“ချဲလ်ဆီးကနေ ထွက်လာခဲ့တာဟာ ကျွန်တော့အတွက် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ပါပဲ ။ ကျွန်တော်က အပတ်တိုင်းပွဲကစားနေရရင် ပျော်ရွှင်ပြီး တိုးတက်လာနိုင်တဲ့ လူငယ်ကစားသမားမျိုးပါ ။ ချဲလ်ဆီးအသင်းမှာ တုန်းကလည်း အခွင့်အရေးတွေ ရလာချိန်မှာ ပျော်ရွှင်ခဲ့ရပါတယ် ။ ကွင်းထဲကိုဝင်ရချိန်တွေမှာ အကောင်းဆုံး ပေးဆပ်ကစားခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကစားရမယ်လို့ ချဲလ်ဆီးမှာ အာမခံချက်မရှိခဲ့ပါဘူး”
“တကယ်လို့ ချဲလ်ဆီး စီနီယာအသင်းမှာသာ အပတ်တိုင်း ကစားရမယ်ဆိုရင် ကျွန်တော် ပျော်ပျော်ကြီးဆက်နေ ဖြစ်မှာပါ ။ ဒါပေမယ့် ဘောလုံးလောကမှာတော့ ဆုံးဖြတ်ချက်တွေ ရှိပါတယ် ။ ဒါတွေကို လက်ခံရမှာပါ ။ ဒါကြောင့် ကျွန်တော် လိုင်ယွန် ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဒီအတွက် ပျော်ရွှင်ခဲ့ရပါတယ်”
“အင်္ဂလန်ကို ပြန်ရောက်လာပြီး အဲဗာတန် နဲ့ ကစားရတာ တကယ်ကောင်းတဲ့ ခံစားချက်ပါ ။ ဂူဒီဆင်ပါ့ခ် မှာ အနိုင်ရခဲ့လို့လည်း အရမ်းဝမ်းသာမိပါတယ် ။ အဲဗာတန် ကို အနိုင်ရခဲ့တာက တကယ်ကောင်းတဲ့ အောင်မြင် မှု တစ်ခုပါ”
“ဥရောပပြိုင်ပွဲတွေ ကစားရတာကို ကျွန်တော် အရမ်းသဘောကျပါတယ် ။ မနှစ်တုန်းက ယူရိုပါလိဂ် ဖိုင်နယ် မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ယှဉ်ပြိုင် ကစားခဲ့ရတာက တကယ့် အိပ်မက်လိုပါပဲ ( ထိုစဉ် က အိုင်ယက်စ် အသင်းနှင့် ) ။ ဥရောပ ပြိုင်ပွဲတွေ ဘယ်လောက်ကြီးကျယ်ခမ်းနားတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ခံစားခဲ့ ရပါတယ် ။ ဒါတွေကပဲ ကျွန်တော့ကို ပွဲတွေ အများကြီး ကစားလာစေချင်ခဲ့တာပါ”
Source : Sports Myanmar