တော့တင်ဟမ်ဟော့စပါး အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ထဲမှာ ခံယူချက်အားနည်းနေတယ်လို့ ဂျေမီရက်နက် ဝေဖန်ပြောဆို

 

တော့တင်ဟမ်ဟော့စပါး အသင်းအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ကစားသမား တစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ ခံယူချက်ပြင်းပြင်း ထားရှိဖို့ လိုအပ်တယ်လို့ ကစားသမားဟောင်း ဂျေမီရက်နက် က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ် ။

စပါးအသင်းဟာ အဓိက တိုက်စစ်မှုး ဟယ်ရီကိန်း မပါဝင်ဘဲ ယူနိုက်တက် ကို ရင်ဆိုင်ကစားခဲ့ရပြီး အဝေးကွင်း မှာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ် ။ စပါးအသင်းဟာ ပိုချက်တီနို ကိုင်တွယ်စဉ်ကာလအတွင်း အမှတ်ပေးချန်ပီယံဆု ပြိုင်ဘက် အသင်းကြီးတွေရဲ့ ကွင်းတွေကို သွားရောက် ယှဉ်ပြိုင်မှု ရလဒ် ဆိုးရွားခဲ့တာကို ဂျေမီရက်နက် က ထောက်ပြပြောဆိုပြီး စပါး ကစားသမားတွေရဲ့ ခံယူချက်ပိုင်းကို ပိုမို တိုးတက်ဖို့ တိုက်တွန်းသွားခဲ့ပါတယ် ။

“စပါး ကစားသမားတွေက ယူနိုက်တက် နဲ့ ပွဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းနေကြပါတယ် ။ သူတို့တွေ က ယူနိုက်တက် နောက်တန်းတွေပဲ ကျန်တော့တဲ့ အနေအထားကို ရောက်သွားပေမယ့် ရှေ့ဆက် မသွားတော့ ပဲ ကိုယ့်အသင်းလုံခြုံဖို့ကို အဓိက ဦးစားပေးသွားခဲ့ပါတယ် ။ သူတို့ အခုချိန်အထိ အမှတ်ပေးဖလားကို ရယူနိုင် လောက်တဲ့ ယုံကြည်ချက် နဲ့ ခံယူချက်တွေ မရှိသေးဘူးလို့ ကျွန်တော်ထင်မိပါတယ် ။ ဒီလိုပွဲမျိုးတွေကို သူတို့တွေ အနိုင် မကစားနိုင်သရွေ့ပေါ့” လို့ ဂျေမီရက်နက် က ပြောဆိုသွားခဲ့ပါတယ် ။

ပိုချက်တီနို ဟာ အဓိကပြိုင်ဘက် တွေရဲ့ ကွင်းတွေကို သွားရောက်ယှဉ်ပြိုင်မှု ရလဒ်ပိုင်း ဆိုးရွားခဲ့ပြီး ၁၆ ကြိမ် အနက် ၁ ကြိမ်သာအနိုင် ရရှိခဲ့ပါတယ် ။

ပိုချက်တီနို ၏ အဓိက ပြိုင်ဘက် အသင်းများ၏ အဝေးကွင်းရလဒ်များ –
ပွဲ – ၁၆
နိုင် – ၁
သရေ – ၆
ရှုံး – ၉
သွင်းဂိုး – ၁၄
ပေးဂိုး – ၂၉
ရမှတ် – ၉ မှတ် ( စုစုပေါင်း ၄၈ မှတ် အနက် )

Leave a comment

Your email address will not be published. Required fields are marked *