ရန်ကုန်အသင်းကိုအနိုင်ယူကာ  ရှမ်းယူနိုက်တက်  ဗိုလ်ချုပ်အောင်ဆန်းဒိုင်း  ပထမဆုံးဆွတ်ခူး နေရှင်နယ်လိဂ်ချန်ပီယံဖြစ်ရန်လည်း  ဆက်လက်ကြိုးစားမည်ဟု  ရှမ်းအသင်းနည်းပြ  ကြုံးဝါး

၂ဝ၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲ ကို အောက်တိုဘာ၂၅ ရက် ညနေ ၃ နာရီ က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်က နှစ်ဂိုး တစ်ဂိုးဖြင့် ရန်ကုန် ယူနိုက်တက်ကို အနိုင်ယူပြီး ဒိုင်းဆုကြီးကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

အားနည်းမှုများရှိ

ရှမ်းယူနိုက်တက်မှာ တိုက်စစ်၌ ဒွေးကိုကို ချစ်နှင့် ခရစ္စတိုဖာတို့ကို တွဲဖက်ကစားစေပြီး အဓိက ကစားသမားအစုံအလင်ဖြင့် ရန်ကုန် အသင်းအား ရင်ဆိုင်ခဲ့သည်။ ရန်ကုန်ယူနိုက် တက် ပွဲထွက်စာရင်း၌ အဓိကနောက်ခံလူ ဇော်မင်းထွန်း မပါဝင်သည်မှလွဲ၍ လူစုံပါဝင် ခဲ့သည်။ ရှမ်းယူနိုက်တက်အတွက် ဦးဆောင် ဂိုးကို ပွဲချိန် ၄၅ မိနစ်တွင် ခရစ္စတိုဖာ ခေါင်းတိုက်ရာမှ ပြန်ကျလာသည်ကို မက်စီမန် က ပိတ်သွင်းယူခဲ့သည်။ ဒုတိယပိုင်း၌ ရှမ်းယူ နိုက်တက်က ဦးဆောင်ဂိုးထပ်မံသွင်းယူနိုင် ခဲ့သည်။

အရှုံးပေးခဲ့ရ

ရန်ကုန်ယူနိုက်တက်အတွက် ချေပဂိုးကို ပွဲချိန် မိနစ် ၆ဝ တွင် ကျော်ကိုကို ဖန်တီးပေးမှု ကတစ်ဆင့် ဆီဆာက သွင်းယူပေးခဲ့သည်။ ရန်ကုန်ယူနိုက်တက်သည် လက်ကျန်ပွဲချိန်များ တွင် ချေပဂိုးရရန် တိုက်စစ်ဆင်နိုင်ခဲ့သော် လည်း မာကျောသည့် ရှမ်းနောက်တန်းကို မကျော်နိုင်ခဲ့ဘဲ ပွဲအပြီး၌ နှစ်ဂိုး တစ်ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။

ကြိုးစားသွားမည်

”ဒီနေ့နိုင်ပွဲက လွယ်လွယ်ကူကူနဲ့ရခဲ့တာ တော့မဟုတ်ပါဘူး။ ရန်ကုန်အသင်းက တကယ့် ကိုကောင်းတဲ့အသင်းပါ။ ကျွန်တော့် ကစား သမားတွေကွင်းထဲမှာ သူတို့ကျရာတာဝန်တွေ ကို ကျေပွန်အောင်လုပ်နိုင်ခဲ့လို့ အခုလို အနိုင် ရခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖလားနှစ်ခုစလုံးရရှိဖို့က လက်တစ်ကမ်း အကွာကို ရောက်နေပါပြီ။ လိဂ်နောက်ဆုံးပွဲမှာ ရင်ဆိုင်ရမယ့် ဟံသာဝတီအသင်းနဲ့ပွဲကိုလည်း အခုလို စုစည်းညီညွတ်မှုမျိုးနဲ့ အနိုင်ယူပြီး ရည်မှန်းချက်ပြည့်အောင် ကြိုးစားသွားမှာပါ”ဟု ပွဲအပြီး၌ ရှမ်းယူနိုက်တက်နည်းပြ ဦးစိုး မြတ်မင်းကပြောဆိုခဲ့သည်။

Source :  MM TIMES

Leave a comment

Your email address will not be published. Required fields are marked *