မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပလိဂ် ဘောလုံးပွဲစဉ်များ

 

■ PSG နှင့် နိုက်စ်(၂၈-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ယူရိုပါလိဂ်ပြိုင်ပွဲတစ်ဖက်နဲ့ နိုက်စ်ဟာ အရင်လိုအား ကောင်းမောင်းသန်မရှိတော့ဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက PSG ကိုနှစ်ကျော့စလုံး မရှုံးအောင်ကစားနိုင်ခဲ့ပေမယ့် ဒီရာသီနိုက်စ်ဟာ PSG ဆီက တစ်မှတ်လုယူနိုင်ဖို့တောင် မလွယ်ကူပါဘူး။ နေမာမပါပေမယ့် PSG တိုက်စစ်မှာအစားထိုးစရာအရံသင့်ကစားသမားတွေရှိနေလို့ အနိုင်သေချာပါတယ်။

■ မိန့်ဇ် နှင့် ဖရန့်ဖတ် (၂၈-၁၀-၂၀၁၇ နံနက် ၁း၀၀ နာရီ)
ဖရန့်ဖတ်အသင်းက ဒီရာသီအဝေးကွင်း(၅)ပွဲမှာ ရှုံးပွဲ (၁)ပွဲသာရှိပြီး (၃)ပွဲနိုင်၊ (၁)ပွဲသရေကစားခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်း ခြေစွမ်းပြန်ကောင်းလာတဲ့ မိန့်ဇ်အနိမ့်ဆုံးသရေကစားမယ်။

■ လိဒ်စ် နှင့် ရှက်ဖီးယူနိုက်တက် (၂၈-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
လိဒ်စ် နိုင်ပွဲပြန်ရှာတွေ့ခဲ့ပေမယ့် ရှက်ဖီးယူနိုက်တက်က ပိုပြီးခြေမှန်နေတဲ့အသင်းဖြစ်နေတယ်။ လိဒ်စ်ခံစစ်ကလည်း အိမ်ကွင်းမှာတောင် အမှားများလာတယ်။ အဝေးကွင်းဆိုပေမယ့် ရှက်ဖီးယူနိုက်တက် အနိမ့်ဆုံးသရေပါ။

Source : ELEVEN SPORTS

Leave a comment

Your email address will not be published. Required fields are marked *