လီဗာပူးနည္းျပယာဂန္ကေလာ့ကမေန႔ညကမာရီေဘာကို၃ဂိုးျပတ္နဲ႔အႏိုင္ရ႐ွိခဲ့တဲ့ပြဲမွာကြင္းလယ္လူဝင္နယ္ဒန္အေနနဲ႔ေျခက်င္းဝတ္ဒဏ္ရာရ႐ွိခဲ့ေၾကာင္းအတည္ျပဳလိုက္ပါတယ္။
ဝင္နယ္ဒန္ဟာပြဲကစားခ်ိန္၁၅မိနစ္မွာပဲဒဏ္ရာရခဲ့တာေၾကာင့္အသင္းေခါင္းေဆာင္ဟန္ဒါဆင္နဲ႔လူစားလဲခဲ့ရပါတယ္။
ယာဂန္ကေလာ့က “ဝင္နယ္ဒန္ရဲ႕ဒဏ္ရာအေျခအေနအတိအက်ကိုကြၽန္ေတာ့္ကိုဘယ္သူမွလာမေျပာေသးပါဘူး။ ပထမပိုင္းၿပီးခ်ိန္မွာကြၽန္ေတာ္သူ႔ကိုအေျခအေနသြားေမးခဲ့ပါတယ္။ သူ႔ေျခက်င္းဝတ္ဟာေရာင္ကိုင္းေနပါတယ္။ ဒါဟာေကာင္းမြန္တဲ့လကၡဏာေတာ့မဟုတ္ပါဘူး။
သူ႔ျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရတာကိုကြၽန္ေတာ္ေတြ႔ခဲ့ရပါတယ္။ အရမ္းႀကီးျပင္းထန္မယ္လို႔ေတာ့ကြၽန္ေတာ္မထင္ခဲ့ပါဘူး။ အခုကေတာ့ေရာင္ေနတဲ့အေျခအေနပါ။ သူ႔ေျခက်င္းဝတ္လၫ္သြားသလားဆုိေတာ့ကြၽန္ေတာ္လည္းမသိပါဘူး။ ေသခ်ာတာကေတာ့သူ႔ရဲ႕ဒဏ္ရာအေျခအေနအတိအက်ကိုစကန္ဖတ္စစ္ေဆးရမွာျဖစ္ပါတယ္။” လို႔ေျပာသြားပါတယ္။
ဝင်နယ်ဒန်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တယ်လို့်အတည်ပြုလိုက်တဲ့ယာဂန်ကလော့
======================================
လီဗာပူးနည်းပြယာဂန်ကလော့ကမနေ့ညကမာရီဘောကို၃ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာကွင်းလယ်လူဝင်နယ်ဒန်အနေနဲ့ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုလိုက်ပါတယ်။
ဝင်နယ်ဒန်ဟာပွဲကစားချိန်၁၅မိနစ်မှာပဲဒဏ်ရာရခဲ့တာကြောင့်အသင်းခေါင်းဆောင်ဟန်ဒါဆင်နဲ့လူစားလဲခဲ့ရပါတယ်။
ယာဂန်ကလော့က “ဝင်နယ်ဒန်ရဲ့ဒဏ်ရာအခြေအနေအတိအကျကိုကျွန်တော့်ကိုဘယ်သူမှလာမပြောသေးပါဘူး။ ပထမပိုင်းပြီးချိန်မှာကျွန်တော်သူ့ကိုအခြေအနေသွားမေးခဲ့ပါတယ်။ သူ့ခြေကျင်းဝတ်ဟာရောင်ကိုင်းနေပါတယ်။ ဒါဟာကောင်းမွန်တဲ့လက္ခဏာတော့မဟုတ်ပါဘူး။
သူ့ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာကိုကျွန်တော်တွေ့ခဲ့ရပါတယ်။ အရမ်းကြီးပြင်းထန်မယ်လို့တော့ကျွန်တော်မထင်ခဲ့ပါဘူး။ အခုကတော့ရောင်နေတဲ့အခြေအနေပါ။ သူ့ခြေကျင်းဝတ်လည်သွားသလားဆိုတော့ကျွန်တော်လည်းမသိပါဘူး။ သေချာတာကတော့သူ့ရဲ့ဒဏ်ရာအခြေအနေအတိအကျကိုစကန်ဖတ်စစ်ဆေးရမှာဖြစ်ပါတယ်။” လို့ပြောသွားပါတယ်။
Source : Sports Myanmar