ဘာစီလိုနာအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူထားသည့် ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီကို ဒဏ်ရာပြဿနာကြောင့် (၄)လခန့် ဆုံးရှုံးရမည်ဖြစ်ရာ အကောင်းဘက်မှ ကြည့်ပါက ယူရို(၁၀)သန်းခန့် သက်သာစေမည်ဖြစ်ကြောင်း စပိန်မီဒီယာများ က ဖော်ပြခဲ့ကြသည်။
ဘာစီလိုနာအသင်းသည် ကလပ်စံချိန်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထား သည့် ဒမ်ဘီလီကို ယခုရာသီတွင် ပွဲ(၅၀) ကစားခဲ့ရပါက ဒေါ့မွန်အသင်းအား ယူရို(၁၀)သန်း ထပ်ဆောင်းပေးအပ်မည်ဟု သဘောတူညီထားခဲ့ကြောင်း သိရှိရသည်။

ယခုအခါ ဒမ်ဘီ လီသည် (၄)လခန့်နားရမည်ဖြစ်၍ ယင်းပွဲအရေအတွက် ပြည့်တော့မည်မဟုတ်ပေ။