ဂျူဗင်တပ်အသင်းတည်ငြိမ်မှုပျောက်ဆုံးခဲ့တယ်လို့ဆမ့်ဒိုးရီးယားကိုရှုံးပြီးနောက်ဝန်ခံလိုက်တဲ့အယ်လီဂရီ
======================================
မနေ့ညကဆမ့်ဒိုးရီးယားကို၃ဂိုး၂ဂိုးနဲ့ရှုံးခဲ့ပြီးနောက်ဂျူဗင်တပ်နည်းပြအယ်လီဂရီက “၁ဂိုးဂိုးမရှိနဲ့ရှုံးနေချိန်မှာကျွန်တော်တို့စိတ်ရှည်ရှည်ထားခဲ့သင့်ပြီးထက်မြက်မှုမပျောက်ဆုံးသင့်ပါဘူး။ ကစားဖို့မိနစ်၄၀ကျော်တောင်ကျန်နေသေးပြီးအပြောင်းအလဲတွေဖြစ်နိုင်ဖို့အချိန်တွေအများကြီးပါ။
ချေပဂိူးရနိုင်တဲ့အခြေအနေကနေ၂ဂိုးပြတ်အခြေအနေနဲ့လိုက်ကစားခဲ့ရပါတယ်။ ဒါဟာဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါပေမယ့်ပြိုင်ဘက်ကိုတန်ပြန်တိုက်စစ်ဆင်ဖို့ဖွင့်ကစားဖို့မလိုခဲ့ပါဘူး။ ဒါဟာစိတ်ပျက်စရာပါ။
ဒါဟာမျှော်လင့်မထားတဲ့ခြေချော်မှုဖြစ်ပြီးကျွန်တော်တို့တကယ်ကိုတည်ငြိမ်မှုပျောက်ဆုံးခဲ့ပါတယ်။ အရာအားလုံးလုပ်သလိုမဖြစ်ပေမယ့်လည်းကျွန်တော်တို့စိတ်ရှည်ရှည်ထားရပါမယ်။ ဒါဟာရှည်လျားတဲ့ရာသီတစ်ခုဖြစ်ပြီးတည်တည်ငြိမ်ငြိမ်ရှိနေရပါမယ်။” လို့ပြောသွားပါတယ်။
Source : Sports Myanmar