ချဲလ်ဆီးကိုအကောင်းဆုံးပုံစံနဲ့အနိုင်ယူခဲ့လို့ဝမ်းမြောက်နေတဲ့ရိုးမားနည်းပြဒီဖရန်စစ်ကို
=================================
ချဲလ်ဆီးကိုသုံးဂိုးပြတ်နဲ့အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပြီးနောက်ရိုးမားနည်းပြဒီဖရန်စစ်ကိုက “ကျွန်တော်တို့ဒီအနိုင်ရလဒ်နဲ့ထိုက်တန်မှုရှိပါတယ်။ ပရိတ်သတ်တွေအတွက်လည်းဒီလိုကြီးကြယ်တဲ့ရလဒ်နဲ့ထိုက်တန်မှုရှိပြီးဒါတိုက်ဆိုင်တာမဟုတ်ပါဘူး။ ကျွန်တော်ဒီနေ့အသင်းကိုဒီပြိုင်ပွဲရောက်အောင်ကူညီပေးခဲ့တဲ့ကစားသမားအများစုကိုကစားစေခဲ့ပါတယ်။
ကျွန်တော်တို့ကိုယ်ပိုင်ယုံကြည်မှုရရှိခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုတည်ဆောက်ဖို့အတွက်အများကြီးတိုက်ပွဲဝင်ရအုံးမှာဖြစ်ပေမယ့် ဒီလိုခံယူချက် စုပေါင်းအားထုတ်မှုနဲ့သာဆိုရင်ဘယ်အသင်းကိုမဆိုရင်ဆိုင်နိုင်တယ်ဆိုတာသက်သေပြခဲ့ပါတယ်။
ကျွန်တော်တို့ဟာအသင်းကောင်းတစ်သင်းနဲ့ရင်ဆိုင်ရတာပါ။ ဒါပေမယ့်ကျွန်တော်တို့ရဲ့ကွင်းလယ်တိုက်စစ်ကစားသမားတွေ တောင်ပံကစားသမားတွေဟာသူတို့ကိုအန္တရာယ်ပေးနိုင်တယ်ဆိုတာကိုကောင်းကောင်းယုံကြည်ခဲ့ပါတယ်။ အထူးသဖြင့်ဒုတိယပိုင်းမှာဒီလိုလုပ်နိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ပထမပိုင်းမှာအရမ်းကောင်းတဲ့ချဲလ်ဆီးအသင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် တတိယဂိုးရရှိကာပွဲကိုအဆုံးမသတ်မီသူတို့ကိုဒီထက်ပိုတက်မလာနိုင်အောင်ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။” လို့ပြောသွားပါတယ်။
Source : Sports Myanmar
Leave a comment
Your email address will not be published. Required fields are marked *