ဂီ​ရော့ကိုမ​ခေါ်ယူနိုင်​ခဲ့တာဟာအဲ​ဗာတန်​နည်းပြရာထူးကိုစွန့်​လွှတ်​ခဲ့ရတဲ့အဓိဖြစ်​သွားတယ်​လို့​ပြောလိုက်​တဲ့​ရော်​နယ်​ကိုးမန်း


အဲ​ဗာတန်​နည်းပြ​ဟောင်း​ရော်​နယ်​ကိုးမန်းကပြီးခဲ့တဲ့​နွေရာသီကမန်​ယူကိုထွက်​ခွာသွားခဲ့တဲ့လူကာကူရဲ့​နေရာမှာအာဆင်​နယ်​တိုက်​စစ်​မှုးအိုလီ​ဗာဂီ​ရော့ကိုမ​ခေါ်ယူနိုင်​ခဲ့တာဟာ၎င်းနည်းပြရာထူးမှထုတ်​ပယ်​ခံခဲ့ရတဲ့အဓိကအ​ကြောင်းရင်းလို့​ပြောလိုက်​ပါတယ်​။

ရော်​နယ်​ကိုးမန်းက “ဂီ​ရော့အဲ​ဗာတန်​ကို​ရောက်​ဖို့အလွန်​ကိုနီးစပ်​ခဲ့ပါတယ်​။ သူဟာကျွန်​​တော့်​ရဲ့နည်းစနစ်​နဲ့​ကောအသင်းနဲ့မှာလုံးဝအံဝင်​မယ့်​သူပါ။ ဒါ​ပေမယ့်​​နောက်​ဆုံးအချိန်​​ရောက်​မှသူလန်​ဒန်​မှာအာဆင်​နယ်​မှာသာဆက်​ရှိဖို့ဆုံးဖြတ်​ခဲ့ပါတယ်​။

ဒါဟာခံစားရခက်​ခဲပါတယ်​။ ပိုမို​ကောင်းမွန်​တဲ့တိုက်​စစ်​မှုး​ဘယ်​ကရနိုင်​မလဲလို့ခင်​​ဗျားတို့​မေးနိုင်​ပါတယ်​။ လူကာကူဟာကျွန်​​တော်​တို့အတွက်​အ​ရေးကြီးလှပါတယ်​။ ဒါဟာသွင်းဂိုး​တွေနဲ့ပဲမဟုတ်​ပါဘူး။ သူရဲ့တိုက်​စစ်​မှုးတစ်ဦးအ​နေနဲ့ပြီးပြည့်​စုံတဲ့ကစားပုံ​ကြောင့်​ပါ။ အသင်းကစားပုံမ​ကောင်းချိန်​မှာဆိုရင်​သူ့ဆီကိုအမြင့်​​ဘော​တွေတိုက်​ရိုက်​​ပေးပို့ပြီးကစားခိုင်းလို့ရပါတယ်​။

ရုတ်​တရက်​​ပြောင်းသွားခဲ့တဲ့ဂီ​ရော့ရဲ့ဆုံးဖြတ်​ချက်​​ကြောင့်​ကျွန်​​တော်​တို့ဒီလိုကစားသမားမျိုးကိုလက်​လွှတ်​ခဲ့ရပါတယ်​။ ရွန်းနီနဲ့​​ဗလာဆစ်​တို့ဟာ​ဘောလုံးကို​ခြေ​ထောက်​ထဲမှာထားကစားကြသူ​တွေပါ။

နောက်​တန်းက​နေစတင်​တဲ့အသင်းလိုက်​ကစားပုံပျက်​ယွင်းတဲ့အခါကျွန်​​တော်​တို့အ​နေနဲ့အမြင့်​​ဘောကစားဖို့​ရွေးချယ်​စရာမရှိပါဘူး။ ဒါဟာပြသနာဆိုတာ​ကောင်း​ကောင်းသိ​ပါတယ်​။” လို့​ပြောသွားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *