မာတစ်ကိုရောင်းချခဲ့တဲ့ချဲလ်ဆီးအသင်းရဲ့ဆုံးဖြတ်ချက်ကိုနားလည်တယ်လို့ပြောလိုက်တဲ့ကော်တွိုက်စ်
===============================
ချဲလ်ဆီးဂိုးသမားသီဗျူ့ကော်တွိုက်စ်က “မာတစ်ဘယ်လောက်အရည်အသွေးရှိလဲဆိုတာကျွန်တော်သိပါတယ်။ သူဟာပြီးခဲ့တဲ့ရာသီကအသင်းကိုဟန်ချက်ညီအောင်လုပ်ဆောင်ပေးနိုင်ခဲ့သူပါ။ သူဟာအခြားအသင်းတစ်သင်းကိုပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့အတိတ်မှာပဲနေလို့မရပါဘူး။ သူအခုအသင်းကနေထွက်ခွာသွားပါပြီ။ ကျွန်တော်တို့အသင်းရဲ့ကစားသမားတွေကလည်းသန်မာပြီးကောင်းမွန်တဲ့သူတွေပါ။
အသင်းရဲ့အဓိကကွင်းလယ်လူနှစ်ဦးဒဏ်ရာရချိန်မှာတော့သူ့ကိုလွမ်းမိပါတယ်။ သူဟာယူနိုက်တက်မှာခြေစွမ်းပြနေသူဖြစ်ပြီးသူကိုရောင်းတာကတော့အသင်းရဲ့ဆုံးဖြတ်ချက်ပါ။ ဒီလိုဆုံးဖြတ်ချက်ကိုချခဲ့တဲ့သူတွေကိုတော့မေးခွန်းထုတ်သင့်ပါတယ်။ ဒီလိုကစားသမားမျိုးကိုဆုံးရှုံးရတာဟာအသင်းကိုခက်ခဲစေပါတယ်။
အကောင်းဆုံးပုံစံနဲ့မကစားနိုင်တဲ့ကစားသမားတွေကိုခင်ဗျားတို့စိတ်ပျက်နိုင်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ကစားသမားကောင်းတစ်ဦးကိုအသင်းကြီးတစ်သင်းဆီကိုပေးခဲ့ရတာပါ။ ဒါဟာဘောလုံးလောကရဲ့ရွေးချယ်မှုတွေပါပဲ။ မာတစ်ဟာအရည်အသွေးမြင့်ကစားသမားတစ်ဦးဖြစ်ပေမယ့်လာမည့်တနင်္ဂနွေနေ့မှာတော့ကျွန်တော်တို့ဟာပိုမိုကောင်းမွန်တယ်ဆိုတာပြသနိုင်ပါလိမ့်မယ်။” လို့ပြောသွားပါတယ်။
Source : Myanmar Sports