အသင်းပရိသတ်တစ်ဦးကို ကန်တိုနာပုံစံ ကွန်ဖူးကစ်ဖြင့် ကန်ခဲ့သည့် အီဗရာကို မာဆေးလ်အသင်း အရေးယူမည်

 

မာဆေးလ်အသင်းသည် အသင်းပရိသတ်တစ်ဦးကို မန်ယူကစားသမားဟောင်း ကန်တိုနာ
ပုံစံ ကွန်ဖူးကစ်ဖြင့် ကန်ခဲ့သည့် ၎င်းတို့၏နောက်ခံလူ အီဗရာအား အရေးယူရန် စစ်ဆေးမှု
ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ဗစ်တိုးရီးယားဂွီမာရေ့စ်ကို (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ယူရိုပါလိဂ်ပွဲမတိုင်မီ အီဗရာ အပါအ၀င်
မာဆေးလ်အသင်းမှ ကစားသမားများ လေ့ကျင့်ခန်းဆင်းနေစဉ် မာဆေးလ်ပရိသတ်အချို့နှင့်
အီဗရာမှာ အချင်းများခဲ့ပြီး ၎င်းက ပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ခဲ့ခြင်းဖြစ်သည်။ ယင်း
လုပ်ရပ်ကြောင့် အီဗရာမှာ ပွဲမစတင်မီကတည်းက ထုတ်ပယ်ခံခဲ့ရပြီး ယူရိုပါလိဂ်တွင် ပွဲမတိုင်မီ
ထုတ်ပယ်ခံခဲ့ရသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

ယခုနှစ်၊ ဇန်န၀ါရီလအတွင်းက ဂျူဗင်တပ်စ်မှ မာဆေးလ်သို့ ပြောင်းရွှေ့ခဲ့သူ အီဗရာသည် ယခုရာ
သီတွင် ခြေစွမ်းမပြနိုင်သဖြင့် ပရိသတ်များ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသူလည်းဖြစ်သည်။ မာဆေးလ်
အသင်းက-အီဗရာ၏လုပ်ရပ်နှင့်ပတ်သက်၍ မိမိတို့ အသေးစိတ် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊
ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအနေဖြင့် သည်းမခံနိုင်လောက်သည့် လှောင်ပြောင်မှုများ၊ ဒေါသ


ထွက်စရာများနှင့် ကြုံတွေ့ရပါက အတတ်နိုင်ဆုံး စိတ်ထိန်းရန် လိုအပ်ကြောင်း၊ အီဗရာအပြင် ၎င်းကို
လှောင်ပြောင်ခဲ့သည့်ပရိသတ်ကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း-ထုတ်ပြန်ကြေညာခဲ့သည်။

Source: Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *