Source : Sports Myanmar
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တော့တင်ဟမ်ဟော့စပါး အသင်းနဲ့ ကစားမယ့် ပွဲအတွက် နောက်တန်း ကစားသမားတွေ ပြန်လည်ပါဝင်လာနိုင်ပြီး ကွင်းလယ်မှာတော့ အခက်အခဲ ရှိနေတယ်လို့ ကြားသိရပါတယ် ။
ယူနိုက်တက် နောက်ခံလူ ဂျုံးစ် နဲ့ ဘိုင်လီ တို့ဟာ စပါးအသင်းနဲ့ ပွဲမှာ ပြန်လည် ပါဝင်ဖို့ ရှိနေပြီး ကာရစ် ၊ ပေါ့ဘာ ၊ ဖယ်လေနီ တို့အပြင် အန်ဒါဟာရဲရား ဟာလည်း စပါးနဲ့ ပွဲအတွက် ပြောလို့ မရတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ် ။
ဒါ့အပြင် ယူနိုက်တက် တိုက်စစ်မှုးလေး ရက်ဖိုဒ့် ဟာလည်း ဆွမ်းဆိ ကို အနိုင် ရခဲ့တဲ့ ကာရာဘောင် ဖလားပွဲ မှာ လူစားလဲခဲ့ပြီး ပွဲပန်းမှုခဒဏ်ကို ခံနေရဟန်တူတယ်လို့ မန်ချက်စတာ ညနေခင်းသတင်းစာက ဖော်ပြသွားခဲ့ ပါတယ် ။
ကွင်းလယ်လူပေါ့ဘာကတော့ နိုဝင်ဘာ ၅ ရက်နေ့ မှာ ယှဉ်ပြိုင်မယ့် ချဲလ်ဆီး နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ပြန်လည် ပါဝင်လာနိုင်ဖို့ ရှိနေတယ်လို့ ကြားသိရပါတယ် ။
Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် ဟာ တန်ဖိုးအရှိဆုံးဘောလုံး အသင်း အမှတ်တံဆိပ် အဖြစ် ရပ်တည်နေခဲ့ပြီး အမှတ်တံဆိပ်တန်ဖိုး ပေါင် ၄၂၅ သန်းအထိ ရှိတယ်လို့ ဖော်ပြခဲ့ကာ ယမန်နှစ်ကတန်ဖိုးထက် ၁၂.၈% ပိုမိုတိုးတက်လာခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ် ။
ဆွမ်းဆိ အသင်းကို အနိုင် ရရှိခဲ့မှုဟာ နည်းပြ မော်ရင်ဟို အတွက် အင်္ဂလိပ် ဘောလုံးနည်းပြဘ၀ ပွဲ ၄၀၀ မြောက်နိုင်ပွဲဖြစ်ခဲ့ပါတယ် ။
ESPN သတင်းဌာနရဲ့ ဘောလုံးသုံးသပ်သူ စတိဗ် နီကိုးလ် က တော့ ယူနိုက်တက် နောက်ခံလူ လုခ်ရှော အနေဖြင့် အိုးထရက်ဖိုဒ့် ကို စွန့်ခွာသင့်ပြီလို့ ပြောဆိုသွားခဲ့ပါတယ် ။
ယူနိုက်တက် ဟာ ဗလင်စီယာ ကွင်းလယ်လူ ကားလိုစ့် ဆိုလာ ကို စောင့်ကြည့်နေပြီး ရာသီအကုန်မှာ ကမ်းလှမ်းဖို့ စိတ်ဝင်စားနေတယ်လို့ Guardian သတင်းစာကဖော်ပြသွားခဲ့ပါတယ် ။
ဒါ့အပြင် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန် အသင်းတိုက်စစ်မှုး အေဘယ်ရုဇ် ကို ယူနိုက်တက် ကင်းထောက်တွေ စောင့်ကြည့်နေခဲ့တယ်လို့လည်း သိရပါတယ် ။