ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်း၏ ရုပ်သံဝင်ငွေခွဲတမ်းပိုရရန်ကြိုးပမ်းမှု မအောင်မြင်

ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပြည်ပရုပ်သံထုတ်လွှင့်ခွင့် ၀င်ငွေခွဲတမ်း ပိုမိုရရှိရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရဘဲ ပျက်ပြယ်သွားပြီဖြစ်ကြောင်း သိရသည်။

အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်ယူ၊ မန်စီးတီး၊ စပါး စသည့် ထိပ်သီးခြောက်သင်းသည် အသစ်ထပ်မံချုပ်ဆိုမည့် နိုင်ငံတကာရုပ်သံထုတ်လွှင့်ခွင့် စာချုပ်၌ ၃၅ ရာခိုင်နှုန်းအား အမှတ်ပေးဇယား ရပ်တည်မှုအလိုက် ခွဲဝေပေးအပ်ရန်နှင့် ကျန် ၆၅ ရာခိုင်နှုန်းကိုသာ အညီအမျှ ခွဲဝေပေးရန် တောင်းဆိုလျက်ရှိသည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် လက်ရှိတွင် နိုင်ငံတကာ ရုပ်သံဝင်ငွေခွဲတမ်းကို ကလပ်အသင်း ၂၀ အား အညီအမျှ ခွဲဝေပေးအပ်လျက်ရှိရာ ထိပ်သီးခြောက်သင်းက ယင်းကဲ့သို့တောင်းဆိုသောကြောင့် ယခုလဆန်းပိုင်းကပြုလုပ်သည့် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

သို့သော် အပြီးသတ်သဘောတူညီမှုမရသဖြင့် နောက်တစ်ကြိမ်တွင် ထပ်မံဆွေးနွေးရန် ဆုံးဖြတ်ထားသော်လည်း အသင်းအများစုက အပြောင်းအလဲပြုလုပ်ရန် ဆန္ဒမရှိသဖြင့် ထပ်မံဆွေးနွေးမည်မဟုတ်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

Source : Eleven Sport

Leave a comment

Your email address will not be published. Required fields are marked *