====================================================
ယမန်နေ့ညက ပေးအပ်ချီးမြှင့်ခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲအခမ်းအနားမှာတော့ ရီးရဲမက်ဒရစ် နဲ့ ပေါ်တူဂီ အသင်းတို့ရဲ့ တိုက်စစ်မှုး ခရစ္စတီယာနို ရိုနယ်လ်ဒို ဟာ စကာတင် ဘောလုံးသမား ၃၀ အနက် မဲအများဆုံး ရရှိခဲ့ပြီး ဆုကို ဆွတ်ခူးသွားခဲ့ပါတယ် ။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့က အီဖယ်တာဝါကြီးအောက် မှာပြုလုပ်ခဲ့တဲ့ အဆိုပါဆုပေးပွဲဟာ ပြင်သစ်နိုင်ငံရဲ့ အကျော်ကြားဆုံး အားကစားမဂ္ဂဇင်းဖြစ်တဲ့ L’Equipe က ကြီးမှူးကျင်းပတာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားကို ပေးအပ်တဲ့ ဆုအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ ဆုဖြစ်ပါတယ် ။
ရိုနယ်လ်ဒို ဟာ ယခုအကြိမ်အပါအ၀င် ရွှေဘောလုံးဆုကို ၅ ကြိမ် ရယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ် ။ ရိုနယ်လ်ဒို ဟာ ၂၀၀၈ ခုနှစ် မှာ ပထမဆုံး ရွှေဘောလုံးဆိုကို ရယူနိုင်ခဲ့ပြီး ၂၀၁၃ ၊ ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်တွေမှာလည်း ဆက်လက် ရယူနိုင်ခဲ့ကာ ယခုနှစ် ရွှေဘောလုံးကတော့ ရိုနယ်လ်ဒို အတွက် ၅ ကြိမ်မြောက်ဖြစ်ခဲ့ပါတယ် ။
ဒါကြောင့် ရိုနယ်လ်ဒို ဟာ ရွှေဘောလုံးဆုပေးပွဲသမိုင်းမှာ ဆုအများဆုံးရရှိသူအဖြစ် ဘာစီလိုနာ နဲ့ အာဂျင်တီးနား တိုက်စစ်မှုး မက်ဆီ နဲ့ ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ် ။ မက်ဆီ နဲ့ ရိုနယ်လ်ဒို တို့ဟာ ရွှေဘောလုံးစင်မြင့်ကို ကြီးစိုးထားခဲ့ပြီး နောက်ဆုံး ၁၀ ကြိမ် မှာ ၅ ကြိမ်စီ ဆွတ်ခူး ရရှိထားခဲ့ကြပါတယ် ။
2008 ခရစ္စတီယာနိုရော်နယ်ဒို
2009 လီယွန်နယ်မက်ဆီ
2010 လီယွန်နယ်မက်ဆီ
2011 လီယွန်နယ်မက်ဆီ
2012 လီယွန်နယ်မက်ဆီ
2013 ခရစ္စတီယာနိုရော်နယ်ဒို
2014 ခရစ္စတီယာနိုရော်နယ်ဒို
2015 လီယွန်နယ်မက်ဆီ
2016 ခရစ္စတီယာနိုရော်နယ်ဒို
2017 – ခရစ္စတီယာနို ရော်နယ်ဒို စသည်ဖြင့် ရယူထားခဲ့ကြတာပဲဖြစ်ပါတယ် ။
“ကျွန်တော် ဒီဆုကို ရလို့ ပျော်ရွှင်ပါတယ် ။ ဒါဟာ ကျွန်တော့ဘ၀အတွက် တကယ်ကို ကြီးကျယ် ခမ်းနားတဲ့ အခိုက်အတန့်တစ်ခုပါ ။ ဒီဆုဟာ ကျွန်တော် နှစ်တိုင်း ရယူကိုင်မြောက်လိုတဲ့ ဆုတစ်ခုပါပဲ” လို့ ၂၀၁၇ ခုနှစ် ရဲ့ ရွှေဘောလုံးဆုရှင် ရိုနယ်လ်ဒို က ဆုကို လက်ခံရယူအပြီးမှာ ပြောဆိုသွားခဲ့ပါတယ် ။
ရိုနယ်လ်ဒို ဟာ ၂၀၁၇ ခုနှစ်အတွင်း အောင်မြင်မှုတွေ စိုက်ထူနိုင်ခဲ့တာကြောင့် ယခုဆုကို ရရှိဖို့ ထိပ်ဆုံးက ရေပန်းစားနေသူဖြစ်ပါတယ် ။ ဆုပေးပွဲမပြုလုပ်မီ ယမန်နေ့ကတည်းက ရိုနယ်လ်ဒို အတွက် သီးသန့်ထုတ်လုပ် ထားတဲ့ ရွှေဘောကန်ဖိနပ်ရဲ့ ပုံဟာ အွန်ုလိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ် ။
ရိုနယ်လ်ဒို ကို တစ်ဘ၀စာ စပွန်ဆာပေးထားတဲ့ အားကစားပစ္စည်း ကုမ္ပဏီ Nike က ထုတ်လုပ်ပေးခဲ့တဲ့ အဆိုပါ ဖိနပ် မှာ ရိုနယ်လ်ဒို ရွှေဘောလုံးဆု ရရှိခဲ့တဲ့ ၂၀၀၈ ၊ ၂၀၁၃ ၊ ၂၀၁၄ ၊ ၂၀၁၆ ခုနှစ်တွေအပြင် ၂၀၁၇ ခုနှစ်ကိုပါ ထည့်သွင်းဖော်ပြထားပြီး ဖိနပ် ရဲ့ အမည်ကတော့ “Quinto Triumfo” – Fifth Triumph ဖြစ် ပါတယ် ။
ရိုနယ်လ်ဒို ဟာ ၂၀၁၇ ခုနှစ် အတွင်း ရီးရဲမက်ဒရစ် အသင်းနဲ့ ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားခဲ့ရာမှာ ၄၉ ဂိုးအထိသွင်းယူ နိုင်ခဲ့ပြီး အသင်းဖော်တွေအတွက် ၁၃ ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ရိုနယ်လ်ဒို ဟာ ၂၀၁၇ အတွင်း လာလီဂါ အမှတ်ပေးချန်ပီယံဆု ၊ ဥရောပ ချန်ပီယံလိဂ် ဖလား ၊ စပိန် စူပါဖလား ၊ ဥရောပ စူပါဖလား တွေကို ယူကိုင် မြောက်နိုင်ခဲ့ပါတယ် ။
ဒါ့အပြင် တစ်ဦးချင်းဆုတံဆိပ်တွေ အနေနဲ့ UEFA ရဲ့ တနှစ်တာအကောင်းဆုံး ကစားသမားဆုကို နဲ့ ဖီဖာ တို့ရဲ့ The Best Player of the Year ဆုတွေကိုလည်း ဆွတ်ခူး ရရှိပြီးဖြစ်ပါတယ် ။
စကာတင် ကစားသမား ၃၀ ရဲ့ မဲ ရလဒ် အလိုက်အဆင့်တွေကိုလည်း ထုတ်ပြန်သွားခဲ့ပြီး ရီးရဲမက်ဒရစ် ကစားသမားတွေက ထိပ်ပိုင်းအဆင့်တွေမှာ နေရာယူထားခဲ့ကြပါတယ် ။
ပရီးမီးယားလိဂ် အနေနဲ့ကတော့ ချဲလ်ဆီးကွင်းလယ်လူ ကန်တီ နဲ့ စပါးတိုက်စစ်မှုး ဟယ်ရီကိန်း တို့ ထိပ်ဆုံး ဆယ်ဦးစာရင်းထဲ ပါဝင်နိုင်ခဲ့ကြပါတယ် ။
၂၀၁၇ ခုနှစ်အတွက် ရွှေဘောလုံးဆု မဲရရှိမှုအလိုက် ဘောလုံးသမားများ၏ အဆင့်များ –
၁ ။ ရိုနယ်လ်ဒို ( ရီးရဲမက်ဒရစ် )
၂ ။ မက်ဆီ ( ဘာစီလိုနာ )
၃ ။ နေမာ ( PSG )
၎ ။ ဘူဖွန် ( ဂျုဗင်တပ် )
၅ ။ မိုဒရစ် ( ရီးရဲမက်ဒ၇စ် )
၆ ။ ရာမိုစ့် ( ရီးရဲမက်ဒရစ် )
၇ ။ အမ္ဘတ္ပီ ( PSG )
၈ ။ ကန္တီ ( ခ်ဲလ္ဆီး )
၉ ။ လီဝန်ဒေါ့စကီး ( ဘိုင်ယန်မြုးနစ် )
၁၀ ။ ဟယ်ရီကိန်း ( စပါး )
၁၁ ။ အီဒီဆင် ကာဗာနီ ( PSG )
၁၂ ။ အစ္စကို ( ရီးရဲမက်ဒရစ် )
၁၃ ။ လူးဝစ်ဆွာရက် ( ဘာစီလိုနာ )
၁၄ ။ ကီဗင် ဒီဘရိုင်း ( မန်စီးတီး )
၁၅ ။ ဒိုင်ဘားလား ( ဂျုဗင်တပ် )
၁၆ ။ မာဆယ်လို ( ရီး၇ဲမက်ဒရစ် )
၁၇ ။ တိုနီကရူးစ် ( ရီးရဲမက်ဒရစ် )
၁၈ ။ ဂရစ်ဇ်မန်း ( အသက်လက်တီကိုမက်ဒရစ် )
၁၉ ။ ဟာဇက် ( ချဲလ်ဆီး )
၂၀ ။ ဒီဂီယာ ( မန်ချက်စတာ ယူနိုက်တက် )
၂၁ ။ ဘိုနူချီ ( အေစီမီလန် )
၂၁ ။ အော့ဘာမီးယန်း ( ဒေါ့မွန် )
၂၃ ။ မာနေး ( လီဗာပူး )
၂၄ ။ ဖယ်ကာအို ( မိုနာကို )
၂၅ ။ ဘန်ဇီးမား ( ရီးရဲမက်ဒရစ် )
၂၆ ။ အိုဘလက် ( အသက်လက်တီကိုမက်ဒရစ် )
၂၇ ။ ဟမ်းမဲလ် ( ဘိုင်ယန်မြုးနစ် )
၂၈ ။ ဒီဇစ်ကို ( ရိုးမား )
၂၉ ။ ဒရိုင်းမာတင် ( နာပိုလီ )
၂၉ ။ ကော်တင်ဟို ( လီဗာပူး ) တို့ဖြစ်ကြပါတယ် ။
Source : Sports Myanmar