အီဗရာဟီမိုဗစ်က နောက်ထပ် 5 နှစ်လောက်ထိ ကစားပေးဦးမှာပါ 

” မိုဗစ်က ဆင်ချေပေးတတ်တဲ့သူ မဟုတ်ပါဘူး။ လက်ရှိ ဒဏ်ရာကြောင့် နားနေရပေမယ့် စိတ်ပျက်ခြင်း မရှိသလို၊ အရင်ကထက်ပိုပြီး ကြံ့ခိုင်မှုအပြည့်နဲ့ ကစားပေးနိုင်ဖို့ ကြိုးစားနေတာပါ။ သူ ဒဏ်ရာရသွားတော့ ကျနော်ဖြင့် စိတ်မကောင်း ဖြစ်မိနေပေမယ့် သူကတော့ကတော့ ဘာတစ်ခွန်းမှကို မပြောခဲ့တာပါ။ သူ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်ကတောင် မိုဗစ်ကို လူမျိုး မတွေ့ဘူးဖူးလို့ ပြောတဲ့အထိပါပဲ။ ဒါကြောင့်မို့ သူဟာ နောက်ထပ် 5 နှစ်လောက်အထိ ကစားပေးနိုင်ပါတယ်။

ကျနော်ကလဲ သူ့ကို ကစားသမားဘဝက အနားယူခိုင်းမှာ မဟုတ်ပါဘူး။ ကျနော်ဆိုရင် သူ့အတွက် အလုပ်လုပ်ပေးနေခဲ့တာ နှစ်ချီပါပြီ။ ဒီတစ်ခါတော့ သူအလှည့်ပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်ကလေးတွေက ကြီးပြီမို့ ပိုက်ဆံလိုလာပြီလေ။ သူကလဲ နောက်ထပ် 5 နှစ်လောက်အထိ ကစားပေးဖို့ သဘောတူထားပါတယ်”

Leave a comment

Your email address will not be published. Required fields are marked *