ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၉ခြေစစ်ပွဲ အုပ်စု (ဆ)ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က ဖနောင်ပင် ဟိုတယ်၌ကျင်းပခဲ့ရာ မြန်မာယူ-၁၉ နည်းပြ ဦးချစ်နိုင်က နောက်ဆုံးဗိုလ်လုပွဲအထိ ရည်မှန်း ပြင်ဆင်ထားသည်ဟု ပွဲကြိုစကားပြောဆိုခဲ့သည်။
ရည်ရွယ်ထား
မြန်မာယူ–၁၉အသင်းသည် အုပ်စု (ဆ)၌ အိမ်ရှင် ကမေ္ဘာဒီးယား၊ တရုတ်၊ ဖိလစ်ပိုင် အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိပြီး အုပ်စုပထမ ၁ဝ သင်းနှင့် အကောင်းဆုံးဒုတိယ ငါးသင်းတို့ ခြေစစ်ပွဲအောင်မည်ဖြစ်၍ အုပ်စု ပထမနေရာအတွက် တရုတ်အသင်းနှင့်အဓိက ထားယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ ”အာရှခြေစစ် ပွဲအတွက် တစ်လခွဲကျော် ပြင်ဆင်လေ့ကျင့်ခဲ့ ပါတယ်။ ကျွန်တော်တို့ရဲ့ပြင်ဆင်မှုက ခြေစစ်ပွဲ သုံးပွဲအတွက်ပဲမဟုတ်ပါဘူး။ ဗိုလ်လုပွဲစဉ်တွေ အထိပါ ရည်ရွယ်ပါတယ်။ အုပ်စုတွင်းက အသင်းတွေဖြစ်တဲ့ တရုတ်၊ ကမေ္ဘာဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်အသင်းအားလုံး လူငယ်ကစား သမားတွေနဲ့စုဖွဲ့ထားကြလို့ အနာဂတ်မှာအလား အလာရှိတဲ့ အသင်းကောင်းတွေပဲဖြစ်ပါတယ်။ အုပ်စုတွင်းမှာတော့ အသင်းကြီးလည်းမရှိပါ ဘူး၊ အသင်းငယ်လည်း မရှိပါဘူး။ မြန်မာက တော့ ပြိုင်ဘက်တိုင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမှာပါ” ဟု ဦးချစ်နိုင်က ပြောဆို ခဲ့သည်။
ရှုံးနိမ့်ထား
မြန်မာအသင်းသည် အာရှယူ-၁၉ခြေစစ်ပွဲ အတွက် ပြင်ဆင်သည့်အနေဖြင့် ဂျပန်နိုင်ငံ၌ ခြေစမ်းပွဲသုံးပွဲကစားခဲ့ပြီး ရဂိုး တစ်ဂိုးမှ ရရှိ ထားခြင်းမရှိဘဲ သုံးပွဲစလုံးရှုံးနိမ့်ထားခဲ့သည်။ မြန်မာယူ-၁၉အသင်းသည် ပွဲဦးထွက်ခြေစမ်း ပွဲအဖြစ် ဟာနန်းတက္ကသိုလ်အသင်းနှင့်ခြေစမ်း ခဲ့ရာ ငါးဂိုး ဂိုးမရှိ၊ ဂမ်ဘာအိုဆာကာအသင်း ကို နှစ်ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ခြေစမ်းပွဲတွင် ဟာနန်းတက္ကသိုလ်အသင်းကို ငါးဂိုး ဂိုးမရှိဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းမှာ အဖွင့်ပွဲအဖြစ် အောက်တို ဘာ၂၄ရက် (ယနေ့)မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း၊ အောက်တိုဘာ ၂၆ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ၌ ကမေ္ဘာဒီးယားအသင်းနှင့်လည်း ကောင်း၊ အောက်တိုဘာ ၂၈ရက် ညနေ ၄ နာရီတွင် တရုတ်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းယှဉ် ပြိုင်မည့်ပွဲစဉ်များကို စကိုင်းနက်ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
source : MMTimes