MNL အမှတ်ပေးချန်ပီယံဆုအား ပထမဦးဆုံးအကြိမ်အဖြစ် ရှမ်းယူနိုက်တက် ဆွတ်ခူးနိုင်ခဲ့

၂၀၁၇ ခုနှစ် MNL အမှတ်ပေးချန်ပီယံဆုအား လိဂ်သက်တမ်းတစ်လျှောက်ပထမဦးဆုံးအကြိမ်အဖြစ် ရှမ်းယူနိုက်တက်ကဆွတ်ခူးနိုင်ခဲ့သည်။

အောက်တိုဘာလ(၂၉)ရက်နေ့က ၂၀၁၇ MNL အမှတ်ပေးပြိုင်ပွဲ ၏လိဂ်နောက်ဆုံးပွဲစဉ်ဖြစ်သော ပွဲစဉ်(၂၂)တွင်ရှမ်းယူနိုက်တက်သည် ဟံသာဝတီအသင်းကို (၄-၀)ဂိုးဖြင့်အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းသည်၂၀၀၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော MNL ပြိုင်ပွဲ၌ အမှတ်ပေးချန်ပီယံဆုကို ပထမဦးဆုံးအကြိမ်ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်အသင်းသည် စုစုပေါင်းရမှတ် ၅၄မှတ်ရရှိခဲ့ပြီး လိဂ်ပွဲစဉ်(၂၂)ပွဲ ကစားကာ နိုင်ပွဲ(၁၇)ပွဲ၊(၃)ပွဲသရေ၊(၂)ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်ကို (၂)မှတ်ဖြတ်ကာ ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ရာသီတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းနှင့် အမှတ်ပေးချန်ပီယံဆုတို့ကို တစ်ပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့သော အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ပြည်တွင်းနည်းပြဖြင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့သော ဒုတိယမြောက်အသင်း ဖြစ်လာခဲ့သည်။

 

Source: Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *