ေတာ့တင္ဟမ္ကိုဝင္ဘာေလမွာ၃ဂိုး၁ဂိုးနဲ႔႐ွံဳးနိမ့္ခဲ့ကာ၉ႏွစ္အတြင္းခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာအဆုိးရြားဆံုး႐ွံဳးနိမ့္မႈကိုၾကံဳေတြ႔ခဲ့ရေပမယ့္လည္းရီးရဲယ္မက္ဒရစ္နည္းျပဇနက္ဒင္းဇိဒန္းက “ကြၽန္ေတာ္တို႔အက်ပ္အတည္းၾကံဳေတြ႔ေနရတာမဟုတ္ပါဘူး။ ကြၽန္ေတာ္ရာထူးကေနထုတ္ပယ္ခံရမွာကိုစိုးရိမ္ပူပန္မႈမ႐ွိပါဘူး။ ဘာေတြျဖစ္ျဖစ္ပါ။
ႏွစ္ပြဲဆက္တိုက္႐ွံဳးနိမ့္တာဟာကြၽန္ေတာ္တို႔အတြက္သိပ္မေကာင္းလွေပမယ့္ကြၽန္ေတာ္တို႔မွာသံုး ေလးရက္အနားယူဖို႔အခ်ိန္႐ွိပါတယ္။ ၿပီးရင္ေတာ့ေဘာလံုးရဲ႕သဘာဝအတိုင္းျပန္လည္ေ႐ွ႕ဆက္သြားမွာပါ။ ဒီေန႔ကြၽန္ေတာ္သံုးသပ္ခ်င္တာကေတာ့ကြၽန္ေတာ္တို႔ဟာပိုေကာင္းတဲ့အသင္းကို႐ွံဳးခဲ့တာပါ။
အသင္းသားအားလံုးေပ်ာ္ရႊင္ေနမွာမဟုတ္သလိုစိတ္ဓာတ္တက္ႂကြေနမွာလည္းမဟုတ္ပါဘူး။ ဆိုးရြားတဲ့ကာလျဖစ္ေပမယ့္ကြၽန္ေတာ္တို႔လက္ခံသြားရမွာပါ။ ေခါင္းကိုေတာ့ေမာ့ထားရပါမယ္။ ကြၽန္ေတာ္တို႔ဆိုးဆိုးရြားရြားမကစားခဲ့ပါဘူး။ အခြင့္အေရးေတြလည္းရ႐ွိခဲ့ပါတယ္။ ဂိုးေတြကိုေတာ့႐ွာမေတြ႔ခဲ့ပါဘူး။
ကြၽန္ေတာ္တို႔ဟာဂိုးေ႐ွ႕ေရာက္တဲ့အခါတိုင္းတည္ၿငိမ္မႈေပ်ာက္ဆံုးခဲ့ပါတယ္။ တစ္ခါတစ္ရံမွာအခြင့္အေရး၂ခါရရင္၂ဂိုးရတက္ေပမယ့္ဒီေန႔မွာေတာ့အခြင့္အေရးေတြရၿပီးဂိုးမရခဲ့ပါဘူး။ ကြၽန္ေတာ္တို႔႐ွံဳးခဲ့ပါတယ္။ ဒါေပမယ့္ေဘာလံုးရာသီတစ္ခုဟာအ႐ွည္ႀကီးပါ။
ၿပိဳင္ဘက္ကိုလည္းဂုဏ္ျပဳလိုပါတယ္။ ကြၽန္ေတာ္တို႔ျပန္လည္တုန္႔ျပန္သြားမွာပါ။ ကြၽန္ေတာ္တို႔အားလံုးဒီရလဒ္အတြက္စိတ္ပ်က္ခဲ့ရပါတယ္။ ျဖစ္ႏိုင္တာကေတာ့ကြၽန္ေတာ္တို႔ဟာပံုမွန္ေျခစြမ္းေအာက္ကိုေရာက္ေနတာပါ။ ဒါဟာေဘာလံုးမွာျဖစ္တက္ပါတယ္။ လက္႐ွိအခ်ိန္ကေတာ့အက်ပိုင္းမွာ႐ွိေနပါတယ္။” လို႔ေျပာသြားပါတယ္။
ရီးရဲယ်မက်ဒရစ်ဟာအကျပ်အတည်းကြားမှာရောက်ရှိနေတာမဟုတ်ဘူးလို့စပါးကိုရှုံးနိမ့်ခဲ့ပြီးနောက်ပြန်လည်တုန့်ပြန်လိုက်တဲ့ဇိဒန်း
======================================
တော့တင်ဟမ်ကိုဝင်ဘာလေမှာ၃ဂိုး၁ဂိုးနဲ့ရှုံးနိမ့်ခဲ့ကာ၉နှစ်အတွင်းချန်ပီယံလိဂ်ပြိုင်ပွဲမှာအဆိုးရွားဆုံးရှုံးနိမ့်မှုကိုကြုံတွေ့ခဲ့ရပေမယ့်လည်းရီးရဲယ်မက်ဒရစ်နည်းပြဇနက်ဒင်းဇိဒန်းက “ကျွန်တော်တို့အကျပ်အတည်းကြုံတွေ့နေရတာမဟုတ်ပါဘူး။ ကျွန်တော်ရာထူးကနေထုတ်ပယ်ခံရမှာကိုစိုးရိမ်ပူပန်မှုမရှိပါဘူး။ ဘာတွေဖြစ်ဖြစ်ပါ။
နှစ်ပွဲဆက်တိုက်ရှုံးနိမ့်တာဟာကျွန်တော်တို့အတွက်သိပ်မကောင်းလှပေမယ့်ကျွန်တော်တို့မှာသုံး လေးရက်အနားယူဖို့အချိန်ရှိပါတယ်။ ပြီးရင်တော့ဘောလုံးရဲ့သဘာဝအတိုင်းပြန်လည်ရှေ့ဆက်သွားမှာပါ။ ဒီနေ့ကျွန်တော်သုံးသပ်ချင်တာကတော့ကျွန်တော်တို့ဟာပိုကောင်းတဲ့အသင်းကိုရှုံးခဲ့တာပါ။
အသင်းသားအားလုံးပျော်ရွှင်နေမှာမဟုတ်သလိုစိတ်ဓာတ်တက်ကြွနေမှာလည်းမဟုတ်ပါဘူး။ ဆိုးရွားတဲ့ကာလဖြစ်ပေမယ့်ကျွန်တော်တို့လက်ခံသွားရမှာပါ။ ခေါင်းကိုတော့မော့ထားရပါမယ်။ ကျွန်တော်တို့ဆိုးဆိုးရွားရွားမကစားခဲ့ပါဘူး။ အခွင့်အရေးတွေလည်းရရှိခဲ့ပါတယ်။ ဂိုးတွေကိုတော့ရှာမတွေ့ခဲ့ပါဘူး။
ကျွန်တော်တို့ဟာဂိုးရှေ့ရောက်တဲ့အခါတိုင်းတည်ငြိမ်မှုပျောက်ဆုံးခဲ့ပါတယ်။ တစ်ခါတစ်ရံမှာအခွင့်အရေး၂ခါရရင်၂ဂိုးရတက်ပေမယ့်ဒီနေ့မှာတော့အခွင့်အရေးတွေရပြီးဂိုးမရခဲ့ပါဘူး။ ကျွန်တော်တို့ရှုံးခဲ့ပါတယ်။ ဒါပေမယ့်ဘောလုံးရာသီတစ်ခုဟာအရှည်ကြီးပါ။
ပြိုင်ဘက်ကိုလည်းဂုဏ်ပြုလိုပါတယ်။ ကျွန်တော်တို့ပြန်လည်တုန့်ပြန်သွားမှာပါ။ ကျွန်တော်တို့အားလုံးဒီရလဒ်အတွက်စိတ်ပျက်ခဲ့ရပါတယ်။ ဖြစ်နိုင်တာကတော့ကျွန်တော်တို့ဟာပုံမှန်ခြေစွမ်းအောက်ကိုရောက်နေတာပါ။ ဒါဟာဘောလုံးမှာဖြစ်တက်ပါတယ်။ လက်ရှိအချိန်ကတော့အကျပိုင်းမှာရှိနေပါတယ်။” လို့ပြောသွားပါတယ်။
Source: Sport Myanmar