပြဲကို ရွဳံးလည္းတက္တယ္ဆုိေပမယ့္ ကြ်န္ေတာ္တို႔ မရွဳံးခ်င္ခဲ့ၾကပါဘူး ။ ကြ်န္ေတာ့ေကာင္ေလး ေတြက ပရိုဆန္ဆန္ ကစားသြားႏုိင္ခဲ့ၾကတယ္လို႔ ထင္ပါတယ္ ။ သူတုိ႔ရဲ႕ စိတ္ဓါတ္ပုိင္းကို ကြ်န္ေတာ္ သေဘာက်မိပါတယ္” လို႔ ေမာ္ရင္ဟို က ေျပာဆုိသြားခဲ့ပါတယ္ ။
ဒါ့အျပင္ ဂိုးေပါက္ျပန္လည္ ရွာေတြ႕ခဲ့တဲ့ လူကာကူ နဲ႔ ပတ္သက္လုိ႔လည္း “တစ္ေယာက္ေယာက္ က ဂိုးသြင္းမယ္ဆုိရင္ ကြ်န္ေတာ္ က ေတာ့ တုိက္စစ္မႈးကိုပဲ ျဖစ္ေစခ်င္ပါတယ္ ။ ဘာလုိ႔လည္း ဆိုေတာ့ ဒါက သူတို႔ တာ၀န္ျဖစ္လုိ႔ သူတို႔ရဲ႕ ခံယူခ်က္နဲ႔ ယံုၾကည္မႈေတြကို တိုးပြားေစႏုိင္ပါ တယ္ ။ ရိုမီရို ( လူကာကူ ) ဟာ သူ႔ရဲ႕ လုပ္ႏုိင္စြမ္းနဲ႔ အသင္းကို အၿမဲ ကူညီေပးေနတဲ့သူပါ ။ သူ ဂိုးသြင္းလည္း ရပါ တယ္ ၊ မသြင္းလည္းရပါတယ္ ။ သူ ဂိုးသြင္းနုိင္ခဲ့ရင္ေတာ့ သူ႔စိတ္ထဲမွာ ေနလို႔ထိုင္လုိ႔ ေကာင္းသြားမွာျဖစ္သလို ေပ်ာ္ရႊင္မႈေတြလည္း ခံစားရမွာပါ ။ ဘာလုိ႔လည္းဆိုေတာ့ သူက အၿမဲတမ္းဂိုးဆာေလာင္ေနတဲ့ တုိက္စစ္မႈး ျဖစ္လုိ႔ပါပဲ ။ ဘာလုိပဲျဖစ္ျဖစ္ ကြ်န္ေတာ္ က ေတာ့ လူကာကူ အတြက္ ေပ်ာ္ရႊင္မိပါတယ္” လို႔ ေမာ္ရင္ဟို က သူ႔ရဲ႕ တုိက္စစ္မႈးဘက္ကေန ရွိေနေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။
ေနာက္ခံလူ လုခ္ေရွာ ဟာ ဒဏ္ရာေၾကာင့္ အသင္း၇ဲ႕ ပြဲေတြကို ၾကာျမင့္စြာ ကင္းကြာခဲ့ရေပမယ့္ ယမန္ေန႔ညက ပြဲမွာ အေကာင္းဆံုး ကစားသြားခဲ့ၿပီး Man of the Match ဆုကိုလည္း ရရွိခဲ့ပါတယ္ ။
ဒါ့အျပင္ ယမန္ေန႔ညက ပြဲဟာ လုခ္ေရွာ အတြက္ ယူႏုိက္တက္ ကစားသမားဘ၀ ပြဲေပါင္း ၅၀ ျပည့္ေျမာက္တဲ့ ပြဲလည္းျဖစ္ခဲ့ပါတယ္ ။
“ဒီပြဲက ေရွာ အတြက္ အရမ္းကို အေပါင္းလကၡဏာေဆာင္တဲ့ ပြဲတစ္ပြဲပါပဲ ။ အထူးသျဖင့္ ေဘာလံုးကို သယ္ၿပီး ေရွ႕တက္သြားတဲ့ အခါမ်ဳိးေတြမွာေပါ့ ။ သူဟာ အရွိန္ဟုန္ျပင္းျပင္း ၊ ျမန္ျမန္ဆန္ဆန္ ေရႊ႕လ်ားႏုိင္သလုိ ဖန္တီး မႈေတြလည္း အမ်ားႀကီး လုပ္ျပႏုိင္ခဲ့ပါတယ္ ။ သူ အခု ယူနုိက္တက္ အတြက္ ဒီရာသီ ပထမဆံုးပြဲကို ကစားခဲ့ ၿပီးပါပီ ။ ေနာက္ထပ္လည္း အခြင့္အေရးေတြ ပိုရလာဦးမွာပါ” လို႔ နည္းျပႀကီးက လုခ္ေရွာ အေပၚေျပာဆိုသြားခဲ့ ပါတယ္ ။
ယူနုိက္တက္ လူငယ္အသင္း ဟာလည္း CSKA လူငယ္အသင္းကို တစ္လံုးတည္းေသာ ဂိုးနဲ႔ အႏုိင္ယူၿပီး လူငယ္ ခ်န္ပီယံလိဂ္ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားခဲ့ၿပီျဖစ္ပါတယ္ ။
လာမယ့္ တနဂၤေႏြမွာ ရင္ဆုိင္ကစားမယ့္ စီးတီး အသင္းရဲ႕ ကြင္းလယ္လူ ေဒးဗစ္ ေဆးဗား ဒဏ္ရာႀကံ႕ခုိင္မႈ မျပည့္၀ေသးတာေၾကာင့္ ပါ၀င္ဖုိ႔မေသခ်ာဘူးဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔လည္း ေမာ္ရင္ဟို က ေထ့ေငါ့ စကားဆိုခဲ့ၿပီး ဒဏ္ရာ ကစားသမားေတြနဲ႔ ပတ္သက္လုိ႔ မိမိ သာ အမွန္ကိုေျပာတက္တာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ အာဆင္နယ္ နဲ႔ ပြဲက လာကာဇက္တီ ရဲ႕ ဒဏ္ရာနဲ႔ ပတ္သက္ၿပီး ဥပမာ ႏႈိင္းယွဥ္ေျပာဆိုသြားခဲ့ပါတယ္ ။
ယမန္ေန႔က က်ေရာက္ခဲ့တဲ့ ယူႏုိက္တက္ ေတာင္ပံကစားသမားေလး မာရွယ္ ရဲ႕ ၂၂ ႏွစ္ျပည့္ေမြးေန႔ကို အျခားအသင္းေတြမွာ အငွားကစားေနၾကတဲ့ ဖိုဆူမန္ဆာ နဲ႔ အန္ဒါ ပါရဲရား တို႔က ဆုေတာင္းမက္ေဆ့ေတြ ပုိ႔သ ခဲ့ၾကတယ္လို႔ သိရပါတယ္ ။
ယမန္ေန႔ညက ကစားသြားခဲ့ၾကတဲ့ မန္ခ်က္စတာ ယူႏုိက္တက္ အသင္းသားတို႔ရဲ႕ Rating မ်ား –
ဆာဂ်ီယို ရိုမဲရိုး ၇ ။ ဗလင္စီယာ ၆ ။ လင္ဒီေလာ့ဖ္ ၇ ။ စေမာလင္း ၆ ။ ဘလင္း ၅ ။ လုခ္ေရွာ ၈ ။ ေပါ့ဘာ ၈ ။ ဟာရဲရား ၆ ။ မာတာ ၇ ။ ရက္ဖုိဒ့္ ၇ ။ လူကာကူ ၈
မက္ေတာ္မီေနး ၅ ။ တြမ္ဇီဘီ ၆ ။ မာရွယ္ ၆ တို႔ျဖစ္ၾကပါတယ္
မန္ခ်က္စတာ ယူႏုိက္တက္ ဟာ လာမယ့္ တနဂၤေႏြေန႔မွာ အဆင့္ ၁ ေနရာက ၈ မွတ္ျဖတ္ထားတဲ့ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာ စီးတီး အသင္းကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ၿပီး ရမွတ္ကြာဟမႈကို ေလ်ာ့ခ်ႏုိင္ဖုိ႔ အတြက္ အႏုိင္ကစားဖို႔ လိုအပ္ ေနပါတယ္ ။
Unicode
မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ
========================================================
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယမန်နေ့ညက CSKA Moscow အသင်းကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ လက်ခံကစားခဲ့ပြီး ၂ – ၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ် ။
အဆိုပါနိုင်ပွဲကြောင့် ယူနိုက်တက် ဟာ ချန်ပီယံလိဂ် အုပ်စု အေ မှာ အုပ်စုပထမနေရာဖြင့် ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ် ။
ဒါ့အပြင် အိမ်ကွင်းမှာလည်း ပြိုင်ပွဲစုံ ပွဲ ၄၀ ဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ( နိုင် – ၂၉ ၊ သရေ – ၁၁ ) ( သွင်းဂိုး – ၈၅ ဂိုး ၊ ပေးဂိုး – ၁၇ ဂိုး )
နည်းပြ မော်ရင်ဟို ဟာ ပွဲထွက် လူစာရင်းကိုအပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး ဂိုးသမားနေရာမှာ ရိုမဲရိုး ကို အသုံးပြုခဲ့သလို ဘယ်နောက်ခံလူနေရာမှာလည်း ကစားခွင့် မရတာ ကြာမြင့်ပြီဖြစ်တဲ့ လုခ်ရှော ကို ကစားစေခဲ့ ပါတယ် ။ ကွင်းလယ်မှာတော့ ဟာရဲရား နဲ့ ပေါ့ဘာ တို့ ပါ၀င်ခဲ့ပြီး မာတာ က နံပါတ် ၁၀ နေရာကို ၀င်ကစားပြီး လူကာကူ နဲ့ ရက်ဖိုဒ့် တို့ ၂ ဦးကို တိုက်စစ်မှာ ထားကစားခဲ့ပါတယ် ။
ပထမပိုင်းမှာ ဧည့်သည် အသင်းက ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပေမယ့် ယူနိုက်တက် အတွက် ဂိုးပေါက် ပျောက်နေတဲ့ လူကာကူ က ပေါ့ဘာ ရဲ့ ဖန်တီးပေးမှုကတဆင့် ခြေပဂိုးသွင်းယူပေးခဲ့ပြီး ရက်ဖိုဒ့် က ၂ မိနစ် အကြာမှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အိမ်ကွင်း မှတ်တမ်းကောင်းနဲ့ အုပ်စု ဗိုလ် နေရာကို ရယူနုုိင်ခဲ့ပါတယ်
“ကျွန်တော်တို့ နောက်တစ်ဆင့်ကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံအတိုင်း တက်လှမ်းနိုင်ခဲ့ပါပီ ။ ပြောချင်တာကတော့ ပုံစံကောင်းတွေ ၊ ရလဒ်ကောင်းတွေနဲ့ နောက်တစ်ဆင့်တက်ခဲ့တယ်လို့ ဆိုချင်တာပါ ။ ပထမပိုင်းမှာ ကျွန်တော်တို့ ရှုံးနေခဲ့တယ် ၊ ဒါပေမယ့် ကစားပုံကောင်းတယ် ။ အသင်းသားတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် သိပ်ပြီး ကျေနပ်မှုမရှိပါဘူး ။ ဒုတိယပိုင်းမှာတော့ ကျွန်တောတို့ ပိုပြီး မာမာထန်ထန် တုန့်ပြန်လာနိုင် ခဲ့ပါတယ် ။ ဒီပွဲကို ရှုံးလည်းတက်တယ်ဆိုပေမယ့် ကျွန်တော်တို့ မရှုံးချင်ခဲ့ကြပါဘူး ။ ကျွန်တော့ကောင်လေး တွေက ပရိုဆန်ဆန် ကစားသွားနိုင်ခဲ့ကြတယ်လို့ ထင်ပါတယ် ။ သူတို့ရဲ့ စိတ်ဓါတ်ပိုင်းကို ကျွန်တော် သဘောကျမိပါတယ်” လို့ မော်ရင်ဟို က ပြောဆိုသွားခဲ့ပါတယ် ။
ဒါ့အပြင် ဂိုးပေါက်ပြန်လည် ရှာတွေ့ခဲ့တဲ့ လူကာကူ နဲ့ ပတ်သက်လို့လည်း “တစ်ယောက်ယောက် က ဂိုးသွင်းမယ်ဆိုရင် ကျွန်တော် က တော့ တိုက်စစ်မှုးကိုပဲ ဖြစ်စေချင်ပါတယ် ။ ဘာလို့လည်း ဆိုတော့ ဒါက သူတို့ တာဝန်ဖြစ်လို့ သူတို့ရဲ့ ခံယူချက်နဲ့ ယုံကြည်မှုတွေကို တိုးပွားစေနိုင်ပါ တယ် ။ ရိုမီရို ( လူကာကူ ) ဟာ သူ့ရဲ့ လုပ်နိုင်စွမ်းနဲ့ အသင်းကို အမြဲ ကူညီပေးနေတဲ့သူပါ ။ သူ ဂိုးသွင်းလည်း ရပါ တယ် ၊ မသွင်းလည်းရပါတယ် ။ သူ ဂိုးသွင်းနိုင်ခဲ့ရင်တော့ သူ့စိတ်ထဲမှာ နေလို့ထိုင်လို့ ကောင်းသွားမှာဖြစ်သလို ပျော်ရွှင်မှုတွေလည်း ခံစားရမှာပါ ။ ဘာလို့လည်းဆိုတော့ သူက အမြဲတမ်းဂိုးဆာလောင်နေတဲ့ တိုက်စစ်မှုး ဖြစ်လို့ပါပဲ ။ ဘာလိုပဲဖြစ်ဖြစ် ကျွန်တော် က တော့ လူကာကူ အတွက် ပျော်ရွှင်မိပါတယ်” လို့ မော်ရင်ဟို က သူ့ရဲ့ တိုက်စစ်မှုးဘက်ကနေ ရှိနေကြောင်း ပြောဆိုသွားခဲ့ပါတယ် ။
နောက်ခံလူ လုခ်ရှော ဟာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲတွေကို ကြာမြင့်စွာ ကင်းကွာခဲ့ရပေမယ့် ယမန်နေ့ညက ပွဲမှာ အကောင်းဆုံး ကစားသွားခဲ့ပြီး Man of the Match ဆုကိုလည်း ရရှိခဲ့ပါတယ် ။
ဒါ့အပြင် ယမန်နေ့ညက ပွဲဟာ လုခ်ရှော အတွက် ယူနိုက်တက် ကစားသမားဘဝ ပွဲပေါင်း ၅၀ ပြည့်မြောက်တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ် ။
“ဒီပွဲက ရှော အတွက် အရမ်းကို အပေါင်းလက္ခဏာဆောင်တဲ့ ပွဲတစ်ပွဲပါပဲ ။ အထူးသဖြင့် ဘောလုံးကို သယ်ပြီး ရှေ့တက်သွားတဲ့ အခါမျိုးတွေမှာပေါ့ ။ သူဟာ အရှိန်ဟုန်ပြင်းပြင်း ၊ မြန်မြန်ဆန်ဆန် ရွှေ့လျားနိုင်သလို ဖန်တီး မှုတွေလည်း အများကြီး လုပ်ပြနိုင်ခဲ့ပါတယ် ။ သူ အခု ယူနိုက်တက် အတွက် ဒီရာသီ ပထမဆုံးပွဲကို ကစားခဲ့ ပြီးပါပီ ။ နောက်ထပ်လည်း အခွင့်အရေးတွေ ပိုရလာဦးမှာပါ” လို့ နည်းပြကြီးက လုခ်ရှော အပေါ်ပြောဆိုသွားခဲ့ ပါတယ် ။
ယူနိုက်တက် လူငယ်အသင်း ဟာလည်း CSKA လူငယ်အသင်းကို တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ယူပြီး လူငယ် ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ် ။
လာမယ့် တနင်္ဂနွေမှာ ရင်ဆိုင်ကစားမယ့် စီးတီး အသင်းရဲ့ ကွင်းလယ်လူ ဒေးဗစ် ဆေးဗား ဒဏ်ရာကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် ပါ၀င်ဖို့မသေချာဘူးဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း မော်ရင်ဟို က ထေ့ငေါ့ စကားဆိုခဲ့ပြီး ဒဏ်ရာ ကစားသမားတွေနဲ့ ပတ်သက်လို့ မိမိ သာ အမှန်ကိုပြောတက်တာဖြစ်ကြောင်း ပြီးခဲ့တဲ့ အာဆင်နယ် နဲ့ ပွဲက လာကာဇက်တီ ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး ဥပမာ နှိုင်းယှဉ်ပြောဆိုသွားခဲ့ပါတယ် ။
ယမန်နေ့က ကျရောက်ခဲ့တဲ့ ယူနိုက်တက် တောင်ပံကစားသမားလေး မာရှယ် ရဲ့ ၂၂ နှစ်ပြည့်မွေးနေ့ကို အခြားအသင်းတွေမှာ အငှားကစားနေကြတဲ့ ဖိုဆူမန်ဆာ နဲ့ အန်ဒါ ပါရဲရား တို့က ဆုတောင်းမက်ဆေ့တွေ ပို့သ ခဲ့ကြတယ်လို့ သိရပါတယ် ။
ယမန်နေ့ညက ကစားသွားခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသားတို့ရဲ့ Rating များ –
ဆာဂျီယို ရိုမဲရိုး ရ ။ ဗလင်စီယာ ၆ ။ လင်ဒီလော့ဖ် ရ ။ စမောလင်း ၆ ။ ဘလင်း ၅ ။ လုခ်ရှော ၈ ။ ပေါ့ဘာ ၈ ။ ဟာရဲရား ၆ ။ မာတာ ရ ။ ရက်ဖိုဒ့် ရ ။ လူကာကူ ၈
မက်တော်မီနေး ၅ ။ တွမ်ဇီဘီ ၆ ။ မာရှယ် ၆ တို့ဖြစ်ကြပါတယ်
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေနေ့မှာ အဆင့် ၁ နေရာက ၈ မှတ်ဖြတ်ထားတဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီး အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ရမှတ်ကွာဟမှုကို လျော့ချနိုင်ဖို့ အတွက် အနိုင်ကစားဖို့ လိုအပ် နေပါတယ် ။
Source : Sports Myanamr