ကော်တင်ဟိုထက် ဂရစ်ဇ်မန်းကို မက်ဆီ ပိုမိုအလိုရှိဟု ကော်တင်ဟိုထက် ဂရစ်ဇ်မန်းကို မက်ဆီ ပိုမိုအလိုရှိဟု မီဒီယာများ ဖော်ပြ

ဘာစီလိုနာအသင်း၏ အသင်း ခေါင်းဆောင် မက်ဆီသည် လီဗာပူးလ် အသင်း၏ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုထက် အက်သလက်တီကိုမက်ဒရစ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းအား အသင်းအတွက် ပိုမိုအလိုရှိနေသည်ဟု စပိန်မီဒီ ယာများက ဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းသည် နေမာ အား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးကတည်းက ကော်တင်ဟိုအားခေါ်ယူရန် ကြိုး စားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ လည်း ကြိုးစားနေဆဲဖြစ်သည်။

သို့ရာတွင် မက်ဆီကမူ ဂရစ်ဇ်မန်းကို ခေါ်ယူ ပေးရန်အသင်းကို တိုက်တွန်းပြောဆို မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အက်သ လက်တီကိုအသင်းက ရောင်းထုတ် လိုခြင်းမရှိသဖြင့် ဘာစီလိုနာအသင်း သည် လက်လျှော့ခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်းသည် ကစားသမားခေါ်ယူခွင့်အပိတ်ပင်ခံထားရသောကြောင့် ဂရစ်ဇ်မန်းနေရာတွင်  အစားထိုးနိုင်ရန်အခွင့်အရေးမရှိသ ဖြင့် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်မူ ဒီယေဂိုကော်စ တာအား ခေါ်ယူထားပြီး ဇန်န၀ါရီတွင် စတင်ကစားနိုင်မည်ဖြစ်သဖြင့် ဆုံး ဖြတ်ချက်ပြောင်းဖွယ်ရှိနေသည်။

 

Source : Eleven Sport

Leave a comment

Your email address will not be published. Required fields are marked *