ဒီအနိုင် ရလဒ်က ထိုက်တန်တဲ့ ရလဒ် တစ်ခုပါ 

 

“ဒီပွဲကို အနိုင် ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ် ။ ဒါက အသင်းကြီး ၂ သင်းကစားကြတဲ့ သရေကျသွား နိုင်လောက်တဲ့ အကျိတ်အနယ်ပွဲတစ်ပွဲပါ ။ အသင်း ၂ သင်းစလုံးက အနိုင်ရအောင် ကစားခဲ့ကြပေမယ့် ကိုယ့်ရဲ့ ပြိုင်ဘက်ကလည်း ခေသူမဟုတ်ဘူးဆိုတာကို သတိပြုမိကြပါတယ် ။ ဒါကြောင့် တိုက်စစ် ဆင် ကစားကြတိုင်း မှာ ဟာကွက်ဖြစ်မလာဖို့ကိုလည်း သေချာဂရုစိုက် ကစားသွားခဲ့ကြတာပါ”

“အယ်လီ ရဲ့ အခွင့်အရေးကလွဲရင် ပွဲကို အနိုင်ရလောက်တဲ့ အသင်းက ကျွန်တော့အသင်းလို့ ထင်မိပါတယ် ။ စပါးထက် ကျွန်တော်တို့ အခွင့်အရေးတွေပိုဖန်တီးနိုင်ခဲ့သလို သူတို့ကိုလည်း ကောင်းကောင်းထိန်းချုပ်ကစား နိုင်ခဲ့ပါတယ် ။ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အသင်းလိုက်ရော ကစားသမားတစ်ယောက်ချင်းပါ နည်းစနစ် ပိုင်း အားပြိုင်ခဲ့ရပါတယ်”

“ဒီပွဲရဲ့ ဒိုင်လူကြီးက တကယ်တော်တဲ့ သူပါ ။ ဒီလောက်ပြင်းပြင်းထန်ထန် ကစားပြီး အကျိတ်အနယ်ရှိလှတဲ့ ပွဲ ကို အ၀ါကဒ် တစ်ကဒ်တည်းနဲ့ ထိန်းသွားနိုင်ခဲ့တာပါ ။ ကစားသမားအားလုံးဟာ သူတို့ဘ၀ရဲ့ နောက်ဆုံး အခွင့်အရေးလိုမျိုး ခံယူပြီး ယှဉ်ပြိုင်သွားခဲ့ကြတာပါ”

“တိုက်စစ်ပိုင်းမှာ လန်းဆန်းတဲ့ ကစားသမားသစ်တွေကို ၂ ဖက် စလုံးအစားထိုးကစားခဲ့ကြပါတယ် ။ ပိုချက်တီနို ကလည်း ဆစ်ဆိုခို နဲ့ ဆွန် တို့ကိုထုတ်ပြီး လော်ရန်တေး နဲ့ ဒမ်ဘီလီ တို့ကိုထည့် ကစားသွားခဲ့ပါတယ် ။ ကျွန်တော့ ဘက်မှာလည်း တူတူပါပဲ ။ ဒီပွဲဟာ ခံစစ်အမှားတစ်ချက် က နေ အနိုင် အရှုံးကို ဆုံးဖြတ်သွား နိုင်တဲ့ ပွဲဖြစ်ပြီး ကံကောင်းချင်တော့ ဒီ အမှားကို စပါးတို့လုပ်မိခဲ့တာပါပဲ ။ ဒါပေမယ့် ဒီ အမှားက ကျွန်တော်တို့ တိုက်စစ် ပိုင်းကို ပိုဖိအားပေးလိုက်တာနဲ့လည်း သက်ဆိုင်မယ်လို့ထင်ပါတယ် ။ အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုအားထည့်ပြီး ဖိကစားခဲ့ကြပါတယ် ။ ပွဲအစ ၁၅ မိနစ်လောက်မှာ ကျွန်တော်တို့ စပါးထက် သာလွန်ခဲ့ပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပွဲက မျှခြေကို ပြန်ရောက်သွားခဲ့ပါတယ် ။ ရက်ဖိုဒ့် ရဲ့ အရွေ့တွေက သူတို့အတွက် ပြဿနာတွေဖြစ်စေခဲ့ပါတယ် ။ အဲ့နောက်မှာတော့ ကျွန်တော် မာရှယ် ကို ထည့်ပြီး မောပန်းနေတဲ့ သူတို့နောက်တန်းတွေကို ဖိအားပေးစေခဲ့ပါတယ် ။ မာရှယ် က ဘောလုံးနဲ့ အတူ ပြေးလွှားနိုင်တဲ့သူပါ ။ ကျွန်တော်တို့တွေ အနိုင်ရနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့ကြပြီး ဒီရလဒ်နဲ့ ထိုက်တန်ခဲ့တယ် လို့ ထင်မိပါတယ်”
#ဟိုဆေးမော်ရင်ဟို ( မန်ချက်စတာ ယူနိုက်တက် နည်းပြ )

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *