မန်စီးတီးမှာကာလရှည်ဆက်ရှိဖို့မျက်စိကျနေတဲ့ကယ်ဗင်ဒီဘရိုင်း
=======================================
ကယ်ဗင်ဒီဘရိုင်းကသူ့အနေနဲ့မန်ချက်စတာစီးတီးအသင်းမှထွက်ခွာဖို့အစီအစဉ်မရှိဘဲပရီးမီးယားလိဂ်ကလပ်မှာကာလရှည်ဆက်ရှိသွားမယ်လို့ယုံကြည်ကြောင်းပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကဝုဖ်ဘတ်မှပြောင်းလာခဲ့ပြီးနောက်ဒီဘရိုင်းဟာအင်္ဂလန်မှာသာမကကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။
မန်စီးတီးနဲ့စာချုပ်သက်တမ်း၄နှစ်ကျန်ရှိနေသေးတဲ့ဒီဘရိုင်းက “ပက်ဂွာဒီယိုလာမန်စီးတီးကိုရောက်ရှိလာကတည်းကသူဟာကျွန်တော်နှစ်သက်တဲ့ဘောလုံးကစားပုံနဲ့ကစားခဲ့ပါတယ်။ ဒါကြောင့်ဒါဟာကစားသမားတစ်ဦးအနေနဲ့ပိုမိုလွယ်ကူစေပါတယ်။
ကျွန်တော်ဒီမှာရှိနေတာကိုနှစ်သက်ပြီးစီးတီးဟာပြီးပြည့်စုံတဲ့ပတ်ဝန်းကျင်ပါပဲ။ ကျွန်တော်ဒီကိုရောက်လာကတည်းကကျွန်တော့်အပေါ်ယုံကြည်မှုတွေရှိခဲ့ပါတယ်။ ကျွန်တော်သူတို့လုပ်ကိုင်လျက်ရှိနေတဲ့စီမံကိန်းတွေကိုလည်းနှစ်သက်သဘောကျပါတယ်။
ကျွန်တော်ဒီကိုရောက်လာတုန်းကအသင်းဟာအနည်းငယ်အိုနေပါတယ်။ သူတို့အပြောင်းအရွေ့အများအပြားနဲ့လူငယ်ကစားသမားတွေကိုအားဖြည့်ကာအနာဂတ်အတွက်ပြင်ဆင်နိုင်ခဲ့ပါတယ်။
ဒီစီမံကိန်းတွေကိုကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော်ဒီမှာအရမ်းကိုပျော်ရွှင်ပါတယ်။ ကျွန်တော်ဒီမှာအချိန်အကြာကြီးရှိနေမယ်လို့မျှော်လင့်ထားပါတယ်။” လို့ပြောသွားပါတယ်။
Source : Sports Myanmar
Leave a comment
Your email address will not be published. Required fields are marked *