ကြိုဆိုရမယ့် ပြည်နယ်နှင့် တိုင်းပြိုင်ပွဲ

မြန်မာ့ဘောလုံးအားကစားနည်းနဲ့ပတ်သက်လို့ စာရေး သူ သုံးသပ်မိသလောက်ရေးရရင် မြန်မာအဆင့်နဲ့ ကမ္ဘာ ကိုလှမ်းဖို့ဆိုတာ အဝေးကြီးမှာပါ။

မြန်မာနဲ့ အနီးကပ်ရှိနေတဲ့ ဒေသတွင်းပြိုင်ပွဲဖြစ်တဲ့ ဆီးဂိမ်းနဲ့အာဆီယံပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ဖို့ပဲ လိုအပ်တာပါ။ အခုတော့ အလှမ်းကျယ်လို့ အလယ်လပ်ပြီး ဟိုဟာမအောင်မြင်၊ ဒီဟာမအောင်မြင်နဲ့ ဖြစ်ရတာပါ။

အောင်မြင်မှုလိုချင်ရင် အခြေခံကစရတာပါ။ အခြေခံ  မှာအားနည်းမှုတွေရှိနေရင်တော့ အဆင့်မြင့်ဖို့၊ အောင်မြင်မှု  ရရှိဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် အခြေခံ ဆိုတာကို မေ့ထားလုိ့မရပါဘူး။

ရိုးရိုးလေးတွေးကြည့်တာတောင် ပြေးကြည့်တာထက် မှန်တဲ့အဖြစ်ပါပဲ။ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတုန်းက အဖြစ်ဆိုးပါ။

ဘောလုံးအားကစားနည်းနဲ့ပတ်သက်လို့ပြောရရင် အိမ်ရှင်အဖြစ် လက်ခံပြီး ကိုယ့်ကွင်းကိုယ့်ပရိသတ်ရှေ့မှာ မြန်မာအသင်းအုပ်စုက ထွက်ရလိမ့်မယ်လို့ ထင်မထားခဲ့ ပါဘူး။

အိမ်ရှင်အခွင့်အရေးရှိတယ်၊ လေ့ကျင့်မှုလုံလောက် တယ်။ အဲဒါတွေရှိပေမယ့် အဆင့်ဆင့်ဖြတ်သန်းလာမှု အတွေ့အကြုံတွေက နည်းခဲ့တယ်။ ပြည်ပနည်းပြဖြစ်ပေ မယ့် ရှုံးခဲ့တယ်မဟုတ်ပါလား။

ထင်သလိုမဖြစ်ဘဲ မထင်သလို ဖြစ်ခဲ့ရတဲ့ အကြောင်း ပြေးမကြည့်ဘဲ တွေးကြည့်လိုက်မိပါတယ်။ ဘောလုံးသမား   တစ်ယောက်ဟာ ခုန်ပျံကျော်လွှားပြီး အမြင့်ကိုရောက်လာ တာနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားပြီးမှ၊ ရောက်လာတာ   ဟာ တူနေပေမယ့် စွမ်းရည်ထက်မြက်မှုခြင်း၊ အခြေခံပိုင် နိုင်မှုခြင်း မတူနိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ အဆင့်ဆင့်လေ့ကျင့်ယှဉ် ပြိုင်ခဲ့ရတာနဲ့ လိုအပ်ချက်အရ (စွတ်)ဆိုပြီး အမြင့်နေရာကို ရောက်ခဲ့ရတာဟာ ဘောလုံးအားကစားနည်းနဲ့ ပတ်သက် လို့ မတူတာလေးရှိကြမှာပါ။ အမြင့်ကို မရောက်ခင် ကာလမှာ မြို့နယ်ပေါင်းစုံ၊ ပြိုင်ပွဲခရိုင်ပေါင်းစုံပြိုင်ပွဲ၊ ပြည် နယ်နဲ့တိုင်းလို ပြိုင်ပွဲမျိုးတွေက ကစားခဲ့ဖို့တော့ လိုအပ် ပါတယ်။

အဲဒီလို အဆင့်ဆင့်ပြိုင်ပွဲတွေကို ဖြတ်ကျော်ယှဉ်ပြိုင်   လာရတဲ့ အတွေ့အကြုံတွေဟာ အဲဒီလိုမျိုးအဆင့်တွေကို မကစားဘူးပဲ အပေါင်းအသင်းကောင်းလို့ အဆင့်မြင့်နေရာ  တွေကို ရောက်လာတဲ့ ကစားသမားတွေထက် ဘောလုံး   အားကစားနည်းကို ပိုပြီးအကျိုးပြုတယ်ဆိုတာ မြေကြီး လက်ခတ်မလွဲပါဘူး။

ဟိုတုန်းက ပြည်နယ်နဲ့တိုင်းလို ပြိုင်ပွဲကိုရောက်ဖို့ ရပ်ကွက်ပေါင်းစုံကစပြီး အဆင့်ဆင့် ကြိုးစားခဲ့ကြရတာပါ။ ဟိုအရင်တုန်းက ပြည်နယ်၊ တိုင်းအဆင့်ဟာ MNL ကလပ် အသင်း အချို့ထက်သာတယ်လို့ ပြောရင်လွန်မယ်မထင် ပါဘူး။ မြန်မာ့ဘောလုံးရဲ့ ရွှေခေတ်ကာလဆိုတာကို မေ့ ထားလို့ရပေမယ့် ဖျောက်ဖျက်လို့မရတာတော့ အသေအချာ ပါပဲ။ လက်ရှိဘောလုံးအားကစားနည်းနဲ့ ပတ်သက်လို့၊ အားနည်းချက်တွေများနေလို့ ပြိုင်ပွဲတွေရွှေမဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါ။

အဲဒါဟာ ဘောလုံးကစားနည်းနဲ့ ပတ်သက်လို့ အတွေ့ အကြုံမပြည့်စုံခဲ့လို့ပဲ သတ်မှတ်ရမှာပါ။ ရွှေခေတ်မြန်မာ့ ဘောလုံးရဲ့အသက်ဟာ ပြည်နယ်နဲ့တိုင်း ဘောလုံးပြိုင်ပွဲ များပဲဖြစ်ပါတယ်။

ရွှေခေတ်က ဘောလုံးသမားတွေထဲမှာ ရွှေတံဆိပ် အများဆုံး ပိုင်ဆိုင်ထားသူတွေဖြစ်တဲ့ ရဲñွန့်၊ မျိုးဝင်းñွန့်၊ အေးမောင်ကြီး၊ ဂိုးတင်အောင်တို့ဟာ ပြည်နယ်နဲ့ တိုင်း ပြိုင်ပွဲတွေက ပေါ်ထွက်လာသူများပဲ ဖြစ်ပါတယ်။

ပြည်နယ်နဲ့တိုင်းဘောလုံးပြိုင်ပွဲဟာ ၁၉၅၂ ခုနှစ်က စတင်ကျင်းပလာခဲ့တာပါ။ တစ်နှစ်တစ်ခါ ကျင်းပလေ့ ရှိတဲ့ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကနေ မြန်မာသာမက အာရှဒေသအထိကျော်ခဲ့သူ ဗဟာဒူးဟာ အဲဒီပြိုင်ပွဲကနေ ပေါ်ထွက်လာခဲ့တဲ့ ဘောလုံးသူရဲကောင်းတစ်ဦးပဲ ဖြစ် ပါတယ်။

ဟိုအရင် ပထမတန်းကလပ်အသင်းတွေက ကစား သမားတွေဟာ အဆင့်ဆင့်သော ပြိုင်ပွဲတွေကို ကစားခဲ့ရလို့ ဘောလုံးပညာနဲ့ ပြိုင်ပွဲဝင်အတွေ့အကြုံတွေ ရင့်ကျက် ခဲ့ကြလို့ အားသာမှုတွေရှိခဲ့တာပါ။

ဒီနေ့ကာလ MNL ဘောလုံးအသင်းတွေက ဘောလုံး သမားတွေဟာ ပြိုင်ပွဲဝင်အတွေ့အကြုံတွေ အားနည်း နေတာရယ်၊ အဆင့်ဆင့်ဖြတ်သန်း လာရမှုတွေမရှိဘဲ အဆင့်ကျော်တက်လာရတဲ့ အသွင်မျိုးရှိနေလို့ ပြိုင်ပွဲ တိုင်းမှာရလဒ်ဆိုးခဲ့ရတာပါ။

MNL ပြိုင်ပွဲဟာ ပရိုအဆင့်ပြိုင်ပွဲလို့ သတ်မှတ်ထား ပေမယ့် တကယ်တမ်းပြိုင်ပွဲဝင်နေတဲ့ ကစားသမားတွေ ရဲ့ ကစားနည်းကစားဟန်တွေကို ကြည့်လိုက်တော့ ပရို အဆင့်ရှိသူက ခပ်ရှားရှားပါ။

လက်ရွေးစင်ဆိုပြီး ရွေးချယ်ခဲ့ရပေမယ့် လက်ရွေးစင်   အဆင့်မရှိလေတော့ လက်ရွေးစင်အဆင့်ရှိတဲ့ ကစားသမား တွေနဲ့ဆုံတဲ့အခါ ရှုံးခဲ့ရတာနဲ့ ပတ်သက်လို့ ဝမ်းနည်းစရာ မရှိပါဘူး။

အဲဒီဖြစ်ရပ်နဲ့ အနေအထားကို အခြေခံပြီး သေသေ ချာချာ စိစစ်ကြည့်လိုက်တော့ အားနည်းမှုများစွာရှိနေတာ ကို တွေ့ရပါတယ်။ လက်ရှိအနေအထားမှာတော့ တန်ဖိုး ကြီးမားလွန်းတဲ့ ပြည်နယ်နဲ့တိုင်းဘောလုံးပြိုင်ပွဲကို ထဲထဲ ဝင်ဝင် မကျင်းပပေးနိုင်တာဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့ တာပဲလို့ သုံးသပ်ချင်ပါတယ်။

ပြည်နယ်နဲ့တိုင်းလက်ရွေးစင်ဖြစ်ဖို့အတွက် အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရတာတွေက အတွေ့အကြုံကောင်းတွေ၊ ဆရာကောင်းတွေ ဖြစ်ခဲ့တာပါ။

တစ်နေ့က တပည့်တစ်ဦးဖြစ်ခဲ့တဲ့ MNL ကလပ် အသင်းနည်းပြဆရာတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ကစား သမားတွေအနေနဲ့ ပြိုင်ပွဲဝင် အတွေ့အကြုံတွေ အားနည်း   ခဲ့တယ်လို့ သုံးသပ်ပြသွားခဲ့ပါတယ်။

အဆင့်ဆင့်ကြိုးစားမှုအရ တိုးတက်လာတဲ့ ဘောလုံး သမားနဲ့ အရှင်မွေးလို့ နေ့ချင်းကြီးလာတဲ့ ဘောလုံးသမား ခြားနားမှုများစွာရှိနေမှာတော့ သေချာပါတယ်။

ဒေသတွင်းက မီးခဲပြာဖုံး ကစားသမားလေးတွေ ထွက်ပေါ်လာဖို့အတွက် ပြည်နယ်နဲ့တိုင်းပြိုင်ပွဲတွေ ကျင်းပ ပေးဖို့ လိုအပ်နေခဲ့တာကြာပါပြီ။

စာရေးသူအနေနဲ့ အရင်အစိုးရလက်ထက်မှာ ယခင်လို ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲများ ကျင်းပပေးဖို့ရေးခဲ့ဖူးပါတယ်။   တစ်နေ့အားကစားဝန်ကြီးဌာနက ဒုချုပ်အဆင့်ရှိသူတစ် ယောက်က စာရေးသူဆီ ဖုန်းဆက်ပြီးရေးလိုက်တဲ့ ဆောင်း ပါးနဲ့ပတ်သက်လို့ ဒုဝန်ကြီးတစ်ယောက်က တွေ့ချင်တယ် လို့ပြောပါတယ်။

စာရေးသူကလည်း တွေ့ဖို့စောင့်နေပေမယ့် မတွေ့ ဖြစ်ခဲ့ပါဘူး။ မကြာသေးမီရက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းဒေသကြီးနဲ့ ပြည်နယ် ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပပေးမယ်လို့ ပြောကြား သွားတာကို ဝမ်းသာရင်း ဒီဆောင်းပါးလေးကို ရေးဖြစ် တာပါ။

ပြည်နယ်နဲ့တိုင်းဘောလုံးပြိုင်ပွဲများကို အထင်မသေး ပါနဲ့။ အာရှလက်ရွေးစင်ဘောလုံးသမားတွေကို အစပြု မွေးထုတ်ပေးခဲ့တဲ့ ပြိုင်ပွဲကြီးတစ်ရပ်ပါ။

Source : MMTIMES

Leave a comment

Your email address will not be published. Required fields are marked *