====================================
ခ်ဲလ္ဆီးတိုက္စစ္မႈးေဟာင္းကာတန္ကိုးက “မိုရာတာဟာဒီေယဂုိေကာ္စတာနဲ႔အမ်ားႀကီးျခားနားပါတယ္။ ေကာ္စတာဟာကြင္းထဲမွာျပသနာ႐ွာတက္သူပါ။ သူဟာၿပိဳင္ဘက္ကိုဒုကၡေပးမယ့္သူဆုိတာၾကည့္လိုက္တာနဲ႔သိပါတယ္။ ပညာသားပါပါလူခ်တာတို႔ ေနာက္ခံလူေတြနဲ႔ေခါင္းခ်င္းဆုိင္ၿပီးရန္ေတြ႔တာတို႔လုပ္ဖို႔အလို႐ွိသူပါ။
မိုရာတာမ်က္လံုးကိုၾကည့္လိုက္မယ္ဆုိရင္ဆံုးျဖတ္ခ်က္ျပတ္သားမႈကိုျမင္ႏိုင္ပါတယ္။ ကင္မရာထဲမွာသူ႔႐ုပ္ေပၚလာၿပီဆုိရင္ဒီလူဟာအေကာင္းဆံုးလုပ္ေဆာင္ခ်င္တဲ့သူဆုိတာနားလည္ပါတယ္။ သူဘာလဲဆုိတာလူေတြကိုျပသလိုၿပီးပြဲတစ္ပြဲအေပၚဘာေတြလုပ္ေပးႏိုင္သလဲဆုိတာလုပ္ဖို႔ပဲအာရံု႐ွိေနပါတယ္။
သူ႔ရဲ႕အရည္အေသြးေတြနဲ႔ပက္သက္ၿပီးကြၽန္ေတာ္အံ့ျသမိပါတယ္။ ဟယ္ရီကိန္းလည္းတူတူပါပဲ။ ဂိုးသြင္းထူးခြၽန္တဲ့ကစားသမားေတြပါ။ ေကာ္စတာဟာအသင္းရဲ႕ကစားပံုကိုပ်က္စီးေစၿပီး မုိရာတာကေတာ့သူလုပ္သင့္တဲ့အရာကိုလုပ္ေဆာင္ပါတယ္။ ဒါဟာသူကစားသမားေကာင္းဆုိတဲ့အမွတ္အသားပါ။ ခ်ဲလ္ဆီးဟာသူ႔ကိုေခၚယူဖို႔အတြက္မ်ားစြာေထာက္လွမ္းခဲ့ၿပီးေငြေၾကးမ်ားစြာအသံုးျပဳခဲ့တာပါ။” လို႔ေျပာသြားပါတယ္။
မိုရာတာဟာဒီယေဂိုကော်စတာလိုလူမျိုးထက်ဟယ်ရီကိန်းနဲ့ပိုတူပါတယ် – ကာတန်ကိုး
====================================
ချဲလ်ဆီးတိုက်စစ်မှုးဟောင်းကာတန်ကိုးက “မိုရာတာဟာဒီယေဂိုကော်စတာနဲ့အများကြီးခြားနားပါတယ်။ ကော်စတာဟာကွင်းထဲမှာပြသနာရှာတက်သူပါ။ သူဟာပြိုင်ဘက်ကိုဒုက္ခပေးမယ့်သူဆိုတာကြည့်လိုက်တာနဲ့သိပါတယ်။ ပညာသားပါပါလူချတာတို့ နောက်ခံလူတွေနဲ့ခေါင်းချင်းဆိုင်ပြီးရန်တွေ့တာတို့လုပ်ဖို့အလိုရှိသူပါ။
မိုရာတာမျက်လုံးကိုကြည့်လိုက်မယ်ဆိုရင်ဆုံးဖြတ်ချက်ပြတ်သားမှုကိုမြင်နိုင်ပါတယ်။ ကင်မရာထဲမှာသူ့ရုပ်ပေါ်လာပြီဆိုရင်ဒီလူဟာအကောင်းဆုံးလုပ်ဆောင်ချင်တဲ့သူဆိုတာနားလည်ပါတယ်။ သူဘာလဲဆိုတာလူတွေကိုပြသလိုပြီးပွဲတစ်ပွဲအပေါ်ဘာတွေလုပ်ပေးနိုင်သလဲဆိုတာလုပ်ဖို့ပဲအာရုံရှိနေပါတယ်။
သူ့ရဲ့အရည်အသွေးတွေနဲ့ပက်သက်ပြီးကျွန်တော်အံ့သြမိပါတယ်။ ဟယ်ရီကိန်းလည်းတူတူပါပဲ။ ဂိုးသွင်းထူးချွန်တဲ့ကစားသမားတွေပါ။ ကော်စတာဟာအသင်းရဲ့ကစားပုံကိုပျက်စီးစေပြီး မိုရာတာကတော့သူလုပ်သင့်တဲ့အရာကိုလုပ်ဆောင်ပါတယ်။ ဒါဟာသူကစားသမားကောင်းဆိုတဲ့အမှတ်အသားပါ။ ချဲလ်ဆီးဟာသူ့ကိုခေါ်ယူဖို့အတွက်များစွာထောက်လှမ်းခဲ့ပြီးငွေကြေးများစွာအသုံးပြုခဲ့တာပါ။” လို့ပြောသွားပါတယ်။
Source : Sports Myanmar