မန်ချက်စတာယူနိုက်တက်နည်းပြဟိုဆေးမော်ရင်ညိုက “ကျွန်တော်အားပေးသူပရိတ်သတ်တွေကိုရှင်းပြစေချင်တာကတော့သူတို့လူကာကူကိုဘာလို့အများကြီးမထောက်ခံကြတာလဲ.?? ဘာလို့လဲဆိုတော့သူဟာအရာအားလုံးပေးဆပ်ခဲ့သူမိုလို့ပါ။
ကျွန်တော်အမြင်ကတော့ဂိုးသွင်းယူနိုင်တာနဲ့ဂိုးမသွင်းနိုင်တာဟာအရမ်းကိုကွာခြားသွားတယ်ဆိုရင်ဒါဟာမတရားဘူးထင်ပါတယ်။ မျှတမှုရှိတယ်လို့ကျွန်တော်မထင်ပါဘူး။ ဒါ့ကြောင့်ကျွန်တော်အနည်းငယ်စိတ်ပျက်ရပါတယ်။ လူကာကူကိုမဟုတ်ပါဘူး။ သူရဲ့ခြေစွမ်းနဲ့ပက်သက်ပြီးကျွန်တော်ကျေနပ်ပါတယ်။
တစ်ချို့လူတွေဟာစကားအရမ်းပြောလွန်းပါတယ်။ အေးအေးဆေးဆေးနဲ့စိတ်ငြိမ်ငြိမ်ထားပါ။” လို့ပြောသွားပါတယ်။