မနေ့ညကမာရီဘောအသင်းကို၇ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့လီဗာပူးအသင်းဟာချန်ပီယံလိဂ်ပြိုင်ပွဲမှာအကြီးမားဆုံးအဝေးကွင်းနိုင်ပွဲရရှိတဲ့အင်္ဂလန်အသင်းအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာနှစ်ပွဲကစားတစ်မှတ်သာရရှိခဲ့တဲ့လီဗာပူးဟာမနေ့ညပွဲမှာတော့ ဆာလက် (၂ဂိုး) ဖာမီုနိ (၂ဂိုး) ကော်တင်ညို ချိန်ဘာလိန် အာနိုးတို့ရဲ့ဂိုးတွေနဲ့အဝေးကွင်းမှာ၇ဂိုးပြတ်နဲ့နိုင်ခဲ့ပြီိး လွန်ခဲ့တဲ့ ၁၉၆၉ခုနှစ်က လိုင်ယွန်ကို၆ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့လိဒ်ယူနိုက်တက်အသင်း ၁၉၅၇ခုနှစ်က ရှမ်ရော့ရိုဗာကို၆ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့မန်ယူအသင်းတို့ရဲ့စံချိန်တွေကိုချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင်အဆိုပါပွဲစဉ်မှာ ၁၉၉၃ခုနှစ်ကအာဆင်နယ်အသင်းစတန်းဒက်လိဒ်အသင်းကို၇ဂိုးပြတ်နဲ့နိုင်ခဲ့ပြီးနောက်ပိုင်းအင်္ဂလန်အသင်းရဲ့အကြီးမားဆုံးနိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။
လီဗာပူးရဲ့နိုင်ပွဲဟာချန်ပီယံလိဂ်သမိုင်းမှာတော့ ၂၀၁၀က MSK ဖလီနာကိုအဝေးကွင်းမှာ၇ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့မာဆေး ၂၀၁၄က BATE ဘိုရီဆော့ကိုအဝေးကွင်းမှာ၇ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ရှက်တာဒိုးနက်တို့ရဲ့အကြီးမားဆုံးအဝေးကွင်းစံချိန်ကိုလိုက်မှီသွားခဲ့ပါတယ်။
စပါးတပ်မော်စကိုဟာမနေ့ညကဆီဗီလာကို၅ဂိုး၁ဂိုးနဲ့နိုင်ခဲ့တာကြောင့်လီဗာပူးဟာအုပ်စု E ရဲ့ထိပ်ဆုံးနေရာကိုရောက်လာခဲ့ပါတယ်။
Source: Sports Myanmar.